Zawgyiျဖင့္ဖတ္ရန္
ေရးသားသူ Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
ငယ္ငယ္က က်င္းေလးတူးၿပီး ၾသဇာေစ့ေတာက္ခဲ့ဖူးတယ္ဆိုရင္ေတာ့ ေသခ်ာတာကသင္က သင္ကၾသဇာသီးႀကိဳက္တဲ့သူဆိုတာပါ။ ၾသဇာသီးေတြကိုစားၿပီးတိုင္း ၾသဇာေစ့ေတြကို ေသခ်ာဗူးနဲ႔ထည့္ၿပီးစုခဲ့ရတာအေမာေနာ္။ ကစားဖို႔အတြက္ ေတာ္ေတ္ာေလးအသုံးတည့္တဲ့ ၾသဇာသီးေတြကို ရဖို႔ ၾသဇာသီးေတြကို စားခဲ့ဖူးမယ္ဆိုရင္ေတာ့ အခုလိုအက်ိဳးေက်းဇူးေတြကို ခံစားေနရေလာက္ပါၿပီ။
ၾသဇာသီးႀကိဳက္သူေလးေတြရရွိႏိုင္မယ့္ က်န္းမာေရး အက်ိဳးေက်းဇူးေတြက ဘာေတြမ်ားလဲ……..
အသားအေရနဲ႔ဆံသားကို က်န္းမာေစႏိုင္တယ္
ၾသဇာသီးမွာ ဗီတာမင္ A ႂကြယ္ဝစြာပါဝင္ေနတာေၾကာင့္ အသားအေရနဲ႔ဆံသားကို က်န္းမာေစႏိုင္ပါတယ္။ အသက္အ႐ြယ္ေၾကာင့္ျဖစ္တဲ့ အသားအေရျပႆနာေတြကို အထိေရာက္ဆုံးေျဖရွင္းေပးႏိုင္သလို အသားအေရကိုလည္း အစိုဓာတ္ထိန္းေပးပါတယ္။
ကိုယ္အေလးခ်ိန္တက္ေစႏိုင္တယ္
ဝခ်င္သူေလးေတြအတြက္ အဆင္ေျပေစမယ့္ နည္းတစ္ခုေပါ့။ ၾသဇာသီးကို ပ်ားရည္နဲ႔ေရာၿပီး ေန႔တိုင္း ပုံမွန္စားေပးမယ္ဆိုရင္ ကိုယ္အေလးခ်ိန္တိုးလာမွာ အေသအခ်ာပါ။ ကယ္လ္လိုရီပါဝင္မႈမ်ားတာေၾကာင့္ ကိုယ္အေလးခ်ိန္တက္ခ်င္သူေတြအတြက္ တကယ္အဆင္ေျပေစမွာပါ။
ကိုယ္ဝန္ေဆာင္ေတြနဲ႔ သင့္ေတာ္တယ္
ကိုယ္ဝန္ေဆာင္ေမေမေတြ ၾသဇာသီးစားေပးမယ္ဆိုရင္ ေဘဘီေလးရဲ႕ ဦးေႏွာက္နဲ႔အာ႐ုံေၾကာဖြံ႕ၿဖိဳးေစဖို႔ အေကာင္းဆုံးေထာက္ပံ့ေပးႏိုင္မွာပါ။ မေတာ္တဆ ကိုယ္ဝန္ပ်က္က်ႏိုင္ေျခကိုလည္း ေလွ်ာ့ခ်ေပးႏိုင္မွာပါ။ ကိုယ္ဝန္ေဆာင္မစဥ္ခံစားရတဲ့ ေဝဒနာေတြကိုလည္း ေလ်ာ့ပါးသက္သာေစမွာပါ။ ကိုယ္ဝန္ေဆာင္ခ်ိန္နဲ႔ႏို႔ခ်ိဳတိုက္ေကြၽးေနရခ်ိန္မွာ ၾသဇာသီးစားေပးမယ္ဆိုရင္ ကေလးက်န္းမာမွာျဖစ္သလို မိခင္ႏို႔ထြက္လည္းေကာင္းေစမွာပါ။
ပန္းနာရင္က်ပ္ကာကြယ္ေပးတယ္
ဗီတာမင္ B6 ႂကြယ္ဝတာေၾကာင့္ ေလႁပြန္ေရာင္ရမ္းတာကို သက္သာေစႏိုင္ၿပီး ပန္းနာရင္က်ပ္မျဖစ္ေအာင္ကာကြယ္ေပးပါတယ္။
ႏွလုံးက်န္းမာေစႏိုင္တယ္
ၾသဇာသီးမွာ မဂၢနီဆီယမ္ပါဝင္တာေၾကာင့္ ႏွလုံးက်န္းမာေစၿပီး ႂကြက္သားေတြကို ေျပေလ်ာ့ေစႏိုင္ပါတယ္။ ဗီတာမင္ B6 ပါဝင္ေနတာေၾကာင့္ ႐ုတ္တရက္ႏွလုံးရပ္တာမ်ိဳးမျဖစ္ေအာင္ကာကြယ္ေပးပါတယ္။
အစာေၾကေစႏိုင္တယ္
ေကာ့ပါးနဲ႔အမွ်င္ဓာတ္ႂကြယ္ဝစြာပါဝင္ေနတာေၾကာင့္ အစာေၾကေစႏိုင္သလို ဝမ္းမွန္ေစႏိုင္ပါတယ္။ ဝမ္းပ်က္ဝမ္းေလွ်ာတာကို သက္သာေစႏိုင္ပါတယ္။
ဆီးခ်ိဳသမားေတြနဲ႔ သင့္ေတာ္တယ္
ဆီးခ်ိဳရွိသူေတြ အထူးသျဖင့္ အမ်ိဳးအစား -၂ ဆီးခ်ိဳေရာဂါရွိသူေတြနဲ႔ အထူးသင့္ေတာ္ပါတယ္။ အမွ်င္ဓာတ္ႂကြယ္ဝစြာပါဝင္ေနတာေၾကာင့္ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိေပးပါတယ္။ ဆီးခ်ိဳမရွိသူေတြစားသုံးေပးမယ္ဆိုရင္ ဆီးခ်ိဳကာကြယ္ရာေရာက္ပါတယ္။
ေသြးေပါင္က်ေစႏိုင္တယ္
ပပိုတက္ဆီယမ္နဲ႔မဂၢနီဆီယမ္ပါဝင္ေနတာေၾကာင့္ ေသြးေပါင္ခ်ိန္ကို အေကာင္းဆုံးထိန္းညႇိေပးႏိုင္ပါတယ္။ ေသြးတိုးရွိသူေတြအတြက္လည္း စားသုံးသင့္ၾတ့ ဓာတ္စာတစ္ခုေပါ့။
ေသြးတြင္းကိုလက္စထေရာက်ေစႏိုင္တယ္
ၾသဇာသီးမွာ နီကာဆင္နဲ႔ အမွ်င္ဓာတ္ႂကြယ္ဝစြာပါဝင္ေနတေၾကာင့္ ေသြးတြင္းကိုလက္စထေရာကို က်ေစႏိုင္ပါတယ္။
ေသြးအားနည္းေရာဂါကို သက္သာေစႏိုင္တယ္
ၾသဇာသီးက အေအးဓာတ္ရွိသလို သံဓာတ္ႂကြယ္ဝစြာပါဝင္ေနတာေၾကာင့္ ေသြးအားနည္းေရာဂါကို ကုသဖို႔အတြက္ေရာ ကာကြယ္ဖို႔အတြက္ပါ စားသုံးေပးသင့္ပါတယ္။
ကဲ.. အခုေလက္ဆိုရင္ ၾသဇာသီးေလးက စားေကာင္း႐ုံတင္မဟုတ္ဘဲ ခႏၶာကိုယ္က်န္းမာဖို႔အတြက္လည္း အေထာက္အကူျပဳေပးတယ္ဆိုတာကို သိေလာက္မယ္ထင္ပါတယ္။ ဒါေၾကာင့္ အရသာရွိတဲ့ ၾသဇာသီးေလးစားရင္း က်န္းမာေရး အက်ိဳးေက်းဇူးေလးေတြရယူလိုက္ပါ။
ဤေဆာင္းပါးကို Mizzima ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။

Unicode ဖြင့်ဖတ်ရန်
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ငယ်ငယ်က ကျင်းလေးတူးပြီး သြဇာစေ့တောက်ခဲ့ဖူးတယ်ဆိုရင်တော့ သေချာတာကသင်က သင်ကသြဇာသီးကြိုက်တဲ့သူဆိုတာပါ။ သြဇာသီးတွေကိုစားပြီးတိုင်း သြဇာစေ့တွေကို သေချာဗူးနဲ့ထည့်ပြီးစုခဲ့ရတာအမောနော်။ ကစားဖို့အတွက် တော်တေ်ာလေးအသုံးတည့်တဲ့ သြဇာသီးတွေကို ရဖို့ သြဇာသီးတွေကို စားခဲ့ဖူးမယ်ဆိုရင်တော့ အခုလိုအကျိုးကျေးဇူးတွေကို ခံစားနေရလောက်ပါပြီ။
သြဇာသီးကြိုက်သူလေးတွေရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေများလဲ……..
အသားအရေနဲ့ဆံသားကို ကျန်းမာစေနိုင်တယ်
သြဇာသီးမှာ ဗီတာမင် A ကြွယ်ဝစွာပါဝင်နေတာကြောင့် အသားအရေနဲ့ဆံသားကို ကျန်းမာစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အသားအရေပြဿနာတွေကို အထိရောက်ဆုံးဖြေရှင်းပေးနိုင်သလို အသားအရေကိုလည်း အစိုဓာတ်ထိန်းပေးပါတယ်။
ကိုယ်အလေးချိန်တက်စေနိုင်တယ်
ဝချင်သူလေးတွေအတွက် အဆင်ပြေစေမယ့် နည်းတစ်ခုပေါ့။ သြဇာသီးကို ပျားရည်နဲ့ရောပြီး နေ့တိုင်း ပုံမှန်စားပေးမယ်ဆိုရင် ကိုယ်အလေးချိန်တိုးလာမှာ အသေအချာပါ။ ကယ်လ်လိုရီပါဝင်မှုများတာကြောင့် ကိုယ်အလေးချိန်တက်ချင်သူတွေအတွက် တကယ်အဆင်ပြေစေမှာပါ။
ကိုယ်ဝန်ဆောင်တွေနဲ့ သင့်တော်တယ်
ကိုယ်ဝန်ဆောင်မေမေတွေ သြဇာသီးစားပေးမယ်ဆိုရင် ဘေဘီလေးရဲ့ ဦးနှောက်နဲ့အာရုံကြောဖွံ့ဖြိုးစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ မတော်တဆ ကိုယ်ဝန်ပျက်ကျနိုင်ခြေကိုလည်း လျှော့ချပေးနိုင်မှာပါ။ ကိုယ်ဝန်ဆောင်မစဉ်ခံစားရတဲ့ ဝေဒနာတွေကိုလည်း လျော့ပါးသက်သာစေမှာပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့နို့ချိုတိုက်ကျွေးနေရချိန်မှာ သြဇာသီးစားပေးမယ်ဆိုရင် ကလေးကျန်းမာမှာဖြစ်သလို မိခင်နို့ထွက်လည်းကောင်းစေမှာပါ။
ပန်းနာရင်ကျပ်ကာကွယ်ပေးတယ်
ဗီတာမင် B6 ကြွယ်ဝတာကြောင့် လေပြွန်ရောင်ရမ်းတာကို သက်သာစေနိုင်ပြီး ပန်းနာရင်ကျပ်မဖြစ်အောင်ကာကွယ်ပေးပါတယ်။
နှလုံးကျန်းမာစေနိုင်တယ်
သြဇာသီးမှာ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် နှလုံးကျန်းမာစေပြီး ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ ဗီတာမင် B6 ပါဝင်နေတာကြောင့် ရုတ်တရက်နှလုံးရပ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။
အစာကြေစေနိုင်တယ်
ကော့ပါးနဲ့အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် အစာကြေစေနိုင်သလို ဝမ်းမှန်စေနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။
ဆီးချိုသမားတွေနဲ့ သင့်တော်တယ်
ဆီးချိုရှိသူတွေ အထူးသဖြင့် အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေနဲ့ အထူးသင့်တော်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ဆီးချိုမရှိသူတွေစားသုံးပေးမယ်ဆိုရင် ဆီးချိုကာကွယ်ရာရောက်ပါတယ်။
သွေးပေါင်ကျစေနိုင်တယ်
ပပိုတက်ဆီယမ်နဲ့မဂ္ဂနီဆီယမ်ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးရှိသူတွေအတွက်လည်း စားသုံးသင့်တြ့ ဓာတ်စာတစ်ခုပေါ့။
သွေးတွင်းကိုလက်စထရောကျစေနိုင်တယ်
သြဇာသီးမှာ နီကာဆင်နဲ့ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတကြောင့် သွေးတွင်းကိုလက်စထရောကို ကျစေနိုင်ပါတယ်။
သွေးအားနည်းရောဂါကို သက်သာစေနိုင်တယ်
သြဇာသီးက အအေးဓာတ်ရှိသလို သံဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သွေးအားနည်းရောဂါကို ကုသဖို့အတွက်ရော ကာကွယ်ဖို့အတွက်ပါ စားသုံးပေးသင့်ပါတယ်။
ကဲ.. အခုလေက်ဆိုရင် သြဇာသီးလေးက စားကောင်းရုံတင်မဟုတ်ဘဲ ခန္ဓာကိုယ်ကျန်းမာဖို့အတွက်လည်း အထောက်အကူပြုပေးတယ်ဆိုတာကို သိလောက်မယ်ထင်ပါတယ်။ ဒါကြောင့် အရသာရှိတဲ့ သြဇာသီးလေးစားရင်း ကျန်းမာရေး အကျိုးကျေးဇူးလေးတွေရယူလိုက်ပါ။
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Sign up here with your email

ConversionConversion EmoticonEmoticon