Zawgyiျဖင့္ဖတ္ရန္
ငါတို႔ေတြ ေဝးခဲ့ၾကတယ္။
တစ္ေနရာဆီ ….
ျပန္ေတြ႔ၾကေတာ့ အလႊာေတြ မတူညီၾကေတာ့ဘူး။ အေရာင္ေတြလည္း ေျပာင္းကုန္ၾကၿပီ ….။
တစ္ခ်ိဳ႕ေတြ အေမွာင္ထဲမွာ ….တစ္ခ်ိဳ႕ေတြ အလင္းေရာင္ေအာက္မွာ ….
ေအာင္ျမင္သူေတြရယ္ ….က်ရံႈးသူေတြရယ္ ….
ေလာကဓံရဲ႕ လွည့္ကြက္ေတြၾကားမွာ ေျပးတမ္းလိုက္တမ္း ကစားေနၾကတယ္…. ။
ျပန္သြားလို႔ မရေတာ့ေပမယ့္ အိပ္မက္ထဲမွာေတာ့ ခဏခဏျပန္ေရာက္တယ္။
တူညီတဲ့ဝတ္စံုတစ္ခုကို ဝတ္ၿပီး အမိုးတစ္ခုေအာက္မွာ အတူစာသင္ခဲ့ၾကတယ္။
ေတာက္ပတဲ့အျပံဳးေတြနဲ႔အတူ သစ္လြင္တဲ့ရယ္သံေတြ လႊမ္းေနခဲ့တယ္။
တစ္ေယာက္မုန္႔ တစ္ေယာက္လုစားခဲ့ၾကတယ္။
ၾကည္ႏူးစရာ အခိုက္အတန္႔ေတြဟာ….ငါတို႔ဘဝရဲ႕ တစ္ခန္းရပ္ျပဇာတ္တစ္ပုဒ္ပဲ။
ေဝးခဲ့ၾကၿပီးတဲ့ေနာက္ ….
ေလာကဟင္းလင္းျပင္ႀကီးထဲမွာ …မတူညီတဲ့ ဝတ္ရံုေတြကိုျခံဳၿပီး….ကြဲျပားတဲ့ သမိုင္းေတြကို ေရးေနၾကတယ္။
မဲ့ျပံဳးေတြနဲ႔….ရယ္သံေတြဟာ ေလွာင္က်ိက်ိျဖစ္ေနခဲ့တယ္။
တစ္ေယာက္အတၱ တစ္ေယာက္လုစားေနၾကတယ္။
ေၾကကြဲစရာ အခိုက္အတန္႔ေတြဟာ….ငါတို႔ဘဝရဲ႕ ဒရမ္မာဇာတ္လမ္းတစ္ပုဒ္ပဲ….. ။
ေဝးခဲ့တာလည္း ၾကာၿပီဆိုေတာ့….ျပန္ဆံုခ်င္ေသးတယ္။
ဒါေပမယ့္လည္း ….
မတူညီတဲ့ အေရာင္ေတြၾကားမွာ….တစ္ေယာက္ကိုတစ္ေယာက္…..ႏႈတ္ဆက္ဖို႔ ဝန္ေလးေနၾကမယ္ ထင္ပါရဲ႕… ။
ေျသာ္… ငါတို႔ေဝးခဲ့ၾကတယ္။
အကယ္၍ျပန္ေတြ႔ၾကရင္လည္း…..စိတ္ခ်င္းမနီးတာေၾကာင့္…ေဝးေနၾကအံုးမွာပါပဲ… ။
Credit:တင္ေအာင္ထြန္း (ရမၼာ၀တီ)
Unicodeဖြင့်ဖတ်ရန်
“ငါတို့တွေ ဝေးခဲ့ကြတယ်”…….ပြန်သွားလို့ မရတော့ပေမယ့် အိပ်မက်ထဲမှာတော့ ခဏခဏပြန်ရောက်တယ်….
ငါတို့တွေ ဝေးခဲ့ကြတယ်။
တစ်နေရာဆီ ….
ပြန်တွေ့ကြတော့ အလွှာတွေ မတူညီကြတော့ဘူး။ အရောင်တွေလည်း ပြောင်းကုန်ကြပြီ ….။
တစ်ချို့တွေ အမှောင်ထဲမှာ ….တစ်ချို့တွေ အလင်းရောင်အောက်မှာ ….
အောင်မြင်သူတွေရယ် ….ကျရှုံးသူတွေရယ် ….
လောကဓံရဲ့ လှည့်ကွက်တွေကြားမှာ ပြေးတမ်းလိုက်တမ်း ကစားနေကြတယ်…. ။
ပြန်သွားလို့ မရတော့ပေမယ့် အိပ်မက်ထဲမှာတော့ ခဏခဏပြန်ရောက်တယ်။
တူညီတဲ့ဝတ်စုံတစ်ခုကို ဝတ်ပြီး အမိုးတစ်ခုအောက်မှာ အတူစာသင်ခဲ့ကြတယ်။
တောက်ပတဲ့အပြုံးတွေနဲ့အတူ သစ်လွင်တဲ့ရယ်သံတွေ လွှမ်းနေခဲ့တယ်။
တစ်ယောက်မုန့် တစ်ယောက်လုစားခဲ့ကြတယ်။
ကြည်နူးစရာ အခိုက်အတန့်တွေဟာ….ငါတို့ဘဝရဲ့ တစ်ခန်းရပ်ပြဇာတ်တစ်ပုဒ်ပဲ။
ဝေးခဲ့ကြပြီးတဲ့နောက် ….
လောကဟင်းလင်းပြင်ကြီးထဲမှာ …မတူညီတဲ့ ဝတ်ရုံတွေကိုခြုံပြီး….ကွဲပြားတဲ့ သမိုင်းတွေကို ရေးနေကြတယ်။
မဲ့ပြုံးတွေနဲ့….ရယ်သံတွေဟာ လှောင်ကျိကျိဖြစ်နေခဲ့တယ်။
တစ်ယောက်အတ္တ တစ်ယောက်လုစားနေကြတယ်။
ကြေကွဲစရာ အခိုက်အတန့်တွေဟာ….ငါတို့ဘဝရဲ့ ဒရမ်မာဇာတ်လမ်းတစ်ပုဒ်ပဲ….. ။
ဝေးခဲ့တာလည်း ကြာပြီဆိုတော့….ပြန်ဆုံချင်သေးတယ်။
ဒါပေမယ့်လည်း ….
မတူညီတဲ့ အရောင်တွေကြားမှာ….တစ်ယောက်ကိုတစ်ယောက်…..နှုတ်ဆက်ဖို့ ဝန်လေးနေကြမယ် ထင်ပါရဲ့… ။
သြော်… ငါတို့ဝေးခဲ့ကြတယ်။
အကယ်၍ပြန်တွေ့ကြရင်လည်း…..စိတ်ချင်းမနီးတာကြောင့်…ဝေးနေကြအုံးမှာပါပဲ… ။
Credit:တင်အောင်ထွန်း (ရမ္မာဝတီ)
Sign up here with your email


ConversionConversion EmoticonEmoticon