

Zawgyiဖြင့်ဖတ်ရန်




Source: Si Phyo

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

မကြာခင်မှာ ပြသတော့မယ့် ယိုးဒယားဇာတ်ကားမှာပါဝင်ထားတဲ့ စည်ဖြိုး

ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ စည်ဖြိုးကတော့ ရုပ်ရှင်ကားတွေဇာတ်လမ်းတွဲတွေကို ဆက်တိုက်ရိုက်ကူးနေရတဲ့သူတစ်ယောက်ဖြစ်ပြီး အခုဆိုရင်တော့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ယိုးဒယားနိုင်ငံအထိတောင် ခြေဆံ့ပြီး ပြုလုပ်နေပြီဖြစ်ပါတယ်။

စည်ဖြိုးကတော့ မကြာခင်မှာ WE TV English မှာပြသတော့မယ့် “Love at 7-11 ” ဆိုတဲ့ ဇာတ်လမ်းထဲမှာပါဝင်ထားပြီး ထိုင်းသရုပ်ဆောင်တွေနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ စည်ဖြိုးကတော့ “”Love At 7/11″ December လ ကို ကြိုရင်ခုန်မိတယ် ..ယိုးဒယားမိတ်ကပ်တွေ ဖွေးပြီး တောင်ပြုံးရုပ်ပေါက်နေတာ ကိုယ်ပါ ..” လို့ရေးထားပြီး “Love at 7-11 ” ဇာတ်လမ်းရဲ့ ဓါတ်ပုံ အချို့ကို တင်ပေးထားတာဖြစ်ပါတယ်။

စည်ဖြိုးကတော့ ဘယ်လို ဇာတ်ကောင်မျိုးနဲ့ “Love at 7-11 ” ဇာတ်လမ်းမှာ သရုပ်ဆောင်ထားလဲဆိုတာ ပရိသတ်တွေက ရင်ခုန်စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Source: Si Phyo

Credit:Shwemom
Previous
Next Post »
Powered by Blogger.