Zawgyiျဖင့္ဖတ္ရန္
အမ်ိဳးသားတစ္ဦးဟာ ရုရွားႏိုင္ငံက Aeroflot ေလေၾကာင္းလိုင္းေပၚ အဂၤါေန႔တုန္းက သူ႔ရဲ႕ အ၀လြန္ေနတဲ့ ေၾကာင္ၾကီးကို ေလယာဥ္ေပၚေခၚတင္ႏိုင္ခဲ့တာကို လူမႈကြန္ယက္မွာ ေဖာ္ျပၿပီးတဲ့ေနာက္ ၄င္းေလေၾကာင္းလိုင္းက ေပးအပ္တဲ့ အထူးအခြင့္အေရးေတြကို ဆံုးရံႈးခဲ့ရေၾကာင္း asiaone သတင္းဌာနအရ သိရပါတယ္။
ခရီးသည္ မစ္ခ္ေဟးလ္ဂါလင္ဟာ ၿပီးခဲ့တဲ့အပတ္တုန္းက လက္္ဗီးယားၿမိဳ႕ကေန အေရွ႕ပိုင္း ဗလာဒီဗိုစေတာ့ခ္မွာရွိတဲ့ ၄င္းရဲ႕ ေနအိမ္ဆီပ်ံသန္းခဲ့ရာ သူ႔ရဲ႕ေၾကာင္ၾကီး ဗစ္ခ္တာကိုပါ ခရီးသည္တင္ခန္းထဲ သူနဲ႔အတူ တစ္ပါတည္းေခၚဖို႔ ၾကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္လည္း ေၾကာင္ၾကီးရဲ႕ အေလးခ်ိန္ဟာ (၁၀) ကီလိုဂရမ္အထက္ထိ ျဖစ္ေနခဲ့တာ ျဖစ္ၿပီး ခရီးသည္ခန္းထဲ ေခၚခြင့္ရဖို႔ဟာ အေလးခ်ိန္(၈) ကီလိုေအာက္ပဲ ရွိရမွာ ျဖစ္ပါတယ္။
ဒါေပမယ့္ မစ္ခ္ေဟးလ္ဟာ သူ႔ရဲ႕ ေၾကာင္ၾကီးကိို တစ္ပါတည္း ေခၚသြားခဲ့ခ်င္တဲ့အတြက္ ေမာ္စကိုမွာ အေလးခ်ိန္ (၈) ကီလိုေအာက္ရွိတဲ့ ေၾကာင္ၾကီးတစ္ေကာင္ကို ရွာခဲ့ပါတယ္။ ေနာက္တစ္ေန႔မွာေတာ့ မစ္ခ္ေဟးလ္ဟာ ၄င္းေၾကာင္နဲ႔ check-in ၀င္ၿပီး ေလယာဥ္ထဲ၀င္ခါနီးက်မွ သူ႔ရဲ႕ေၾကာင္ၾကီး ဗစ္္ခ္တာကို ျပန္လဲလွယ္ခဲ့တာ ျဖစ္ပါတယ္။ ဒီလိုနဲ႔ မစ္ခ္ေဟးလ္ဟာ ေအာင္ျမင္စြာနဲ႔ ဗစ္ခ္တာကို ေလယာဥ္ေပၚေခၚတင္ႏိုင္ခဲ့ပါတယ္။
မစ္ခ္ေဟးလ္ဟာ ေပ်ာ္ရႊင္စြာရွိေနတဲ့ ဗစ္ခ္တာရဲ႕ ေလယာဥ္ေပၚထိုင္ေနတဲ့ ဓာတ္ပံုကို အြန္လိုင္းေပၚတင္ခဲ့တာ ျဖစ္ပါတယ္။ မစ္ခ္ေဟးလ္ဟာ ရုရွားက ေၾကာင္ခ်စ္သူေတြအၾကားမွာေတာ့ ေန႔ခ်င္းညခ်င္းပဲ သူရဲေကာင္းတစ္ဦး ျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒီအေၾကာင္းကို Aeroflot ေလေၾကာင္းလိုင္းက ျပန္ၾကားရတဲ့အခါမွာေတာ့ မစ္္ခ္ေဟးလ္ကို ေခၚၿပီး စစ္ေဆးေမးျမန္းရတဲ့အထိ ျဖစ္ခဲ့ပါတယ္။
မစ္ခ္ေဟးလ္ဟာ ေလေၾကာင္းလိုင္းရဲ႕ စည္းကမ္းကို ခ်ိဳးေဖာက္ခဲ့တာျဖစ္ေၾကာင္း သိရတဲ့အျပင္ စီစီတီဗီထဲမွာလည္း မစ္ခ္ေဟးလ္က ေၾကာင္ၾကီးဗစ္ခ္တာနဲ႔ (၇) ကီလိုပဲရွိတဲ့ေၾကာင္ကို လဲလွယ္ခဲ့တာကိုလည္း ေတြ႔ျမင္ခဲ့ရပါေသးတယ္။ ဒါေၾကာင့္ Aeroflot ေလေၾကာင္းလိုင္းက မစ္ခ္ေဟးလ္ကို ၄င္းတို႔ရဲ႕ မၾကာခဏေလယာဥ္ပ်ံသန္းသူ အစီအစဥ္ကေနထုတ္ဖယ္ပစ္လိုက္ပါတယ္။
မစ္ခ္ေဟးလ္ဟာ Aeroflot ေလေၾကာင္းလိုင္းနဲ႔ ခရီးသြားလာခဲ့တာ ၾကာၿပီျဖစ္ၿပီး သူပ်ံသန္းခဲ့တဲ့ ခရီးမိုင္ေတြကိုလည္း အစီအစဥ္ထဲမွာ စုေဆာင္းထားၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္ ၄င္းခရီးမို္္င္ေတြနဲ႔ မစ္ခ္ေဟးလ္ရရွိမယ့္ အထူးအခြင့္အေရးေတြကို ေလေၾကာင္းလိုင္းက သူတို႔ကိုလိမ္တယ္ဆိုၿပီး မေက်နပ္လို႔ ပယ္ဖ်က္လိုက္ၿပီျဖစ္ေၾကာင္းလည္း သိရပါတယ္။ ဒီအေၾကာင္းသိရတဲ့ တစ္ခ်ိဳ႕ေသာ ေၾကာင္ပိုင္ရွင္ေတြကေတာ့ သူတို႔ဟာ သူတို႔ရဲ႕ ကီလိုေက်ာ္ေနတဲ့ ေၾကာင္ၾကီးေတြကို အခုလိုပဲ ခိုးသယ္ေလ့ရွိၿပီး အခုတစ္ေခါက္ေတာ့ မစ္ခ္ေဟးလ္ေၾကာင့္ ေလေၾကာင္းလိုင္းေတြအေနနဲ႔ အိမ္ေမြးတိရစာၦန္ေခၚယူမႈအေပၚ စည္းကမ္းေတြပိုတင္းၾကပ္လာမွာကို စိုးရိမ္လ်က္ ရွိေနပါတယ္။
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
အဝလွန်နေတဲ့ ကြောင်ကြီးကို ကြောင်ချင်းလဲပြီး checkin ဝင်ခဲ့တဲ့ အမျိုးသားရဲ့ အဖြစ်
အမျိုးသားတစ်ဦးဟာ ရုရှားနိုင်ငံက Aeroflot လေကြောင်းလိုင်းပေါ် အင်္ဂါနေ့တုန်းက သူ့ရဲ့ အဝလွန်နေတဲ့ ကြောင်ကြီးကို လေယာဉ်ပေါ်ခေါ်တင်နိုင်ခဲ့တာကို လူမှုကွန်ယက်မှာ ဖော်ပြပြီးတဲ့နောက် ၎င်းလေကြောင်းလိုင်းက ပေးအပ်တဲ့ အထူးအခွင့်အရေးတွေကို ဆုံးရှုံးခဲ့ရကြောင်း asiaone သတင်းဌာနအရ သိရပါတယ်။
ခရီးသည် မစ်ခ်ဟေးလ်ဂါလင်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက လက်ဗီးယားမြို့ကနေ အရှေ့ပိုင်း ဗလာဒီဗိုစတော့ခ်မှာရှိတဲ့ ၎င်းရဲ့ နေအိမ်ဆီပျံသန်းခဲ့ရာ သူ့ရဲ့ကြောင်ကြီး ဗစ်ခ်တာကိုပါ ခရီးသည်တင်ခန်းထဲ သူနဲ့အတူ တစ်ပါတည်းခေါ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကြောင်ကြီးရဲ့ အလေးချိန်ဟာ (၁၀) ကီလိုဂရမ်အထက်ထိ ဖြစ်နေခဲ့တာ ဖြစ်ပြီး ခရီးသည်ခန်းထဲ ခေါ်ခွင့်ရဖို့ဟာ အလေးချိန်(၈) ကီလိုအောက်ပဲ ရှိရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် မစ်ခ်ဟေးလ်ဟာ သူ့ရဲ့ ကြောင်ကြီးကို တစ်ပါတည်း ခေါ်သွားခဲ့ချင်တဲ့အတွက် မော်စကိုမှာ အလေးချိန် (၈) ကီလိုအောက်ရှိတဲ့ ကြောင်ကြီးတစ်ကောင်ကို ရှာခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ မစ်ခ်ဟေးလ်ဟာ ၎င်းကြောင်နဲ့ check-in ဝင်ပြီး လေယာဉ်ထဲဝင်ခါနီးကျမှ သူ့ရဲ့ကြောင်ကြီး ဗစ်ခ်တာကို ပြန်လဲလှယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ မစ်ခ်ဟေးလ်ဟာ အောင်မြင်စွာနဲ့ ဗစ်ခ်တာကို လေယာဉ်ပေါ်ခေါ်တင်နိုင်ခဲ့ပါတယ်။
မစ်ခ်ဟေးလ်ဟာ ပျော်ရွှင်စွာရှိနေတဲ့ ဗစ်ခ်တာရဲ့ လေယာဉ်ပေါ်ထိုင်နေတဲ့ ဓာတ်ပုံကို အွန်လိုင်းပေါ်တင်ခဲ့တာ ဖြစ်ပါတယ်။ မစ်ခ်ဟေးလ်ဟာ ရုရှားက ကြောင်ချစ်သူတွေအကြားမှာတော့ နေ့ချင်းညချင်းပဲ သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီအကြောင်းကို Aeroflot လေကြောင်းလိုင်းက ပြန်ကြားရတဲ့အခါမှာတော့ မစ်ခ်ဟေးလ်ကို ခေါ်ပြီး စစ်ဆေးမေးမြန်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
မစ်ခ်ဟေးလ်ဟာ လေကြောင်းလိုင်းရဲ့ စည်းကမ်းကို ချိုးဖောက်ခဲ့တာဖြစ်ကြောင်း သိရတဲ့အပြင် စီစီတီဗီထဲမှာလည်း မစ်ခ်ဟေးလ်က ကြောင်ကြီးဗစ်ခ်တာနဲ့ (၇) ကီလိုပဲရှိတဲ့ကြောင်ကို လဲလှယ်ခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါသေးတယ်။ ဒါကြောင့် Aeroflot လေကြောင်းလိုင်းက မစ်ခ်ဟေးလ်ကို ၎င်းတို့ရဲ့ မကြာခဏလေယာဉ်ပျံသန်းသူ အစီအစဉ်ကနေထုတ်ဖယ်ပစ်လိုက်ပါတယ်။
မစ်ခ်ဟေးလ်ဟာ Aeroflot လေကြောင်းလိုင်းနဲ့ ခရီးသွားလာခဲ့တာ ကြာပြီဖြစ်ပြီး သူပျံသန်းခဲ့တဲ့ ခရီးမိုင်တွေကိုလည်း အစီအစဉ်ထဲမှာ စုဆောင်းထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းခရီးမို်င်တွေနဲ့ မစ်ခ်ဟေးလ်ရရှိမယ့် အထူးအခွင့်အရေးတွေကို လေကြောင်းလိုင်းက သူတို့ကိုလိမ်တယ်ဆိုပြီး မကျေနပ်လို့ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်းလည်း သိရပါတယ်။ ဒီအကြောင်းသိရတဲ့ တစ်ချို့သော ကြောင်ပိုင်ရှင်တွေကတော့ သူတို့ဟာ သူတို့ရဲ့ ကီလိုကျော်နေတဲ့ ကြောင်ကြီးတွေကို အခုလိုပဲ ခိုးသယ်လေ့ရှိပြီး အခုတစ်ခေါက်တော့ မစ်ခ်ဟေးလ်ကြောင့် လေကြောင်းလိုင်းတွေအနေနဲ့ အိမ်မွေးတိရစ္ဆာန်ခေါ်ယူမှုအပေါ် စည်းကမ်းတွေပိုတင်းကြပ်လာမှာကို စိုးရိမ်လျက် ရှိနေပါတယ်။
Credit:Shwemom
Sign up here with your email


ConversionConversion EmoticonEmoticon