Zawgyiျဖင့္ဖတ္ရန္
ေရးသားသူ Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
ေႏြပူေနခ်ိန္မွာ ဥသွ်စ္သီးေဖ်ာ္ရည္ ေအးေအးခ်ိဳခ်ိဳေလးေသာက္လိုက္ရတာကလည္း စိတ္ေက်နပ္မႈ အျပည့္အဝရရွိေစတဲ့ ခံစားခ်က္ေတြထဲကတစ္ခုပဲေနာ္။ ငယ္ငယ္က ျမန္မာႏိုင္ငံအလယ္ပိုင္းက အပူပိုင္းေဒသေတြကိုသြားရင္ဥသွ်စ္သီးေဖ်ာ္ရည္ေမႊးေမႊးခ်ိဳခ်ိဳေလးကိုေသာက္ခဲ့ဖူးမွာပါ။ ထန္းလ်က္နဲ႔ေဖ်ာ္ထားတဲ့ ဥသွ်စ္သီးေဖ်ာ္ရည္ေလးက ေသာက္ေကာင္း႐ုံေလာက္တင္မဟုတ္ဘဲ က်န္းမာေရးအတြက္လည္း တကယ္ေကာင္းတယ္ဆိုတာကို ဒီေဆာင္းပါးေးလကေနတဆင့္ ေျပာျပေပးခ်င္ပါတယ္။
ဥသွ်စ္သီး ဆိုတာက
ဥသွ်စ္သီးဆိုတာက အပူပိုင္းေဒသမွာ အမ်ားဆုံးေပါက္ေရာက္တဲ့ အသီးတစ္မ်ိဳးပါ။ ေဆးဖက္ဝင္အာနိသင္ေတြလည္း ႂကြယ္ပါတယ္။ ေျပာင္ေခ်ာေနတဲ့ အခြံမာမာအသီးတစ္မ်ိဳးေပါ့။ အျမင့္ေပ ၃၀ ေလာက္ထိရွိတဲ့ အပူပိုင္းေဒသအပင္တစ္မ်ိဳးေပါ့။ ခ်ိဳတဲ့ အညိဳေရာင္အသားေတြနဲ႔အတူ အေစ့ျဖဴျဖဴေလးေတြပါတတ္တဲ့ အသီးတစ္မ်ိဳးပါ။ အိႏၵိယနဲ႔သီရိလကၤာႏိုင္ငံ၊ ထိုင္းႏိုင္ငံတို႔မွာေပါက္ေရာက္သလို ျမန္မာႏိုင္ငံနဲ႔ အျခားေတာင္အာရွႏိုင္ငံေတြမွာလည္း ေပါက္ေရာက္ၾကပါတယ္။
ဥသွ်စ္သီးကေပးတဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြက ဘာေတြမ်ားလဲ……….
အရသာရွိတဲ့ ဥသွ်စ္သီးေဖ်ာ္ရည္ေလးကိုပုံမွန္ေသာက္သုံးေပးတာက
ႏွလုံးက်န္းမာေစႏိုင္တယ္
ဥသွ်စ္သီးကို ပုံမွန္စားသုံးေပးတာက ႏွလုံးနဲ႔့ပတ္သက္တဲ့ေရာဂါေတြ မခံစားရေအာင္ကာကြယ္ေပးႏိုင္သလို ေလျဖတ္တာနဲ႔ ႐ုတ္တရက္ႏွလုံးရပ္တာမ်ိဳး မျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။ ေသြးတြင္းသၾကားဓာတ္ကိုလည္း ၅၄ ရာခိုင္ႏႈန္းအထိေလွ်ာ့ခ်ေပးႏိုင္ပါတယ္။
အစာအိမ္နဲ႔အူလမ္းေၾကာင္းကို က်န္းမာေစႏိုင္တယ္
ဥသွ်စ္သီးကိ အစာအိမ္နဲ႔အူလမ္းေၾကာင္းတေလွ်ာက္မွာ အနာရွိသူေတြအတြက္ အထူးသင့္ေတာ္ပါတယ္။ ဓာတ္တိုးဆန႔္က်င္အာနိသင္ရွိေနတာေၾကာင့္ အစာေျခလမ္းေၾကာင္းတစ္ခုလုံးကိုက်န္းမာေစၿပီး အနာေတြရွိခဲ့ရင္လည္း သက္သာေစႏိုင္ပါတယ္။ ေရာင္ရမ္းမႈကိုေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။
ကိုလက္စထေရာထိန္းညႇိေပးတယ္
ကိုလက္စထေရာပမာဏကို ထိန္းညႇိေပးၿပီး ေသြးတြင္းကိုလက္စထေရာပမာဏကို က်ဆင္းေစႏိုင္ပါတယ္။
ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးႏိုင္တယ္
အေရျပားအပါအဝင္ ခႏၶာကိုယ္အစိတ္အပိုင္းေတြမွာ မႈိပိုးကူးစက္ခံရတာ၊ ေရာဂါပိုးကူးစက္ခံရတာေတြကို အထူးသက္သာေစႏိုင္ပါတယ္။ ခႏၶာကိုယ္မွာ ဘက္တီးရီးယားနဲ႔ မႈိေၾကာင့္ျဖစ္လာႏို္င္တဲ့ ေရာဂါေတြကို အထိေရာက္ဆုံးကာကြယ္ေပးႏိုင္မွာပါ။
ဝမ္းမွန္ေစႏိုင္တယ္
ဥသွ်စ္သီးက ဝမ္းခ်ဳပ္တာကို သက္သာေစၿပီး ဗိုက္ေအာင့္ဗိုက္နာကိုလည္း သက္သာေစႏိုင္ပါတယ္။ သဘာဝဝမ္းႏုတ္ေဆးတစ္မ်ိဳးေပါ့။ အူေတြနဲ႔ အစာေျခလမ္းေၾကာင္းကို သန႔္စင္ေပးႏိုင္ပါတယ္။ ဥသွ်စ္သီးကို င႐ုတ္ေကာင္း၊ဆားတို႔နဲ႔ေရာစပ္ၿပီးေသာက္သုံးမယ္ဆိုရင္ အူတြင္းက အဆိပ္အေတာက္ေတြကို အထိေရာက္ဆုံးဖယ္ရွားႏိုင္မွာပါ။
အပူၿငိမ္းေစႏိုင္တယ္
ဥသွ်စ္သီးကို ပ်ားရည္နဲ႔ေဖ်ာ္ၿပီးေသာက္ေပးမယ္ဆိုရင္ အပူမ်ားလို႔့ လွ်ာနဲ႔ ပါးစပ္မွာျဖစ္တဲ့ အနာေတြကို သက္သာေစႏိုင္သလို ကိုယ္တြင္းအပူကိုၿငိမ္းေစႏိုင္ပါတယ္။ မနက္စာမစားခင္နဲ႔ ညစာမစားခင္ေတြမွာ ဥသွ်စ္သီးေဖ်ာ္ရည္ေတြကို ပုံမွန္ေသာက္ေပးတာက ကိုယ္တြင္း အပူၿငိမ္းေစဖို႔ အထိေရာက္ဆုံးနည္းလမး္ပါ။
အေရျပားအဖုအပိမ့္ေတြကိုသက္သာေစႏိုင္ပါတယ္
ဥသွ်စ္သီးေဖ်ာ္ရည္ကို ကရေဝး႐ြက္၊ နႏြင္းတို႔နဲ႔ေဖ်ာ္ၿပီးတစ္ေန႔ႏွစ္ႀကိမ္ေသာက္ေပးမယ္ဆိုရင္ အေရျပားမွာ အဖုအပိမ့္ေတြျဖစ္တာကို သက္သာေစႏိုင္မွာပါ။
ႏို႔ထြက္ေစႏိုင္တယ္
ႏို႔တိုက္ေမေမေတြအေနနဲ႔ ဥသွ်စ္သီးကို ခ်င္း(ဂ်င္း) နဲ႔ေဖ်ာ္ၿပီးေသာက္ေပးမယ္ဆိုရင္ ေဘဘီေလးအတြက္ လုံေလာက္တဲ့ ႏို႔ခ်ိဳကို ရရွိေစမွာပါ။
ကင္ဆာကာကြယ္ေပးႏိုင္တယ္
ေန႔တိုင္း ဥသွ်စ္သီးေဖ်ာ္ရည္ တစ္ခြက္ေသာက္သုံးေပးတာက ရင္သားကင္ဆာအပါအဝင္ ကင္ဆာေတာ္ေတ္ာမ်ားမ်ားကို ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။
ေသြးသန႔္ေစႏိုင္တယ္
ဥသွ်စ္သီးကိုေရေႏြးေႏြးေလးနဲ႔ ပ်ားရည္တို႔နဲ႔ေရာစပ္လို႔ ေသာက္သုံးေပးတာက ေသြးတြင္းက အဆိပ္အေတာက္ေတြကို အထိေရာက္ဆုံးဖယ္ရွားေပးႏိုင္ၿပီး ေသြးသန႔္ေစႏိုင္ပါတယ္။
လိပ္ေခါင္းသက္သာေစႏိုင္တယ္
ဥသွ်စ္သီးေဖ်ာ္ရည္က ဝမ္းမွန္ေစ႐ုံတင္မဟုတ္ဘဲ ဝမ္းပ်က္ဝမ္းေလွ်ာ၊ဝမ္းကိုက္တာေတြကိုပါသက္သာေစႏိုင္သလို လိပ္ေခါင္းေဝဒနာကိုပါ သက္သာေစႏိုင္ပါတယ္။
ဗီတာမင္ C ခ်ိဳ႕တဲ့မႈကို ကာကြယ္ေပးႏိုင္တယ္
ဗီတာမင္ C ခ်ိဳ႕တဲ့မႈေၾကာင့္ျဖစ္တဲ့ ေသြးေၾကာေတြထိခိုက္တာမ်ိဳးမျဖစ္ေစဖို႔အတြက္လည္း ဥသွ်စ္ေဖ်ာ္ရည္ကို ေသာက္သုံးေပးလို႔ရပါတယ္။ ဥသွ်စ္သီးက ဗီတာမင္ နဲ႔ သတၱဳဓာတ္မ်ားစြာႂကြယ္ဝတာေၾကာင့္ ေရာဂါေတာ္ေတာ္မ်ားမ်ားကို သက္သာေစႏိုင္စြမ္းရွိပါတယ္။
အသက္ရႈလမ္းေၾကာင္းကတဆင့္ ကူးစက္တဲ့ေရာဂါေတြကို ကာကြယ္ေပးႏိုင္တယ္
ပန္းနာရင္က်ပ္ေရာဂါအပါအဝင္ အေအးမိဖ်ားနာတာလိုမ်ိဳး အသက္ရႈလမ္းေၾကာင္းကေနတဆင့္ ကူးစက္တဲ့ေရာဂါေတြကို အထိေရာက္ဆုံး ကာကြယ္ေပးႏိုင္စြမ္းရွိပါတယ္။
ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိေပးႏိုင္တယ္
ဥသွ်စ္သီးက ပန္ကရိယကိုလႈံ႕ေဆာ္ေပးၿပီး အင္ဆူလင္ကို လုံေလာက္စြာထုတ္ေစႏိုင္တာေၾကာင့္ ေသြးတြင္းသၾကားဓာတ္ကို အထိေရာက္ဆုံးထိန္းခ်ဳပ္ႏိုင္ပါတယ္။
နားကိုက္တာကို သက္သာေစႏိုင္တယ္
နားကိုက္တာကိုသက္သာေစဖို႔ဆိုရင္ေတာ့ ဥသွ်စ္ပင္အျမစ္ကို အသုံးျပဳေပးလို႔ရပါတယ္။ အျခားေသာနားျပႆနာ အမ်ိဳးမ်ိဳးအတြက္လည္း ဥသွ်စ္ပင္အျမစ္ကို အသုံးျပဳေပးလို႔ရပါတယ္။
ဤေဆာင္းပါးကို Mizzima ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။
Unicode ဖြင့်ဖတ်ရန်
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

နွေပူနေချိန်မှာ ဥသျှစ်သီးဖျော်ရည် အေးအေးချိုချိုလေးသောက်လိုက်ရတာကလည်း စိတ်ကျေနပ်မှု အပြည့်အဝရရှိစေတဲ့ ခံစားချက်တွေထဲကတစ်ခုပဲနော်။ ငယ်ငယ်က မြန်မာနိုင်ငံအလယ်ပိုင်းက အပူပိုင်းဒေသတွေကိုသွားရင်ဥသျှစ်သီးဖျော်ရည်မွှေးမွှေးချိုချိုလေးကိုသောက်ခဲ့ဖူးမှာပါ။ ထန်းလျက်နဲ့ဖျော်ထားတဲ့ ဥသျှစ်သီးဖျော်ရည်လေးက သောက်ကောင်းရုံလောက်တင်မဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း တကယ်ကောင်းတယ်ဆိုတာကို ဒီဆောင်းပါးေးလကနေတဆင့် ပြောပြပေးချင်ပါတယ်။
ဥသျှစ်သီး ဆိုတာက
ဥသျှစ်သီးဆိုတာက အပူပိုင်းဒေသမှာ အများဆုံးပေါက်ရောက်တဲ့ အသီးတစ်မျိုးပါ။ ဆေးဖက်ဝင်အာနိသင်တွေလည်း ကြွယ်ပါတယ်။ ပြောင်ချောနေတဲ့ အခွံမာမာအသီးတစ်မျိုးပေါ့။ အမြင့်ပေ ၃၀ လောက်ထိရှိတဲ့ အပူပိုင်းဒေသအပင်တစ်မျိုးပေါ့။ ချိုတဲ့ အညိုရောင်အသားတွေနဲ့အတူ အစေ့ဖြူဖြူလေးတွေပါတတ်တဲ့ အသီးတစ်မျိုးပါ။ အိန္ဒိယနဲ့သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာပေါက်ရောက်သလို မြန်မာနိုင်ငံနဲ့ အခြားတောင်အာရှနိုင်ငံတွေမှာလည်း ပေါက်ရောက်ကြပါတယ်။
ဥသျှစ်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ……….
အရသာရှိတဲ့ ဥသျှစ်သီးဖျော်ရည်လေးကိုပုံမှန်သောက်သုံးပေးတာက
နှလုံးကျန်းမာစေနိုင်တယ်
ဥသျှစ်သီးကို ပုံမှန်စားသုံးပေးတာက နှလုံးနဲ့့ပတ်သက်တဲ့ရောဂါတွေ မခံစားရအောင်ကာကွယ်ပေးနိုင်သလို လေဖြတ်တာနဲ့ ရုတ်တရက်နှလုံးရပ်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလည်း ၅၄ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။
အစာအိမ်နဲ့အူလမ်းကြောင်းကို ကျန်းမာစေနိုင်တယ်
ဥသျှစ်သီးကိ အစာအိမ်နဲ့အူလမ်းကြောင်းတလျှောက်မှာ အနာရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိနေတာကြောင့် အစာခြေလမ်းကြောင်းတစ်ခုလုံးကိုကျန်းမာစေပြီး အနာတွေရှိခဲ့ရင်လည်း သက်သာစေနိုင်ပါတယ်။ ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။
ကိုလက်စထရောထိန်းညှိပေးတယ်
ကိုလက်စထရောပမာဏကို ထိန်းညှိပေးပြီး သွေးတွင်းကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပါတယ်။
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်
အရေပြားအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ မှိုပိုးကူးစက်ခံရတာ၊ ရောဂါပိုးကူးစက်ခံရတာတွေကို အထူးသက်သာစေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဘက်တီးရီးယားနဲ့ မှိုကြောင့်ဖြစ်လာနို်င်တဲ့ ရောဂါတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။
ဝမ်းမှန်စေနိုင်တယ်
ဥသျှစ်သီးက ဝမ်းချုပ်တာကို သက်သာစေပြီး ဗိုက်အောင့်ဗိုက်နာကိုလည်း သက်သာစေနိုင်ပါတယ်။ သဘာဝဝမ်းနုတ်ဆေးတစ်မျိုးပေါ့။ အူတွေနဲ့ အစာခြေလမ်းကြောင်းကို သန့်စင်ပေးနိုင်ပါတယ်။ ဥသျှစ်သီးကို ငရုတ်ကောင်း၊ဆားတို့နဲ့ရောစပ်ပြီးသောက်သုံးမယ်ဆိုရင် အူတွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားနိုင်မှာပါ။
အပူငြိမ်းစေနိုင်တယ်
ဥသျှစ်သီးကို ပျားရည်နဲ့ဖျော်ပြီးသောက်ပေးမယ်ဆိုရင် အပူများလို့့ လျှာနဲ့ ပါးစပ်မှာဖြစ်တဲ့ အနာတွေကို သက်သာစေနိုင်သလို ကိုယ်တွင်းအပူကိုငြိမ်းစေနိုင်ပါတယ်။ မနက်စာမစားခင်နဲ့ ညစာမစားခင်တွေမှာ ဥသျှစ်သီးဖျော်ရည်တွေကို ပုံမှန်သောက်ပေးတာက ကိုယ်တွင်း အပူငြိမ်းစေဖို့ အထိရောက်ဆုံးနည်းလမး်ပါ။
အရေပြားအဖုအပိမ့်တွေကိုသက်သာစေနိုင်ပါတယ်
ဥသျှစ်သီးဖျော်ရည်ကို ကရဝေးရွက်၊ နနွင်းတို့နဲ့ဖျော်ပြီးတစ်နေ့နှစ်ကြိမ်သောက်ပေးမယ်ဆိုရင် အရေပြားမှာ အဖုအပိမ့်တွေဖြစ်တာကို သက်သာစေနိုင်မှာပါ။
နို့ထွက်စေနိုင်တယ်
နို့တိုက်မေမေတွေအနေနဲ့ ဥသျှစ်သီးကို ချင်း(ဂျင်း) နဲ့ဖျော်ပြီးသောက်ပေးမယ်ဆိုရင် ဘေဘီလေးအတွက် လုံလောက်တဲ့ နို့ချိုကို ရရှိစေမှာပါ။
ကင်ဆာကာကွယ်ပေးနိုင်တယ်
နေ့တိုင်း ဥသျှစ်သီးဖျော်ရည် တစ်ခွက်သောက်သုံးပေးတာက ရင်သားကင်ဆာအပါအဝင် ကင်ဆာတော်တေ်ာများများကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
သွေးသန့်စေနိုင်တယ်
ဥသျှစ်သီးကိုရေနွေးနွေးလေးနဲ့ ပျားရည်တို့နဲ့ရောစပ်လို့ သောက်သုံးပေးတာက သွေးတွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပြီး သွေးသန့်စေနိုင်ပါတယ်။
လိပ်ခေါင်းသက်သာစေနိုင်တယ်
ဥသျှစ်သီးဖျော်ရည်က ဝမ်းမှန်စေရုံတင်မဟုတ်ဘဲ ဝမ်းပျက်ဝမ်းလျှော၊ဝမ်းကိုက်တာတွေကိုပါသက်သာစေနိုင်သလို လိပ်ခေါင်းဝေဒနာကိုပါ သက်သာစေနိုင်ပါတယ်။
ဗီတာမင် C ချို့တဲ့မှုကို ကာကွယ်ပေးနိုင်တယ်
ဗီတာမင် C ချို့တဲ့မှုကြောင့်ဖြစ်တဲ့ သွေးကြောတွေထိခိုက်တာမျိုးမဖြစ်စေဖို့အတွက်လည်း ဥသျှစ်ဖျော်ရည်ကို သောက်သုံးပေးလို့ရပါတယ်။ ဥသျှစ်သီးက ဗီတာမင် နဲ့ သတ္တုဓာတ်များစွာကြွယ်ဝတာကြောင့် ရောဂါတော်တော်များများကို သက်သာစေနိုင်စွမ်းရှိပါတယ်။
အသက်ရှုလမ်းကြောင်းကတဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်
ပန်းနာရင်ကျပ်ရောဂါအပါအဝင် အအေးမိဖျားနာတာလိုမျိုး အသက်ရှုလမ်းကြောင်းကနေတဆင့် ကူးစက်တဲ့ရောဂါတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်
ဥသျှစ်သီးက ပန်ကရိယကိုလှုံ့ဆော်ပေးပြီး အင်ဆူလင်ကို လုံလောက်စွာထုတ်စေနိုင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံးထိန်းချုပ်နိုင်ပါတယ်။
နားကိုက်တာကို သက်သာစေနိုင်တယ်
နားကိုက်တာကိုသက်သာစေဖို့ဆိုရင်တော့ ဥသျှစ်ပင်အမြစ်ကို အသုံးပြုပေးလို့ရပါတယ်။ အခြားသောနားပြဿနာ အမျိုးမျိုးအတွက်လည်း ဥသျှစ်ပင်အမြစ်ကို အသုံးပြုပေးလို့ရပါတယ်။
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Sign up here with your email

ConversionConversion EmoticonEmoticon