မိဖုရား(၁၄)ဦးအတြက္ Rolls-Royce ကား(၁၉)စီး ဝယ္ယူခဲ့တဲ့ ဆြာဇီလန္ဘုရင္


Zawgyiျဖင့္ဖတ္ရန္

ဆြာဇီလန္ႏုိင္ငံရဲ႕ သက္ဦးဆံပုိင္ဘုရင္ျဖစ္တဲ့ Mswati III ကေတာ့ အမ်ားျပည္သူ ဆင္းရဲက်ပ္တည္းေနခ်ိန္မွာ ေပါင္(၁၃)သန္းကို တစ္ထုိင္တည္းနဲ႔ သုံးခဲ့တယ္လုိ႔ သိရပါတယ္။ Mswati III ဟာ တန္ဖုိးႀကီး ဇိမ္ခံကားျဖစ္တဲ့ Rolls-Royce ကား (၁၄)စီးအထိ ဝယ္ယူခဲ့ၿပီး၊ သူရဲ႕ခ်စ္လွစြာေသာ မိဖုရား(၁၄)ဦးကို ေပးခဲ့တယ္လုိ႔ သိရပါတယ္။

သတင္းေတြအရေတာ့ သူဟာ သားေတာ္သမီးေတာ္ ေဆြေတာ္မ်ိဳးေတာ္ေတြအတြက္လည္း BMW ကား အစီး(၁၂၀)အထိ ႏုိင္ငံအတြင္း တင္သြင္းခဲ့ေၾကာင္း သိရပါတယ္။ ဒါဟာ ႏုိင္ငံသားေတြ အလြန္ဆင္းရဲဒုကၡေရာက္ေနခ်ိန္မွာ ဘုရင္က ထင္ရာစုိင္းၿပီး ျပည္သူ႕ဘ႑ာကုိ စိတ္ႀကိဳက္အသုံးျပဳေနတဲ့သေဘာမုိ႔၊ ဆဲတာနဲ႔ အတူတူျဖစ္ေၾကာင္း ေဝဖန္ေနၾကပါတယ္။

ဆြာဇီလန္ျပည္သူေတြဟာ ပ်မ္းမွ် လုပ္ခလစာ ေပါင္ (၁၁၀)ဝန္းက်င္သာ ရရွိၾကၿပီး၊ အခုလုိ ေငြကို အလွ်ံပယ္သုံးေနတာဟာ ျပည္သူကို အေလးမထား ငါနဲ႔ကိုင္တုတ္ေနတာနဲ႔ တူညီေၾကာင္း အတုိက္အခံသတင္းစာေတြက ေရသားၾကသလုိ၊ ႏုိင္ငံေရးအရ ၾသဇာတိကၠမရွိတဲ့သူေတြကလည္း ဘုရင္ Mswati III ရဲ႕လုပ္ရပ္ကို ျပင္းျပင္းထန္ထန္ ကန္႔ကြက္္ေနပါတယ္။

သူရဲ႕လုပ္ရပ္ေၾကာင့္ လမ္းေပၚမွာ ဆူပူမႈေတြ ျဖစ္လာႏုိင္တယ္လုိ႔ ကၽြမ္းက်င္သူေတြကလည္း သုံးသပ္ေနပါတယ္။ မ်က္ျမင္ေတြ႕လုိက္ရတဲ့ ေဒသခံေတြရဲ႕အဆုိအရ Mswati III ဟာ BUW ကား ဒါဇင္နဲ႔ခ်ီကို နယ္စပ္ကေန ျဖတ္ေက်ာ္ေဆာင္ယူခဲ့ေစေၾကာင္း သိရပါတယ္။

အတုိက္အခံ ႏုိင္ငံေရးေခါင္းေဆာင္ Wandile Dludlu ကေတာ့ ဘုရင္ဟာ သူေကာ၊ သူ႕မိသားစုကုိေကာ ဖ်က္လုိဖ်က္ဆီးလုပ္ေနတာျဖစ္ေၾကာင္း၊ ယခင္ကလည္း အႀကိမ္ႀကိမ္လုပ္ခဲ့သလုိ၊ အခုလည္း ဆက္လုပ္ေနတယ္လုိ႔ စြပ္စြဲခဲ့ပါတယ္။

Dludlu က “ ဆုိရရင္ ဒီကိစၥဟာ သူတုိ႔ တလြဲဆံပင္ေကာင္းေနတဲ့ကိစၥကို ဝ႐ုန္းသုန္းကား ေဖာ္ျပလုိက္တာပါဘဲ … ေနာက္ၿပီး အလြန္ဆင္းရဲတဲ့ျပည္သူေတြကို လုံးဝ လစ္လွ်ဴ႐ႈ ထင္ရာစုိင္းခဲ့တာျဖစ္ၿပီး … သူ႕ကိုယ္သူ ေသးသိမ္သြားေအာင္ လုပ္ရာေရာက္တယ္ ”လုိ႔ ေျပာခဲ့ပါတယ္။

Dludlu က ဆက္လက္ၿပီး “ ေျပာရရင္ေတာ့ ျပည္သူကို ဆဲတာနဲ႔ အတူတူပါဘဲ … သူဟာ ဥပေဒျဖစ္ၿပီး သူ႕ဥပေဒကို ႀကိဳက္သလုိ ခ်ိဴးေဖာက္လုိ႔ရတယ္ဆုိတာ ေျဗာင္က်က် သက္ေသျပလုိက္တာ … ”လုိ႔ ေျပာခဲ့ပါတယ္။ Forbes ရဲ႕အဆုိအရေတာ့ အသက္(၅၁)ႏွစ္အရြယ္ ဘုရင္ Mswati III မွာ ဇနီး(၁၄)ေယာက္နဲ႔အတူ ရထားတဲ့ ကေလး(၂၃)ေယာက္ ရွိတယ္လုိ႔ သိပါတယ္။

ေနာက္ၿပီး သူရဲ႕ ဘဏ္အေကာင့္ထဲမွာ ေပါင္သန္း(၁၈၀)ေလာက္ ရွိတယ္လုိ႔ သိရပါတယ္။ ကားေတြ အထပ္လုိက္ႀကီး သယ္လာတဲ့ ဓာတ္ပုံေတြကို လူသိထင္ရွားတဲ့ ဂ်ာနစ္လစ္ Mzilikazi wa Afrika က အမ်ားျပည္သူသိေအာင္ မွ်ေဝခဲ့ၿပီး၊ ဒီပုံေတြကုိ ျမင္ရေတာ့ ဆင္းရဲတဲ့ျပည္သူေတြကိုယ္စား စိတ္မေကာင္းဘူးလုိ႔ ေျပာပါတယ္။

Mzilikazi က “ Eswatini (ဆြာဇီလန္ႏုိင္ငံ၏ တရားဝင္နာမည္)ရဲ႕ စီးပြားေရးက စိန္ေခၚမႈေတြ ရင္ဆုိင္ေနရခ်ိန္မွာ … မေန႔တုန္းက ဘုရင္က သူရဲ႕ဇနီးေတြအတြက္ အလြန္တန္ဖုိးႀကီးတဲ့ အရာေတြကို ဝယ္ေပးခဲ့တယ္ … ဒါဟာ ဘုရင္အေနနဲ႔ သိပ္ရွက္စရာေကာင္းတဲ့ အလုပ္ေပါ့ … ”လုိ႔ ေျပာခဲ့ပါတယ္။

ဆြာဇီလန္ႏုိင္ငံရဲ႕ မူလနာမည္ကို တုိင္းျပည္ရဲ႕ အႏွစ္(၅၀)ေျမာက္လြတ္လပ္ေရးေန႔မွာ လက္ရွိဘုရင္ Mswati III က Eswatini လုိ႔ အမည္ေျပာင္းလဲခဲ့တာ ျဖစ္ပါတယ္။ ေဒသခံဘာသာစကားရဲ႕ အဓိပၸါယ္မွာေတာ့ Eswatini ဟာ “ဆြာဇီလူမ်ိဳးတုိ႔ရဲ႕ႏုိင္ငံ”လုိ႔ ဆုိပါတယ္။ အဲဒီလြတ္လပ္ေရးေန႔မွာ ဘုရင္ Mswati III က သူရဲ႕ (၅၀)ႏွစ္ေျမာက္ေမြးေန႕ကုိလည္း ဆင္ႏႊဲခဲ့ပါတယ္။

လင္းေဇာ္ကို

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

မိဖုရား(၁၄)ဦးအတွက် Rolls-Royce ကား(၁၉)စီး ဝယ်ယူခဲ့တဲ့ ဆွာဇီလန်ဘုရင်

ဆွာဇီလန်နိုင်ငံရဲ့ သက်ဦးဆံပိုင်ဘုရင်ဖြစ်တဲ့ Mswati III ကတော့ အများပြည်သူ ဆင်းရဲကျပ်တည်းနေချိန်မှာ ပေါင်(၁၃)သန်းကို တစ်ထိုင်တည်းနဲ့ သုံးခဲ့တယ်လို့ သိရပါတယ်။ Mswati III ဟာ တန်ဖိုးကြီး ဇိမ်ခံကားဖြစ်တဲ့ Rolls-Royce ကား (၁၄)စီးအထိ ဝယ်ယူခဲ့ပြီး၊ သူရဲ့ချစ်လှစွာသော မိဖုရား(၁၄)ဦးကို ပေးခဲ့တယ်လို့ သိရပါတယ်။

သတင်းတွေအရတော့ သူဟာ သားတော်သမီးတော် ဆွေတော်မျိုးတော်တွေအတွက်လည်း BMW ကား အစီး(၁၂၀)အထိ နိုင်ငံအတွင်း တင်သွင်းခဲ့ကြောင်း သိရပါတယ်။ ဒါဟာ နိုင်ငံသားတွေ အလွန်ဆင်းရဲဒုက္ခရောက်နေချိန်မှာ ဘုရင်က ထင်ရာစိုင်းပြီး ပြည်သူ့ဘဏ္ဍာကို စိတ်ကြိုက်အသုံးပြုနေတဲ့သဘောမို့၊ ဆဲတာနဲ့ အတူတူဖြစ်ကြောင်း ဝေဖန်နေကြပါတယ်။

ဆွာဇီလန်ပြည်သူတွေဟာ ပျမ်းမျှ လုပ်ခလစာ ပေါင် (၁၁၀)ဝန်းကျင်သာ ရရှိကြပြီး၊ အခုလို ငွေကို အလျှံပယ်သုံးနေတာဟာ ပြည်သူကို အလေးမထား ငါနဲ့ကိုင်တုတ်နေတာနဲ့ တူညီကြောင်း အတိုက်အခံသတင်းစာတွေက ရေသားကြသလို၊ နိုင်ငံရေးအရ သြဇာတိက္ကမရှိတဲ့သူတွေကလည်း ဘုရင် Mswati III ရဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေပါတယ်။

သူရဲ့လုပ်ရပ်ကြောင့် လမ်းပေါ်မှာ ဆူပူမှုတွေ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေကလည်း သုံးသပ်နေပါတယ်။ မျက်မြင်တွေ့လိုက်ရတဲ့ ဒေသခံတွေရဲ့အဆိုအရ Mswati III ဟာ BUW ကား ဒါဇင်နဲ့ချီကို နယ်စပ်ကနေ ဖြတ်ကျော်ဆောင်ယူခဲ့စေကြောင်း သိရပါတယ်။

အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် Wandile Dludlu ကတော့ ဘုရင်ဟာ သူကော၊ သူ့မိသားစုကိုကော ဖျက်လိုဖျက်ဆီးလုပ်နေတာဖြစ်ကြောင်း၊ ယခင်ကလည်း အကြိမ်ကြိမ်လုပ်ခဲ့သလို၊ အခုလည်း ဆက်လုပ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

Dludlu က “ ဆိုရရင် ဒီကိစ္စဟာ သူတို့ တလွဲဆံပင်ကောင်းနေတဲ့ကိစ္စကို ဝရုန်းသုန်းကား ဖော်ပြလိုက်တာပါဘဲ … နောက်ပြီး အလွန်ဆင်းရဲတဲ့ပြည်သူတွေကို လုံးဝ လစ်လျှူရှု ထင်ရာစိုင်းခဲ့တာဖြစ်ပြီး … သူ့ကိုယ်သူ သေးသိမ်သွားအောင် လုပ်ရာရောက်တယ် ”လို့ ပြောခဲ့ပါတယ်။

Dludlu က ဆက်လက်ပြီး “ ပြောရရင်တော့ ပြည်သူကို ဆဲတာနဲ့ အတူတူပါဘဲ … သူဟာ ဥပဒေဖြစ်ပြီး သူ့ဥပဒေကို ကြိုက်သလို ချိူးဖောက်လို့ရတယ်ဆိုတာ ဗြောင်ကျကျ သက်သေပြလိုက်တာ … ”လို့ ပြောခဲ့ပါတယ်။ Forbes ရဲ့အဆိုအရတော့ အသက်(၅၁)နှစ်အရွယ် ဘုရင် Mswati III မှာ ဇနီး(၁၄)ယောက်နဲ့အတူ ရထားတဲ့ ကလေး(၂၃)ယောက် ရှိတယ်လို့ သိပါတယ်။

နောက်ပြီး သူရဲ့ ဘဏ်အကောင့်ထဲမှာ ပေါင်သန်း(၁၈၀)လောက် ရှိတယ်လို့ သိရပါတယ်။ ကားတွေ အထပ်လိုက်ကြီး သယ်လာတဲ့ ဓာတ်ပုံတွေကို လူသိထင်ရှားတဲ့ ဂျာနစ်လစ် Mzilikazi wa Afrika က အများပြည်သူသိအောင် မျှဝေခဲ့ပြီး၊ ဒီပုံတွေကို မြင်ရတော့ ဆင်းရဲတဲ့ပြည်သူတွေကိုယ်စား စိတ်မကောင်းဘူးလို့ ပြောပါတယ်။

Mzilikazi က “ Eswatini (ဆွာဇီလန်နိုင်ငံ၏ တရားဝင်နာမည်)ရဲ့ စီးပွားရေးက စိန်ခေါ်မှုတွေ ရင်ဆိုင်နေရချိန်မှာ … မနေ့တုန်းက ဘုရင်က သူရဲ့ဇနီးတွေအတွက် အလွန်တန်ဖိုးကြီးတဲ့ အရာတွေကို ဝယ်ပေးခဲ့တယ် … ဒါဟာ ဘုရင်အနေနဲ့ သိပ်ရှက်စရာကောင်းတဲ့ အလုပ်ပေါ့ … ”လို့ ပြောခဲ့ပါတယ်။

ဆွာဇီလန်နိုင်ငံရဲ့ မူလနာမည်ကို တိုင်းပြည်ရဲ့ အနှစ်(၅၀)မြောက်လွတ်လပ်ရေးနေ့မှာ လက်ရှိဘုရင် Mswati III က Eswatini လို့ အမည်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ဒေသခံဘာသာစကားရဲ့ အဓိပ္ပါယ်မှာတော့ Eswatini ဟာ “ဆွာဇီလူမျိုးတို့ရဲ့နိုင်ငံ”လို့ ဆိုပါတယ်။ အဲဒီလွတ်လပ်ရေးနေ့မှာ ဘုရင် Mswati III က သူရဲ့ (၅၀)နှစ်မြောက်မွေးနေ့ကိုလည်း ဆင်နွှဲခဲ့ပါတယ်။

လင်းဇော်ကို

Credit:Shwemom
Previous
Next Post »
Powered by Blogger.