ကိုယ့္ကို ျငင္းလႊတ္လိုက္တဲ့ အမ်ိဳးသားကို ၿခိမ္းေျခာက္စာ တစ္ေသာင္းေက်ာ္ပို႔ခဲ့တဲ့ အမ်ိဳးသမီး




Zawgyi ျဖင့္ဖတ္ရန္


အသက္ ၃၁ ႏွစ္အ႐ြယ္ jacquelyn Ades ဆိုတဲ့အမ်ိဳးသမီးတစ္ဦးဟာ Millionaire Dating ဆိုတဲ့ Website ကတစ္ဆင့္ ေကာ့စမက္တစ္ေရာင္းဝယ္ေရး CEO တစ္ေယာက္နဲ႔ခ်ိတ္မိခဲ့တာျဖစ္ပါတယ္ ။ သူတို႔ႏွစ္ေယာက္ တစ္ႀကိမ္ခ်ိန္းေတြ႕ခဲ့ၿပီးေနာက္ အမ်ိဳးသားဘက္မွ အဆင္မေျပတဲ့အတြက္ လမ္းခြဲဖို႔ေျပာဆိုခဲ့ေပမယ့္ အမ်ိဳးသမီးဘက္ကေတာ့ လက္မခံခဲ့ပါဘူး ။ Ades ဟာဆိုရင္ ဒီအမ်ိဳးသားရဲ႕ အိမ္ထဲကိုေဖာက္ဝင္ၿပီး ေရခ်ိဳးခန္းထဲမွာ ဝင္ထိုင္ေနတာမ်ိဳးေတြေတာင္လုပ္ခဲ့ပါေသးတယ္ ။

ထို႔အျပင္ အမ်ိဳးသားရဲ႕ကုမၸဏီကိုလည္း သူ႔ဇနီးလို႔ သြားေရာက္မိတ္ဆက္ခဲ့ပါေသးလို႔သိရပါတယ္ ။ ရဲေတြကိုသူမကိုဖမ္းဆီးခဲ့တာကေတာ့ အမ်ိဳးသားရဲ႕အိမ္မွာျဖစ္ၿပီး သူမရဲ႕ကားထဲမွာလည္း အသားလွီးဓါးတစ္ေခ်ာင္းေတြ႕ခဲ့ရတယ္လို႔ ရဲမွတ္တမ္းမွာေဖာ္ျပထားတာေတြ႕ရပါတယ္ ။သူတို႔ႏွစ္ေယာက္ခ်ိန္းေတြ႕ခဲ့ၾကတာေတာ့ လြန္ခဲ့တဲ့ ၁ ႏွစ္ေလာက္ကျဖစ္ၿပီး ၁၀ လအတြင္းမွာ ၿခိမ္းေျခာက္စာေပါင္း ၆၅၀၀၀ ပို႔ခဲ့တာကိုေတြ႕ရွိရပါတယ္ ။



စုစုေပါင္း ၿခိမ္းေျခာက္စာအေရအတြက္ ၁၅၉ ၀၀၀ ေက်ာ္ပို႔ခဲ့တဲ့ေနာက္မွာေတာ့ အမ်ိဳးသားက ရဲေတြဆီတိုင္ၾကားခဲ့တာပဲျဖစ္ပါတယ္ ။”ရွင္ဘာပဲလုပ္လုပ္ ရွင္ကြၽန္မဆီကို ေရာက္လာရမယ္….ကြၽန္မဆီကထြက္သြားဖို႔ေတာ့မႀကိဳးစားနဲ႔…ရွင့္ကိုသတ္မွာ..ကြၽန္မလူသတ္သမားမျဖစ္ခ်င္ဘူးေနာ္””ရွင့္ေက်ာက္ကပ္ကို ဆူရွီလုပ္ၿပီးေတာ့ လက္ေခ်ာင္း႐ိုးကို တူလိုသုံးၿပီး ထိုင္စားပစ္ဦးမွာ ” အစရွိတဲ့ၿခိမ္းေျခာက္စာေတြပို႔ခဲ့တဲ့အတြက္ ရဲေတြက သူမကို ဖမ္းဆီးခဲ့ရတာပဲျဖစ္ပါတယ္။

သူ႔ကိုစစ္ေဆးတဲ့အခါမွာေတာ့ … အမ်ိဳးသားက သူ႔ကိုစိတ္မဝင္စားဘူးဆိုတာ သိတဲ့အေၾကာင္း..စာေတြကိုလည္းအေပ်ာ္သေဘာနဲ႔ပို႔ခဲ့တာျဖစ္ေၾကာင္း ျပန္လည္ေျဖၾကားထားပါတယ္။
“အင္းေပါ့ေလ….သူ႔အတြက္ေတာ့ ဒီလိုခံစားရမွာေပါ့….သူကတကယ္ခ်စ္စရာေကာင္းတယ္…အရမ္းခ်စ္ဖို႔ေကာင္းလို႔ သူ႔ကိုစမိတာ….ၿခိမ္းေျခာက္သလိုျဖစ္သြားခဲ့တာကို လုံးဝမယုံႏိုင္ဘူး” လို႔ရဲေတြကိုေျဖၾကားထားပါတယ္။

Ades ကို ေနာက္လမွာ ဒုတိယအႀကိမ္႐ုံးထုတ္စစ္ေဆးသြားမွာျဖစ္ၿပီး လက္ရွိအခ်ိန္ထိေတာ့ အာမခံေပးခြင့္ကို ပိတ္ပင္ထားတုန္းပါပဲ။

Writer – Min Thu ( XYZ NEWS )


Unicode ဖြင့်ဖတ်ရန်

ကိုယ့်ကို ငြင်းလွှတ်လိုက်တဲ့ အမျိုးသားကို ခြိမ်းခြောက်စာ တစ်သောင်းကျော်ပို့ခဲ့တဲ့ အမျိုးသမီး




အသက် ၃၁ နှစ်အရွယ် jacquelyn Ades ဆိုတဲ့အမျိုးသမီးတစ်ဦးဟာ Millionaire Dating ဆိုတဲ့ Website ကတစ်ဆင့် ကော့စမက်တစ်ရောင်းဝယ်ရေး CEO တစ်ယောက်နဲ့ချိတ်မိခဲ့တာဖြစ်ပါတယ် ။ သူတို့နှစ်ယောက် တစ်ကြိမ်ချိန်းတွေ့ခဲ့ပြီးနောက် အမျိုးသားဘက်မှ အဆင်မပြေတဲ့အတွက် လမ်းခွဲဖို့ပြောဆိုခဲ့ပေမယ့် အမျိုးသမီးဘက်ကတော့ လက်မခံခဲ့ပါဘူး ။ Ades ဟာဆိုရင် ဒီအမျိုးသားရဲ့ အိမ်ထဲကိုဖောက်ဝင်ပြီး ရေချိုးခန်းထဲမှာ ဝင်ထိုင်နေတာမျိုးတွေတောင်လုပ်ခဲ့ပါသေးတယ် ။

ထို့အပြင် အမျိုးသားရဲ့ကုမ္ပဏီကိုလည်း သူ့ဇနီးလို့ သွားရောက်မိတ်ဆက်ခဲ့ပါသေးလို့သိရပါတယ် ။ ရဲတွေကိုသူမကိုဖမ်းဆီးခဲ့တာကတော့ အမျိုးသားရဲ့အိမ်မှာဖြစ်ပြီး သူမရဲ့ကားထဲမှာလည်း အသားလှီးဓါးတစ်ချောင်းတွေ့ခဲ့ရတယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားတာတွေ့ရပါတယ် ။သူတို့နှစ်ယောက်ချိန်းတွေ့ခဲ့ကြတာတော့ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကဖြစ်ပြီး ၁၀ လအတွင်းမှာ ခြိမ်းခြောက်စာပေါင်း ၆၅၀၀၀ ပို့ခဲ့တာကိုတွေ့ရှိရပါတယ် ။



စုစုပေါင်း ခြိမ်းခြောက်စာအရေအတွက် ၁၅၉ ၀၀၀ ကျော်ပို့ခဲ့တဲ့နောက်မှာတော့ အမျိုးသားက ရဲတွေဆီတိုင်ကြားခဲ့တာပဲဖြစ်ပါတယ် ။”ရှင်ဘာပဲလုပ်လုပ် ရှင်ကျွန်မဆီကို ရောက်လာရမယ်….ကျွန်မဆီကထွက်သွားဖို့တော့မကြိုးစားနဲ့…ရှင့်ကိုသတ်မှာ..ကျွန်မလူသတ်သမားမဖြစ်ချင်ဘူးနော်””ရှင့်ကျောက်ကပ်ကို ဆူရှီလုပ်ပြီးတော့ လက်ချောင်းရိုးကို တူလိုသုံးပြီး ထိုင်စားပစ်ဦးမှာ ” အစရှိတဲ့ခြိမ်းခြောက်စာတွေပို့ခဲ့တဲ့အတွက် ရဲတွေက သူမကို ဖမ်းဆီးခဲ့ရတာပဲဖြစ်ပါတယ်။

သူ့ကိုစစ်ဆေးတဲ့အခါမှာတော့ … အမျိုးသားက သူ့ကိုစိတ်မဝင်စားဘူးဆိုတာ သိတဲ့အကြောင်း..စာတွေကိုလည်းအပျော်သဘောနဲ့ပို့ခဲ့တာဖြစ်ကြောင်း ပြန်လည်ဖြေကြားထားပါတယ်။
“အင်းပေါ့လေ….သူ့အတွက်တော့ ဒီလိုခံစားရမှာပေါ့….သူကတကယ်ချစ်စရာကောင်းတယ်…အရမ်းချစ်ဖို့ကောင်းလို့ သူ့ကိုစမိတာ….ခြိမ်းခြောက်သလိုဖြစ်သွားခဲ့တာကို လုံးဝမယုံနိုင်ဘူး” လို့ရဲတွေကိုဖြေကြားထားပါတယ်။

Ades ကို နောက်လမှာ ဒုတိယအကြိမ်ရုံးထုတ်စစ်ဆေးသွားမှာဖြစ်ပြီး လက်ရှိအချိန်ထိတော့ အာမခံပေးခွင့်ကို ပိတ်ပင်ထားတုန်းပါပဲ။

Writer – Min Thu ( XYZ NEWS )



Previous
Next Post »
Powered by Blogger.