Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ခေတ်ပညာတတ်ဖြစ်ပြီး အပြောပတ်စက်လို့ ဒဲ့ဝေဖန်လိုက်တဲ့ ရီရီပွင့်ဖြူ
ရီရီပွင့်ဖြူဟာ အနုပညာလုပ်ငန်းတွေကို ရပ်နားထားပြီး လက်ရှိ အချစ်ရေးမှာတော့ မင်းသမီး နန္ဒလှိုင်ရဲ့ တစ်ဦးတည်းသော မောင်ဖြစ်သူ စိန်ဖြိုးလှိုင်နဲ့တွဲနေကြတာပါ..။ သူမတို့အတွဲရဲ့ ချစ်စရာကောင်းပြီး ပျော်ရွှင်ဖွယ် ဗီဒီယိုလေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲတင်ပေးနေတတ်တဲ့သူပဲဖြစ်ပါတယ်.။ရီရီပွင့်ဖြူကတော့ သူမရဲ့ စိတ်ထဲရှိတဲ့ အရှိတိုင်းပွင့်ပွင့်လင်းလင်းကိုပြောတတ်တဲ့သူဆိုရင်လည်း မမှားပါဘူး..။ ခံစားချက်တွေကို မျိုသိပ်မနေတတ်ဘဲ အမြဲလိုလို စာသားလေးတွေ သီချင်းလေးတွေနဲ့ တင်ပေးတတ်ပါသေးတယ်။
အခုခါမှာတော့ လတ်တလောမှာ တွေ့လိုက်ရတဲ့ ပို့စ်တစ်ခုကြောင့် သူမက ပွင့်ပွင့်လင်းလင်းကို ပြန်ဝေဖန်ထားပါတယ်.. ။ဖတ်လိုက်ရတဲ့ ပိုစ့်ကိုရေးတဲ့ သူက အဟက်ခံရပြီးများ အကောင့်နာမည်ဖျက်ခံထားရတာလားလို့တောင်တွေးမိပါသေးတယ်တဲ့..။ရေးထားတဲ့ပို့စ်မှာ စာသားတွေကအရမ်းကို ညစ်ပေ့ စုတ်ပေ့ ဆိုတဲ့ စာသားတွေကို ရေးတဲ့သူက ခေတ်ပညာတတ်လူငယ်ဖြစ်ပါလျက်နဲ့ ရေးရဲတာကို အရမ်းကိုအံ့ဩမိနေပြီး သူများတွေရဲ့ မိဘ တွေကိုပါပြောဆိုထားတာတွေကြောင့် ရီရီပွင့်ဖြူကတော့ သူမနှုတ်ဆွံ့အမိပါတယ်တဲ့..။ သူများတကာတွေအပေါက်ဆိုးရင် လင်ကပစ်သွားမယ်လို့ပြောနေတဲ့သူ ပြောတဲ့စကားနဲ့စာသားတွေက ပိုလို့တောင်ဆိုးနေတာကိုတွေ့ရလို့ သူ့လောက်တော့ ဘယ်မိန်းမမှ မပြောထွက်ရဲနိုင်ပါဘူူးလို့ ရေးထားပါတယ်..။
မိန်းမတိုင်းကသူတို့ရဲ့ ကိုယ်ပိုင်ဘဝ ကိုယ်ပိုင်မိသားစုတွေနဲ့ အသားကျပျော်ရွှင်နေကြတာဖြစ်ပြီး အစ်မတစ်ယောက်တည်း သာယာနေတဲ့ဘဝပိုင်နေတာမဟုတ်ပါဘူးလို့ရေးထားပါတယ်…။ အစ်မသင်ပေးတာတွေလည်း လိုအပ်ချင်မှ လိုအပ်မှာပါ မလိုအပ်လို့ဆိုပြီးသိမ်းကျုံးပြီးတော့မပြောစေလိုပါဘူးလို့ ဆိုထားပါတယ်..။ ယခုလောလောဆယ်တော့ သူများတကာတွေထက် အစ်မရဲ့ယောက်ျားဖြစ်သူကိုသာ သနားမိတာ အမှန်ပါလို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ထားတာကိုတွေ့ရပါတယ် … ။ ရီရီလေး ဘယ်သူ့ကိုပြောနေတာလဲဆို Cele Connections ပရိသတ်ကြီးလဲ သိမယ်ထင်ပါတယ်…။ မမရီရီပွင်ွဖြူကတော့ ရဲရဲကြီးကိုဝေဖန်ထောက်ပြလိုက်တာပါပဲနော် …. ။ Cele Connections ပရိသတ်ကြီးရော ရီရီပွင့်ဖြူလေးပြောတဲ့စကားတွေ ဖတ်ပြီးရင် ထင်မြင်ချက်လေးတွေကိုလည်းရေးသွားပါဦး…။
Sakura(Cele Connections)
Sign up here with your email
ConversionConversion EmoticonEmoticon