Zawgyiျဖင့္ဖတ္ရန္
ကိုယ့္ခ်စ္သူကို လက္ထပ္ခြင့္ေတာင္းဖုိ႔ဆိုတာ ျပင္သစ္က ပဲရစ္ေမွ်ာ္စင္တုိ႔၊ အရမ္းလွတဲ့ တိမ္ပင္လယ္ႀကီးတုိ႔၊ရႈခင္းေကာင္းေကာင္းေတြ မလုိအပ္ပါဘူးဆိုတာ ေတာင္အာဖရိကတုိက္က စုံတြဲတစ္တြဲက သက္ေသျပလုိက္ပါတယ္။
ေတာင္အာဖိရက ခ်စ္သူ စုံတြဲတစ္တြဲဟာ KFC ဆုိင္တစ္ဆုိင္ထဲမွာ လက္ထပ္ခြင့္ေတာင္းေနတဲ့ ပုံကုိ Anele ဆုိတဲ့ ဂ်ာနယ္လစ္တစ္ေယာက္က twitter ေပၚ တင္ရိွခဲ့ရတာက တေျဖးေျဖးနဲ႔ လူသိမ်ားလာတာပါ။ ဂ်ာနယ္လစ္ကေတာ့ ဒီလုိ KFC ဆုိင္ထဲမွာ လက္ထပ္ခြင့္ေတာင္းေနတာကို ေလွာင္ေျပာင္သလုိလုိ ႏွိမ္သလုိလို ေရးသားထားခဲ့ပါတယ္။ သူ(မ)ေရးထားတာကေတာ့ “ ေတာင္အာဖရိကသားေတြက ဗရမ္းဗတာေတြ၊ KFC လုိဆုိင္ထဲေတာင္မွ လက္ထပ္ခြင့္ေတာင္းၾကတာ။ အဆင့္အတန္းလုံးဝ မရိွဘူး”ျဖစ္ပါတယ္။
သူ(မ)ကေတာ့ KFC ဆုိင္ထဲမွာလက္ထပ္ခြင့္ေတာင္းေနတာကုိ ႏွိမ္ၿပီး ေရးသားထားခဲ့ေပမယ့္လုိ႔ တခဏအတြင္းမွာ အဆုိပါ သတင္းဟာ ေတာင္အာဖရိကတစ္ႏိုင္ငံလုံးပ်ံ႕ႏွံ႔သြားခဲ့ၿပီး လက္ထပ္ခြင့္ေတာင္းခံခဲ့တဲ့ ပူပူေႏြးေႏြး ခ်စ္သူႏွစ္ေယာက္ကုိ ကုမၸဏီအသီးသီးက စပြန္ဆာေပးဖုိ႔အထိ ကမ္းလွမ္းလာခဲ့ၾကပါတယ္။ ေငြေၾကးအခက္အခဲေၾကာင့္မုိ႔လုိ႔ KFC ဆုိင္မွာပဲ လက္ထပ္ခြင့္ေတာင္းခံခဲ့ရေပမယ့္ သူတုိ႔ႏွစ္ေယာက္ရဲ႕ ခ်စ္ေမတၱာကို ကူညီဖုိ႔အတြက္ အဆင္သင့္ျဖစ္ေနတဲ့ ကုမၸဏီေတြ၊ လူပုဂၢိဳလ္ေတြဟာ အသီးသီးထြက္လာခဲ့ပါတယ္။ #KFCProposal ဆိုတဲ့ ကန္ပိန္းတစ္ခုျဖစ္လာခဲ့ၿပီး ေလေၾကာင္းလိုင္းေတြ၊ ရုပ္ရွင္ရံုေတြ၊ မိတ္ကပ္ပညာရွင္ေတြ အသီးသီးက သူတုိ႔ႏွစ္ေယာက္ကို ဝမ္းသာအားရနဲ႔ ဖိတ္ေခၚခဲ့ၾကပါတယ္။
ေတာင္အာဖရိကေလေၾကာင္းလိုင္းက ဖိတ္ေခၚရာမွာ ဟန္းနီးမြန္းေပ်ာ္ပြဲစားအတြက္ သူတုိ႔ရိွေၾကာင္း၊ Cape Town ၿမိဳ႕ဆီကုိ အားလပ္ရက္ခရီးထြက္ႏိုင္ဖုိ႔ သူတုိ႔ပုိ႔ေဆာင္ေပးမည္ျဖစ္ေၾကာင္း ေရးသားထားပါတယ္။
ကိုကာကိုလာကုမၸဏီကလည္း သူတုိ႔မဂၤလာေဆာင္မွာ soft drinks မ်ား တုိက္ဖုိ႔အတြက္ သူတုိ႔တာဝန္ယူေၾကာင္း ေရးသားထားပါတယ္။
ဒါ့အျပင္ Data Storage နည္းပညာကုမၸဏီတစ္ခုျဖစ္တဲ့ rain ကုမၸဏီကေတာ့ တစ္ႏွစ္စာအတြက္ Unlimited Data ေတြကုိ အခမဲ့သိမ္းဆည္းႏိုင္ေၾကာင္းကိုလည္း ေရးသားထားသလုိ၊ လက္ဝတ္ရတနာကုမၸဏီေတြကလည္း သူတုိ႔ႏွစ္ေယာက္အတြက္ လက္စြပ္ႏွစ္ကြင္းကုိ ေထာက္ပံ့ေပးခဲ့ၾကပါတယ္။
ေတာင္အာဖရိကႏိုင္ငံက အဆိုေတာ္ေတြကလည္း သူတုိ႔ မဂၤလာေဆာင္မွာလာ အခမဲ့သီခ်င္းဆုိဖုိ႔ ကမ္းလွမ္းခ်က္မ်ားလည္း ရိွေနၿပီး မဂၤလာေဆာင္မွာ ဝတ္ဖုိ႔အတြက္ အက်ီ ၤဒီဇိုင္းနာေတြကလည္း အခမဲ့လုပ္ေဆာင္ေပးဖုိ႔ အသင့္ရိွေနၾကပါတယ္။
Audi ကုမၸဏီကလည္း ဟန္းနီးမြန္းအတြက္ သူတုိ႔ဆီက ကားတစ္စင္းကုိ အခ်ိန္မေရြးလာယူႏိုင္ေၾကာင္း ေရးသားထားပါတယ္။ Huawei ဖုန္းကုမၸဏီ၊ PUMA ကုမၸဏီ၊ မဂၤလာေဆာင္ကုိ Livestream ထုတ္လႊင့္ဖုိ႔အတြက္ကုမၸဏီ စတဲ့ ကုမၸဏီေပါင္းမ်ားစြာက သူတုိ႔ႏွစ္ေယာက္အတြက္ စပြန္ဆာေပးဖုိ႔ ကမ္းလွမ္းခ်က္မ်ားလည္း ေပးထားခဲ့ပါတယ္။
KFC ဆုိင္အတြင္းမွာ မွာ လက္ထပ္ခြင့္ေတာင္းခဲ့တဲ့ သူတုိ႔ႏွစ္ေယာက္ရဲ႕ ပုံရိပ္ေတြဟာ ေတာင္အာဖရိကတစ္ႏိုင္ငံလုံးကုိ ပ်ံ႕ႏွံ႕ခဲ့ၿပီး အခုအခ်ိန္အထိ သူတုိ႔ႏွစ္ေယာက္ကုိ ေထာက္ပံ့ေပးမယ့္ လူေတြ၊ ကုမၸဏီေတြရဲ႕ စာရင္းေတြက တရိပ္ရိပ္တက္ေနဆဲျဖစ္ပါတယ္။
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
KFC မှာ လက်ထပ်ခွင့်တောင်းခဲ့ရာမှ တစ်နိုင်ငံလုံးက စပွန်ဆာပေးခြင်းခံလိုက်ရတဲ့ လင်မယား
ကိုယ့်ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ဆိုတာ ပြင်သစ်က ပဲရစ်မျှော်စင်တို့၊ အရမ်းလှတဲ့ တိမ်ပင်လယ်ကြီးတို့၊ရှုခင်းကောင်းကောင်းတွေ မလိုအပ်ပါဘူးဆိုတာ တောင်အာဖရိကတိုက်က စုံတွဲတစ်တွဲက သက်သေပြလိုက်ပါတယ်။
တောင်အာဖိရက ချစ်သူ စုံတွဲတစ်တွဲဟာ KFC ဆိုင်တစ်ဆိုင်ထဲမှာ လက်ထပ်ခွင့်တောင်းနေတဲ့ ပုံကို Anele ဆိုတဲ့ ဂျာနယ်လစ်တစ်ယောက်က twitter ပေါ် တင်ရှိခဲ့ရတာက တဖြေးဖြေးနဲ့ လူသိများလာတာပါ။ ဂျာနယ်လစ်ကတော့ ဒီလို KFC ဆိုင်ထဲမှာ လက်ထပ်ခွင့်တောင်းနေတာကို လှောင်ပြောင်သလိုလို နှိမ်သလိုလို ရေးသားထားခဲ့ပါတယ်။ သူ(မ)ရေးထားတာကတော့ “ တောင်အာဖရိကသားတွေက ဗရမ်းဗတာတွေ၊ KFC လိုဆိုင်ထဲတောင်မှ လက်ထပ်ခွင့်တောင်းကြတာ။ အဆင့်အတန်းလုံးဝ မရှိဘူး”ဖြစ်ပါတယ်။
သူ(မ)ကတော့ KFC ဆိုင်ထဲမှာလက်ထပ်ခွင့်တောင်းနေတာကို နှိမ်ပြီး ရေးသားထားခဲ့ပေမယ့်လို့ တခဏအတွင်းမှာ အဆိုပါ သတင်းဟာ တောင်အာဖရိကတစ်နိုင်ငံလုံးပျံ့နှံ့သွားခဲ့ပြီး လက်ထပ်ခွင့်တောင်းခံခဲ့တဲ့ ပူပူနွေးနွေး ချစ်သူနှစ်ယောက်ကို ကုမ္ပဏီအသီးသီးက စပွန်ဆာပေးဖို့အထိ ကမ်းလှမ်းလာခဲ့ကြပါတယ်။ ငွေကြေးအခက်အခဲကြောင့်မို့လို့ KFC ဆိုင်မှာပဲ လက်ထပ်ခွင့်တောင်းခံခဲ့ရပေမယ့် သူတို့နှစ်ယောက်ရဲ့ ချစ်မေတ္တာကို ကူညီဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေဟာ အသီးသီးထွက်လာခဲ့ပါတယ်။ #KFCProposal ဆိုတဲ့ ကန်ပိန်းတစ်ခုဖြစ်လာခဲ့ပြီး လေကြောင်းလိုင်းတွေ၊ ရုပ်ရှင်ရုံတွေ၊ မိတ်ကပ်ပညာရှင်တွေ အသီးသီးက သူတို့နှစ်ယောက်ကို ဝမ်းသာအားရနဲ့ ဖိတ်ခေါ်ခဲ့ကြပါတယ်။
တောင်အာဖရိကလေကြောင်းလိုင်းက ဖိတ်ခေါ်ရာမှာ ဟန်းနီးမွန်းပျော်ပွဲစားအတွက် သူတို့ရှိကြောင်း၊ Cape Town မြို့ဆီကို အားလပ်ရက်ခရီးထွက်နိုင်ဖို့ သူတို့ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ရေးသားထားပါတယ်။
ကိုကာကိုလာကုမ္ပဏီကလည်း သူတို့မင်္ဂလာဆောင်မှာ soft drinks များ တိုက်ဖို့အတွက် သူတို့တာဝန်ယူကြောင်း ရေးသားထားပါတယ်။
ဒါ့အပြင် Data Storage နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ rain ကုမ္ပဏီကတော့ တစ်နှစ်စာအတွက် Unlimited Data တွေကို အခမဲ့သိမ်းဆည်းနိုင်ကြောင်းကိုလည်း ရေးသားထားသလို၊ လက်ဝတ်ရတနာကုမ္ပဏီတွေကလည်း သူတို့နှစ်ယောက်အတွက် လက်စွပ်နှစ်ကွင်းကို ထောက်ပံ့ပေးခဲ့ကြပါတယ်။
တောင်အာဖရိကနိုင်ငံက အဆိုတော်တွေကလည်း သူတို့ မင်္ဂလာဆောင်မှာလာ အခမဲ့သီချင်းဆိုဖို့ ကမ်းလှမ်းချက်များလည်း ရှိနေပြီး မင်္ဂလာဆောင်မှာ ဝတ်ဖို့အတွက် အကျီ ၤဒီဇိုင်းနာတွေကလည်း အခမဲ့လုပ်ဆောင်ပေးဖို့ အသင့်ရှိနေကြပါတယ်။
Audi ကုမ္ပဏီကလည်း ဟန်းနီးမွန်းအတွက် သူတို့ဆီက ကားတစ်စင်းကို အချိန်မရွေးလာယူနိုင်ကြောင်း ရေးသားထားပါတယ်။ Huawei ဖုန်းကုမ္ပဏီ၊ PUMA ကုမ္ပဏီ၊ မင်္ဂလာဆောင်ကို Livestream ထုတ်လွှင့်ဖို့အတွက်ကုမ္ပဏီ စတဲ့ ကုမ္ပဏီပေါင်းများစွာက သူတို့နှစ်ယောက်အတွက် စပွန်ဆာပေးဖို့ ကမ်းလှမ်းချက်များလည်း ပေးထားခဲ့ပါတယ်။
KFC ဆိုင်အတွင်းမှာ မှာ လက်ထပ်ခွင့်တောင်းခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်တွေဟာ တောင်အာဖရိကတစ်နိုင်ငံလုံးကို ပျံ့နှံ့ခဲ့ပြီး အခုအချိန်အထိ သူတို့နှစ်ယောက်ကို ထောက်ပံ့ပေးမယ့် လူတွေ၊ ကုမ္ပဏီတွေရဲ့ စာရင်းတွေက တရိပ်ရိပ်တက်နေဆဲဖြစ်ပါတယ်။
Credit:Shwemom
Sign up here with your email


ConversionConversion EmoticonEmoticon