Zawgyiျဖင့္ဖတ္ရန္
ပရိသတ္ေတြခ်စ္ျကတဲ့ မင္းသားေခ်ာတိုင္ရြန္နဲ့ ေနျခည္ဦးတို့က အနုပညာလုပ္ငန္းေတြ ကိုယ္စီလုပ္ရင္း ေအာင္ျမင္မႈ အသီးသီး ရရိွေနသူတစ္ဦးပါ။ ေနျခည္ဦးနဲ့ တိုင္ရြန္က အနုပညာလုပ္ငန္းေတြကို အတူတူ တြဲဖက္လုပ္ကိုင္သလို အျပင္မွာလဲ အရမ္းကို ရင္းနွီးတဲ့ ေျပာမနာ ဆိုမနာ သူငယ္ခ်င္းေတြ ျဖစ္ျကပါတယ္။ ေနျခည္ဦးနဲ့ တိုင္ရြန္က "ပုရိသ"၊ "အခမ္းနားဆံုးေမတၱာ" စတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြမွာလည္း အတြဲညီညီ သရုပ္ေဆာင္ခဲ့ၾကတာ ျဖစ္ပါတယ္။
မေန့က နုိဝင္ဘာလ (၂၇) ရက္ေန့ကေတာ့ မင္းသားေခ်ာ တိုင္ရြန္ရဲ့ အသက္ (၂၆) နွစ္ျပည့္ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ တိုင္ရြန္က သူ့ရဲ့ေမြးေန့မွာ ပရိသတ္ေတြနဲ့အတူတူ လိႈင္သာယာမိဘမဲ့ေက်ာင္းမွာ အလွဴလုပ္ခဲ့သလို ညပိုင္းမွာေတာ့ သူငယ္ခ်င္းေတြကို မုန့္ေကၽြးခဲ့တာ ျဖစ္ပါတယ္။
တိုင္ရြန္ရဲ့ ေမြးေန့မွာ သူငယ္ခ်င္းျဖစ္သူ ေနျခည္ဦးက တိုင္ရြန္ရိွတဲ့ေနရာထိသြားျပီး ပန္းစည္းအၾကီးၾကီးနဲ့ Surprise လုပ္ခဲ့ပါတယ္။ တိုင္ရြန္ကလည္း သူငယ္ခ်င္းျဖစ္သူ ေနျခည္ဦးေၾကာင့္ ေတာ္ေတာ္ေလး အံ့အားသင့္ဝမ္းသာခဲ့ပါတယ္။
ေနျခည္ဦးနဲ့ တိုင္ရြန္က အနုပညာလုပ္ငန္းေတြလည္း အတြဲညီညီ သရုပ္ေဆာင္နိုင္သလို အျပင္မွာလည္း တစ္ေယာက္နဲ့တစ္ေယာက္ ေမာင္နွမေတြလို အင္မတန္ရင္းနွီးတဲ့ သူငယ္ခ်င္းေတြပဲ ျဖစ္ပါတယ္။
ေနျခည္ဦးနဲ့ တိုင္ရြန္တို့ရဲ့ တစ္ေယာက္ကိုတစ္ေယာက္ နားလည္ဂရုစိုက္ၾကတဲ့ သူငယ္ခ်င္းသံေယာဇဥ္ေလးက ၾကည္နူးစရာပဲေနာ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးကို မုိမိုေလးမွ ေက်းဇူးအထူးတင္ရိွပါတယ္။
Rowena
Source: Nay Chi Oo's ig
Credit:momolay
Unicodeဖြင့်ဖတ်ရန်
အချစ်ဆုံးသူငယ်ချင်း တိုင်ရွန်ရဲ့မွေးနေ့မှာ ပန်းစည်းအကြီးကြီးနဲ့ Surprise လုပ်ခဲ့တဲ့ နေခြည်ဦး
ပရိသတ်တွေချစ်ကြတဲ့ မင်းသားချောတိုင်ရွန်နဲ့ နေခြည်ဦးတို့က အနုပညာလုပ်ငန်းတွေ ကိုယ်စီလုပ်ရင်း အောင်မြင်မှု အသီးသီး ရရှိနေသူတစ်ဦးပါ။ နေခြည်ဦးနဲ့ တိုင်ရွန်က အနုပညာလုပ်ငန်းတွေကို အတူတူ တွဲဖက်လုပ်ကိုင်သလို အပြင်မှာလဲ အရမ်းကို ရင်းနှီးတဲ့ ပြောမနာ ဆိုမနာ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ နေခြည်ဦးနဲ့ တိုင်ရွန်က "ပုရိသ"၊ "အခမ်းနားဆုံးမေတ္တာ" စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း အတွဲညီညီ သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
မနေ့က နိုဝင်ဘာလ (၂၇) ရက်နေ့ကတော့ မင်းသားချော တိုင်ရွန်ရဲ့ အသက် (၂၆) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ တိုင်ရွန်က သူ့ရဲ့မွေးနေ့မှာ ပရိသတ်တွေနဲ့အတူတူ လှိုင်သာယာမိဘမဲ့ကျောင်းမှာ အလှူလုပ်ခဲ့သလို ညပိုင်းမှာတော့ သူငယ်ချင်းတွေကို မုန့်ကျွေးခဲ့တာ ဖြစ်ပါတယ်။
တိုင်ရွန်ရဲ့ မွေးနေ့မှာ သူငယ်ချင်းဖြစ်သူ နေခြည်ဦးက တိုင်ရွန်ရှိတဲ့နေရာထိသွားပြီး ပန်းစည်းအကြီးကြီးနဲ့ Surprise လုပ်ခဲ့ပါတယ်။ တိုင်ရွန်ကလည်း သူငယ်ချင်းဖြစ်သူ နေခြည်ဦးကြောင့် တော်တော်လေး အံ့အားသင့်ဝမ်းသာခဲ့ပါတယ်။
နေခြည်ဦးနဲ့ တိုင်ရွန်က အနုပညာလုပ်ငန်းတွေလည်း အတွဲညီညီ သရုပ်ဆောင်နိုင်သလို အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် မောင်နှမတွေလို အင်မတန်ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။
နေခြည်ဦးနဲ့ တိုင်ရွန်တို့ရဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်ဂရုစိုက်ကြတဲ့ သူငယ်ချင်းသံယောဇဉ်လေးက ကြည်နူးစရာပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Nay Chi Oo's ig
Credit:momolay
Sign up here with your email



ConversionConversion EmoticonEmoticon