Zawgyiျဖင့္ဖတ္ရန္
အသက္ ၃၄ ႏွစ္အ႐ြယ္ အမ်ိဳးသားဟာ ဆုႀကီးေပါက္ေနတဲ့ ထီလက္မွတ္ကို ဇနီးသည္ဆီက မိုက္ေၾကးခြဲၿပီး လုယူကာ အိမ္ကေန ထြက္ေျပးသြားခဲ့ပါတယ္။ ထီလက္မွတ္ဟာ ၿပီးခဲ့တဲ့ စေနနဲ႔က ထြက္ခဲ့တာျဖစ္ၿပီး ထိုင္းဘတ္ ၆ သန္းဆု ေပါက္ေနတာျဖစ္ပါတယ္။
‘ပြန္သီတာခ်န္မနန္ဝပ္’(၃၂ ႏွစ္) က သူ႔ရဲ႕ခင္ပြန္း ထီလက္မွတ္နဲ႔အတူ ေပ်ာက္ဆုံးေနတာကို ရဲစခန္းမွာ တိုင္ၾကားအမႈဖြင့္ထားပါတယ္။ ထီေပါက္ထားတဲ့ ေငြေတြကို ညီတူညီမွ်ခြဲယူၾကမယ္လို႔ အခ်င္းျခင္း ကတိျပဳထားၾကေပမယ့္ ခင္ပြန္းျဖစ္သူက ထီလက္မွတ္ကိုယူၿပီး အိမ္ကေန ေပ်ာက္သြားတာျဖစ္ပါတယ္။
‘ပြန္သီတာ’ က အူဘြန္ရတ္ခ်ထနီ က ျဖစ္ၿပီး သူမရဲ႕ခင္ပြန္း ‘ဝီဂ်က္ဝနာပရာစစ္’ ကေတာ့ ဘန္ေကာက္ၿမိဳ႕ကျဖစ္ပါတယ္။ သူတို႔ႏွစ္ဦး စက္႐ုံတစ္ခုမွာ အတူတူအလုပ္လုပ္ရင္းနဲ႔ ဆုံဆည္းခဲ့ၾကတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၉ ရက္ေန႔က သူတို႔ထိုးထားတဲ့ ထီလက္မွတ္ကေန ဘတ္ေငြ ရာဂဏန္းေလာက္ေပါက္ခဲ့တာေၾကာင့္ စေနေန႔မွာ ထြက္မယ့္ ထီလက္မွတ္ ႏွစ္ေစာင္ကို အတူတူဝယ္ခဲ့ၾကတာျဖစ္ၿပီး ဇနီးသည္ေ႐ြးခ်ယ္ခဲ့တဲ့ ထီတစ္ေစာင္ၾကေန ဆုႀကီး ထေပါက္တာျဖစ္ပါတယ္။
သူမေ႐ြးခ်ယ္ခဲ့တဲ့ နံပါတ္ ၀၁၇၂၂၃ က စေန႔ေန႔မွာ ပထမဆု ဘတ္ ၆ သန္း ေပါက္ခဲ့တာျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ထီလက္မွတ္နဲ႔အတူ ထီေပါက္ေၾကာင္းကို အနီးနားက ရဲစခန္းမွာ သြားေရာက္သက္ေသခံ မွတ္ပုံတင္ခဲ့ၾကပါတယ္။ အဲဒီေနာက္ သူတို႔ႏွစ္ဦး ငွားေနတဲ့အိမ္ခန္းကို ျပန္လာၿပီး ဆုေငြကို တစ္ေယာက္တစ္ဝက္စီ ခြဲယူၾကမယ့္အေၾကာင္း၊ ဘာေတြသုံးမယ္ဆိုတာေတြကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ တိုင္ပင္ေျပာဆိုခဲ့ၾကပါတယ္။
တနဂၤေႏြေန႔ ညေနခင္းမွာေတာ့ ခင္ပြန္းျဖစ္သူက စိတ္ေျပာင္းသြားၿပီး သူမကို ဘတ္ ၂ သန္းပဲေပးႏိုင္မယ္လို႔ ေျပာလာပါတယ္၊ အဲဒီအတြက္ သူတို႔ခ်င္း စကားမ်ားၾကပါတယ္။ ခင္ပြန္းျဖစ္သူက မေက်နပ္ရင္ သြားတိုင္လို႔ ေျပာကာ ထီလက္မွတ္ကိုယူၿပီး အိမ္ေပၚကေန ဆင္းသြားတာျဖစ္ပါတယ္။
လက္တေလာမွာေတာ့ ‘ပြန္သီဒါ’ က ထီလက္မွတ္ကို ဆုေငြထုတ္လို႔မရေအာင္ တားေပးထားပါရန္ ရဲေတြကို ေမတၱာရပ္ခံထားပါတယ္၊ ဒါ့အျပင္ အစိုးရထီ႐ုံးကိုလည္း သတင္းပို႔ၿပီး ဆုေငြထုတ္မေပးဖို႔ သတင္းပို႔မယ္လို႔ ဆိုပါတယ္။
ထီေပါက္ၿပီး ထီလက္မွတ္ေပ်ာက္တဲ့ အျဖစ္မ်ိဳးေလာက္ ႐ူမတတ္ခံစားရမယ့္အျဖစ္ ရွိႏိုင္ေတာ့မယ္မထင္ပါဘူး။
Credit:popolay
Unicodeဖြင့်ဖတ်ရန်
ဆုကြီးပေါက် ထီလက်မှတ် မိန်းမဆီက ခင်ပွန်းသည် လုယူထွက်ပြေး
အသက် ၃၄ နှစ်အရွယ် အမျိုးသားဟာ ဆုကြီးပေါက်နေတဲ့ ထီလက်မှတ်ကို ဇနီးသည်ဆီက မိုက်ကြေးခွဲပြီး လုယူကာ အိမ်ကနေ ထွက်ပြေးသွားခဲ့ပါတယ်။ ထီလက်မှတ်ဟာ ပြီးခဲ့တဲ့ စနေနဲ့က ထွက်ခဲ့တာဖြစ်ပြီး ထိုင်းဘတ် ၆ သန်းဆု ပေါက်နေတာဖြစ်ပါတယ်။
‘ပွန်သီတာချန်မနန်ဝပ်’(၃၂ နှစ်) က သူ့ရဲ့ခင်ပွန်း ထီလက်မှတ်နဲ့အတူ ပျောက်ဆုံးနေတာကို ရဲစခန်းမှာ တိုင်ကြားအမှုဖွင့်ထားပါတယ်။ ထီပေါက်ထားတဲ့ ငွေတွေကို ညီတူညီမျှခွဲယူကြမယ်လို့ အချင်းခြင်း ကတိပြုထားကြပေမယ့် ခင်ပွန်းဖြစ်သူက ထီလက်မှတ်ကိုယူပြီး အိမ်ကနေ ပျောက်သွားတာဖြစ်ပါတယ်။
‘ပွန်သီတာ’ က အူဘွန်ရတ်ချထနီ က ဖြစ်ပြီး သူမရဲ့ခင်ပွန်း ‘ဝီဂျက်ဝနာပရာစစ်’ ကတော့ ဘန်ကောက်မြို့ကဖြစ်ပါတယ်။ သူတို့နှစ်ဦး စက်ရုံတစ်ခုမှာ အတူတူအလုပ်လုပ်ရင်းနဲ့ ဆုံဆည်းခဲ့ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က သူတို့ထိုးထားတဲ့ ထီလက်မှတ်ကနေ ဘတ်ငွေ ရာဂဏန်းလောက်ပေါက်ခဲ့တာကြောင့် စနေနေ့မှာ ထွက်မယ့် ထီလက်မှတ် နှစ်စောင်ကို အတူတူဝယ်ခဲ့ကြတာဖြစ်ပြီး ဇနီးသည်ရွေးချယ်ခဲ့တဲ့ ထီတစ်စောင်ကြနေ ဆုကြီး ထပေါက်တာဖြစ်ပါတယ်။
သူမရွေးချယ်ခဲ့တဲ့ နံပါတ် ၀၁၇၂၂၃ က စနေ့နေ့မှာ ပထမဆု ဘတ် ၆ သန်း ပေါက်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ထီလက်မှတ်နဲ့အတူ ထီပေါက်ကြောင်းကို အနီးနားက ရဲစခန်းမှာ သွားရောက်သက်သေခံ မှတ်ပုံတင်ခဲ့ကြပါတယ်။ အဲဒီနောက် သူတို့နှစ်ဦး ငှားနေတဲ့အိမ်ခန်းကို ပြန်လာပြီး ဆုငွေကို တစ်ယောက်တစ်ဝက်စီ ခွဲယူကြမယ့်အကြောင်း၊ ဘာတွေသုံးမယ်ဆိုတာတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ တိုင်ပင်ပြောဆိုခဲ့ကြပါတယ်။
တနင်္ဂနွေနေ့ ညနေခင်းမှာတော့ ခင်ပွန်းဖြစ်သူက စိတ်ပြောင်းသွားပြီး သူမကို ဘတ် ၂ သန်းပဲပေးနိုင်မယ်လို့ ပြောလာပါတယ်၊ အဲဒီအတွက် သူတို့ချင်း စကားများကြပါတယ်။ ခင်ပွန်းဖြစ်သူက မကျေနပ်ရင် သွားတိုင်လို့ ပြောကာ ထီလက်မှတ်ကိုယူပြီး အိမ်ပေါ်ကနေ ဆင်းသွားတာဖြစ်ပါတယ်။
လက်တလောမှာတော့ ‘ပွန်သီဒါ’ က ထီလက်မှတ်ကို ဆုငွေထုတ်လို့မရအောင် တားပေးထားပါရန် ရဲတွေကို မေတ္တာရပ်ခံထားပါတယ်၊ ဒါ့အပြင် အစိုးရထီရုံးကိုလည်း သတင်းပို့ပြီး ဆုငွေထုတ်မပေးဖို့ သတင်းပို့မယ်လို့ ဆိုပါတယ်။
ထီပေါက်ပြီး ထီလက်မှတ်ပျောက်တဲ့ အဖြစ်မျိုးလောက် ရူမတတ်ခံစားရမယ့်အဖြစ် ရှိနိုင်တော့မယ်မထင်ပါဘူး။
Credit:popolay
Sign up here with your email

ConversionConversion EmoticonEmoticon