Zawgyi ဖြင့်ဖတ်ရန်
share from:xyznews
Unicode ဖြင့်ဖတ်ရန်
ဘန်ကောက်မှ ကိုယ်တစ်ပိုင်းဝတ်လစ်စားလစ် စားပွဲထိုးမိန်းကလေးများ ဒဏ်ရိုက်ခံလိုက်ရ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ စား သောက်ဆိုင်တစ်ဆိုင်မှာ ဧည့်သည်တွေ ကို ဝန်ဆောင်မှုပေးခဲ့တဲ့ စားပွဲထိုးမိန်းက လေး လေးဦးက ရှေ့ဖုံးခါးစည်းနဲ့ ဘီကီနီ အတွင်းခံဘောင်းဘီသာ ဝတ်ဆင်ထားပြီး ဝတ်လစ်စားလစ်နီးနီးနဲ့ ဝန်ဆောင်မှုပေး ခဲ့တာကြောင့် ဒဏ်ရိုက်ခံလိုက်ရတယ်လို့ သိရပါတယ်။
အသက် ၂၄ နှစ်ကနေ ၃၄ နှစ်အရွယ်ကြား အမျိုးသမီးစားပွဲထိုးတွေ ဖြစ်ပြီး သူတို့စားသောက်ဆိုင်ရဲ့အထူးည စာဝန်ဆောင်မှုမှာ အခုလို ဝတ်လစ်စား လစ်နီးနီးနဲ့ ဝန်ဆောင်မှုပေးနေတာကို အွန် လိုင်းပေါ်မှာ ဗီဒီယိုပျံ့နှံ့သွားခဲ့တဲ့နောက် လူ ပြောများခဲ့ရာကနေ အရေးယူသတိပေးခံ လိုက်ရတာဖြစ်ပါတယ်။
ဒီလိုဝန်ဆောင်မှု မတိုင်မီမှာ စားပွဲထိုးအမျိုးသမီးတွေက အ လုပ်လုပ်နေရင်း မတော်တဆ မတော်တ ရော်တွေ လှစ်ဟမြင်ရသွားတာမျိုးမရှိစေဖို့ ကပ်ခွာဘရာတွေ ကြိုတင်ဝတ်ဆင်ထားခဲ့ ပေမယ့် ကြီးမားအောင် ခွဲစိတ်ပြုပြင်ထား တဲ့ သူတို့ရဲ့ ရင်သားတွေက ရှေ့ဖုံးခါးစည်း အကာအောက်မှာ လုံလုံခြုံခြုံဖုံးကာမထား နိုင်လောက် ဖြစ်ခဲ့ရပြီး အမြင်မတော်ဖွယ် ရာဖြစ်သွားစေခဲ့တာပါ။
စားသောက်ဆိုင် ကို လူလာများစေဖို့ ဆွဲဆောင်တဲ့အနေနဲ့ မော်ဒယ်တွေနဲ့ စားပွဲထိုးဝန်ဆောင်မှုပေးခဲ့ ကြတာဖြစ်ကြောင်း သိရပါတယ်။ အွန်လိုင်း ဗီဒီယိုကို ဝေဖန်ပြစ်တင်မှုတွေ ထွက်ပေါ် လာခဲ့တဲ့နောက် အများမြင်ကွင်းမှာ မ တော်မရော် ဝတ်စားဆင်ယင်ပြီး အလုပ် လုပ်ခဲ့တဲ့အတွက် ဆိုင်ရှင်ရော၊ မော်ဒယ် စားပွဲထိုး မိန်းကလေးတွေပါ တစ်ဦးကို ဘတ် ၂၀၀၀ စီ (၆၆ ဒေါ်လာစီ) ဒဏ်ရိုက် ခံလိုက်ရတယ် လို့ သိရပါတယ်။
share from:xyznews
Sign up here with your email
ConversionConversion EmoticonEmoticon