ျမန္မာႏိုင္ငံကို တရားစြဲတဲ့ ဂမ္ဘီယာႏိုင္ငံ အေၾကာင္း




Zawgyi ျဖင့္ဖတ္ရန္

ဂမ္ဘီယာႏိုင္ငံဆိုတာအာဖရိကအေနာက္ပိုင္းကႏိုင္ငံေသးေသးေလးတစ္ခုပါ။ႏိုင္ငံအက်ယ္အဝန္းကလည္းစတုရန္းအက်ယ္အဝန္းမိုင္ေပါင္း၄၁၀၀ေက်ာ္သာက်ယဝန္းပါတယ္။



ဒီအက်ယ္အဝန္းဟာတစ္ကယ္ေတာ့ျမန္မာႏိုင္ငံမွာအေသးဆုံးျပည္နယ္ျဖစ္တဲ့ကယားျပည္နယ္ထက္ေတာင္မွအလြန္ေသးငယ္ပါတယ္။

ဒီႏိုင္ငံကအက်ယ္အဝန္းအျပင္ကိုလူဦးေရအရကလည္းႏွစ္သန္းေတာင္မွမျပည့္ပါဘူး။ျမန္မာႏိုင္ငံနဲ႔ယဥ္ေက်းမႈ႕အရေရာ၊တည္ေနရာအရေကာအရမ္းကိုအလွမ္းေဝးတဲ့ေနရာတစ္ခုအျပင္ဘာမွကိုဆက္စပ္မႈ႕မရွိပါဘူး။

ဂမ္ဘီယာႏိုင္ငံဟာျမန္မာႏိုင္ငံနဲ႔ယဥ္ေက်းမႈ႕၊တည္ေနရာအလွမ္းေဝးၿပီးမတူညီေပမယ့္တူညီတာတစ္ခ်ိဳ႕လည္းရွိေနပါေသးတယ္။အဲ့တာေတြကေတာ့ဂမ္ဘီယာႏိုင္ငံမွာၿဗိတိသွ်ကိုလိုနီလက္ထဲသို႔က်ေရာက္ခဲ့ၿပီး

ျမန္မာနည္းတူစစ္အာဏာရွင္ရဲ႕အုပ္ခ်ဳပ္မႈ႕ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္ၾကာျမင့္ခဲ့တာပဲျဖစ္ပါတယ္။ဂမ္ဘီယာမွထူးျခားတာတစ္ခုကႏွစ္ဆယ္ေပါင္းမ်ားစြာလူ႔အခြင့္အေရးခ်ိဳးေဖာက္ခံခဲ့ရပါေသးတယ္။



လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ႕အားလုံးကေတာ့သမၼတေဟာင္းYahya Jammeh က်ဴးလြန္ခဲ့တာပဲျဖစ္ပါတယ္။Yahya Jammechက်ဴးလြန္ခဲ့တဲ့ျပစ္မႈ႕ေတြ၊ရာဇာဝတ္မႈ႕ေတြဟာလည္းအမ်ားအျပားပါပဲ။

သမၼတေဟာင္းJammechဟာ ၁၉၉၄ ခုႏွစ္မွစကာ ၂၀၁၆ခုႏွစ္အထိသမၼတအျဖစ္အုပ္ခ်ဳပ္ခဲ့တာပဲျဖစ္ပါတယ္။ သူအုပ္ခ်ဳပ္ေနစဥ္ကာလအတြင္းတြင္Jammehက သမၼတအႀကီးအကဲ၊

စစ္တပ္အႀကီးအကဲစသည့္ရာထူးတာဝန္မ်ားကိုသိမ္းက်ဳံးယူထားၿပီးအဲ့ရာထူးေတြမွာသက္တမ္းရွည္ရွည္အုပ္ခ်ဳပ္ႏိုင္ဖို႔အတြက္ဖြဲ႕စည္းပုံအေျခခံဥပေဒကိုစိတ္ႀကိဳက္ေရးဆြဲထားတာလည္းပဲျဖစ္ပါတယ္။

အာဏာလက္ထဲရွိသည့္ ၂၂ အတြင္းJammechဟာျပစ္မႈ႕ေပါင္းစုံက်ဴးလြန္ခဲ့ပါတယ္။အထင္ရွားဆုံးျပစ္မႈ႕တစ္ခုကေတာ့ ၂၀၀၄ ခုႏွစ္မွာသတင္းစာဆရာတစ္ဦးကိုလုပ္ႀကံသတ္ျဖတ္ခဲ့တာပဲျဖစ္ပါတယ္။





၂၀၀၅ခုႏွစ္မွာလည္းေ႐ႊ႕ေျပာင္းေနထိုင္သူ၅၆ဦးကိုေၾကးစားစစ္သားေတြဟုစြပ္စြဲကာသတ္ျဖတ္ခဲ့ပါတယ္။ ထိုအျပင္အေမရိကန္ႏိုင္ငံသားခံယူထားတဲ့ဂမ္ဘီယာစီးပြားေရးလုပ္ငန္းရွင္ႏွစ္ဦးကိုလည္းလုပ္ႀကံသတ္ျဖတ္ခဲ့႐ုံသာမက

အေလာင္းေတြကိုအပိုင္းပိုင္းျပတ္ေအာင္ခုတ္ထစ္ခဲ့ပါေသးတယ္။ထိုအျပင္အတိုက္အခံႏိုင္ငံေရးသမားေတြနဲ႔သတင္းေထာက္ေတြကိုဖိႏွိပ္ဖမ္းဆီးညႇင္းပန္းမႈ႕မ်ား၊ရာႏွင့္ခ်ီေသာအမ်ိဳးသမီးေတြကိုရွာေဖြဖမ္းဆီးကာမုဒိန္းက်င့္သတ္ျဖတ္မႈ႕မ်ားကိုလည္းက်ဴးလြန္ထားတာျဖစ္ပါတယ္။

ယေန႔မွာေတာ့ထိုကဲ့သို႔လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ႕မ်ားစြာက်ဴးလြန္ထားတဲ့ဂမ္ဘီယာႏိုင္ငံဟာ ၎တို႔စိတ္နဲ႔ႏႈိင္းၿပီးယဥ္ေက်းမႈ႕မတူ၊တည္ေနရာေပါင္းမ်ားစြာဆက္စပ္မႈ႕မရွိသည့္ျမန္မာႏိုင္ငံကိုလူမ်ိဳးတုန္းသတ္ျဖတ္ပါသည္ဆိုသည့္

စြပ္စြဲခ်က္တစ္ခုတည္းႏွင့္ICJသို႔တရားစြဲဆိုလာတာျဖစ္ပါတယ္။ OICရဲ႕ေထာက္ပံ့မႈ႕က ဆင္းရဲလြန္းလွသည့္ဂမ္ဘီယာႏိုင္ငံကိုမည္မွ်အက်ိဳးျဖစ္ထြန္းႏိုင္မည္နည္း၊OICရဲ႕လက္ကိုင္တုတ္အျဖစ္အသုံးခ်ခံအျဖစ္



လက္ခံခဲ့တဲ့ဂမ္ဘီယာႏိုင္ငံရဲ႕လိမ္လည္တိုင္ၾကားမႈ႕ကေတ့ာျမန္မာႏိုင္ငံအေပၚမည္မွ်အက်ိဳးသက္ေရာက္မည္နည္းဆိုတာကေတာ့ဆက္လက္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။အေရးႀကီးခ်ိန္ျမန္မာအားလုံးေသြးနီးဖို႔လို႔အပ္ေနပါၿပီ။

share from: theesaychin

e180bbe18099e18094e180b9e18099e180ace1828fe180ade180afe18084e180b9e18084e180

Unicode ဖြင့်ဖတ်ရန်

မြန်မာနိုင်ငံကို တရားစွဲတဲ့ ဂမ်ဘီယာနိုင်ငံ အကြောင်း

ဂမ်ဘီယာနိုင်ငံဆိုတာအာဖရိကအနောက်ပိုင်းကနိုင်ငံသေးသေးလေးတစ်ခုပါ။နိုင်ငံအကျယ်အဝန်းကလည်းစတုရန်းအကျယ်အဝန်းမိုင်ပေါင်း၄၁၀၀ကျော်သာကျယဝန်းပါတယ်။



ဒီအကျယ်အဝန်းဟာတစ်ကယ်တော့မြန်မာနိုင်ငံမှာအသေးဆုံးပြည်နယ်ဖြစ်တဲ့ကယားပြည်နယ်ထက်တောင်မှအလွန်သေးငယ်ပါတယ်။

ဒီနိုင်ငံကအကျယ်အဝန်းအပြင်ကိုလူဦးရေအရကလည်းနှစ်သန်းတောင်မှမပြည့်ပါဘူး။မြန်မာနိုင်ငံနဲ့ယဉ်ကျေးမှု့အရရော၊တည်နေရာအရကောအရမ်းကိုအလှမ်းဝေးတဲ့နေရာတစ်ခုအပြင်ဘာမှကိုဆက်စပ်မှု့မရှိပါဘူး။

ဂမ်ဘီယာနိုင်ငံဟာမြန်မာနိုင်ငံနဲ့ယဉ်ကျေးမှု့၊တည်နေရာအလှမ်းဝေးပြီးမတူညီပေမယ့်တူညီတာတစ်ချို့လည်းရှိနေပါသေးတယ်။အဲ့တာတွေကတော့ဂမ်ဘီယာနိုင်ငံမှာဗြိတိသျှကိုလိုနီလက်ထဲသို့ကျရောက်ခဲ့ပြီး

မြန်မာနည်းတူစစ်အာဏာရှင်ရဲ့အုပ်ချုပ်မှု့နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမြင့်ခဲ့တာပဲဖြစ်ပါတယ်။ဂမ်ဘီယာမှထူးခြားတာတစ်ခုကနှစ်ဆယ်ပေါင်းများစွာလူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရပါသေးတယ်။



လူ့အခွင့်အရေးချိုးဖောက်မှု့အားလုံးကတော့သမ္မတဟောင်းYahya Jammeh ကျူးလွန်ခဲ့တာပဲဖြစ်ပါတယ်။Yahya Jammechကျူးလွန်ခဲ့တဲ့ပြစ်မှု့တွေ၊ရာဇာဝတ်မှု့တွေဟာလည်းအများအပြားပါပဲ။

သမ္မတဟောင်းJammechဟာ ၁၉၉၄ ခုနှစ်မှစကာ ၂၀၁၆ခုနှစ်အထိသမ္မတအဖြစ်အုပ်ချုပ်ခဲ့တာပဲဖြစ်ပါတယ်။ သူအုပ်ချုပ်နေစဉ်ကာလအတွင်းတွင်Jammehက သမ္မတအကြီးအကဲ၊

စစ်တပ်အကြီးအကဲစသည့်ရာထူးတာဝန်များကိုသိမ်းကျုံးယူထားပြီးအဲ့ရာထူးတွေမှာသက်တမ်းရှည်ရှည်အုပ်ချုပ်နိုင်ဖို့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေကိုစိတ်ကြိုက်ရေးဆွဲထားတာလည်းပဲဖြစ်ပါတယ်။

အာဏာလက်ထဲရှိသည့် ၂၂ အတွင်းJammechဟာပြစ်မှု့ပေါင်းစုံကျူးလွန်ခဲ့ပါတယ်။အထင်ရှားဆုံးပြစ်မှု့တစ်ခုကတော့ ၂၀၀၄ ခုနှစ်မှာသတင်းစာဆရာတစ်ဦးကိုလုပ်ကြံသတ်ဖြတ်ခဲ့တာပဲဖြစ်ပါတယ်။



၂၀၀၅ခုနှစ်မှာလည်းရွှေ့ပြောင်းနေထိုင်သူ၅၆ဦးကိုကြေးစားစစ်သားတွေဟုစွပ်စွဲကာသတ်ဖြတ်ခဲ့ပါတယ်။ ထိုအပြင်အမေရိကန်နိုင်ငံသားခံယူထားတဲ့ဂမ်ဘီယာစီးပွားရေးလုပ်ငန်းရှင်နှစ်ဦးကိုလည်းလုပ်ကြံသတ်ဖြတ်ခဲ့ရုံသာမက

အလောင်းတွေကိုအပိုင်းပိုင်းပြတ်အောင်ခုတ်ထစ်ခဲ့ပါသေးတယ်။ထိုအပြင်အတိုက်အခံနိုင်ငံရေးသမားတွေနဲ့သတင်းထောက်တွေကိုဖိနှိပ်ဖမ်းဆီးညှင်းပန်းမှု့များ၊ရာနှင့်ချီသောအမျိုးသမီးတွေကိုရှာဖွေဖမ်းဆီးကာမုဒိန်းကျင့်သတ်ဖြတ်မှု့များကိုလည်းကျူးလွန်ထားတာဖြစ်ပါတယ်။

ယနေ့မှာတော့ထိုကဲ့သို့လူ့အခွင့်အရေးချိုးဖောက်မှု့များစွာကျူးလွန်ထားတဲ့ဂမ်ဘီယာနိုင်ငံဟာ ၎င်းတို့စိတ်နဲ့နှိုင်းပြီးယဉ်ကျေးမှု့မတူ၊တည်နေရာပေါင်းများစွာဆက်စပ်မှု့မရှိသည့်မြန်မာနိုင်ငံကိုလူမျိုးတုန်းသတ်ဖြတ်ပါသည်ဆိုသည့်

စွပ်စွဲချက်တစ်ခုတည်းနှင့်ICJသို့တရားစွဲဆိုလာတာဖြစ်ပါတယ်။ OICရဲ့ထောက်ပံ့မှု့က ဆင်းရဲလွန်းလှသည့်ဂမ်ဘီယာနိုင်ငံကိုမည်မျှအကျိုးဖြစ်ထွန်းနိုင်မည်နည်း၊OICရဲ့လက်ကိုင်တုတ်အဖြစ်အသုံးချခံအဖြစ်



လက်ခံခဲ့တဲ့ဂမ်ဘီယာနိုင်ငံရဲ့လိမ်လည်တိုင်ကြားမှု့ကတေ့ာမြန်မာနိုင်ငံအပေါ်မည်မျှအကျိုးသက်ရောက်မည်နည်းဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။အရေးကြီးချိန်မြန်မာအားလုံးသွေးနီးဖို့လို့အပ်နေပါပြီ။

share from: theesaychin


Previous
Next Post »
Powered by Blogger.