အလုပ္ခြင္မွာ လာအႏိုင္က်င့္တာ အရႈံးေပးစရာမလိုပါ


Zawgyiျဖင့္ဖတ္ရန္
ေရးသားသူ Yun Sandi Nan Mon

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ hellosayarwon

   

လူအခ်င္းခ်င္း အႏိုင္က်င့္တယ္ဆိုတာ ပုံစံအမ်ိဳးမ်ိဳးရွိေပမယ့္ အမ်ားအားျဖင့္ေတာ့ တစ္ဦးတစ္ေယာက္တည္းကို မလိုလား၊ မႀကိဳဆိုတဲ့အရိပ္အေယာင္ ျပတာ၊ ရန္စတာ၊ ဆန႔္က်င္ဘက္ျပဳတာ လိုမ်ိဳး အျပဳအမူေတြလို႔ သတ္မွတ္ယူဆၾကပါတယ္။ အႏိုင္က်င့္မႈဆိုတာ စိတ္ပိုင္းဆိုင္ရာလည္းျဖစ္ႏိုင္တယ္၊ ကိုယ္ထိလက္ေရာက္လည္းျဖစ္ႏိုင္တယ္၊ ႏႈတ္နဲ႔ပဲေျပာဆိုတာလည္း အက်ဳံးဝင္ပါတယ္။

ကေလးဘဝမွာ ေတြ႕ရတာအမ်ားဆုံးေပမယ့္ အ႐ြယ္ေရာက္မွွ အလုပ္ခြင္မွာ လူမသိသူမသိ အႏိုင္က်င့္ခံေနရတာေတြလည္း အမ်ားႀကီးပါ။ က်ဴးလြန္သူေတြရဲ႕အာဏာ၊ လုပ္ပိုင္ခြင့္၊ ရာထူး၊ အဖြဲ႕အင္အား တို႔ေၾကာင့္ ေအာင့္အည္းသည္းခံရင္း ျဖတ္ေက်ာ္ၾကရတဲ့သူေတြရွိပါတယ္။ ခြဲျခားဆက္ဆံမႈေတြ၊အႏိုင္က်င့္မႈေတြေၾကာင့္ နာက်င္ခံစားရရင္း ျဖစ္လာတဲ့စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာနစ္နာမႈေတြအတြက္ ဘယ္သူ႔မွာတာဝန္ရွိပါသလဲ။ သည္းခံေနတဲ့သူ ဘယ္လိုမွ မေတာင့္ခံႏိုင္ေတာ့လို႔ ကိုယ့္ကိုယ့္ကိုယ္အဆုံးစီရင္ခဲ့ရင္ ဘယ္သူ႔မွာတာဝန္ရွိပါသလဲ။

ဒီလို ထြက္ေပါက္ရွာတဲ့အေတြးဟာ မွားယြင္းေနပါတယ္ေနာ္။ စိတ္ေရာဂါေတြဖိစီးလာတဲ့အထိ သည္းခံမေနပါနဲ႔။ လူ႔ေလာက ကေပ်ာက္ကြယ္မယ့္နည္းနဲ႔လည္း ကိုယ္လြတ္မ႐ုန္းပါနဲ႔။ ကိုယ္မရွိေတာ့ရင္လည္း ခြဲျခားဆက္ဆံေနၾကသူေတြက ပစ္မွတ္ေနာက္တစ္ေယာက္ကို ရွာပါလိမ့္မယ္။ ဒီလိုအႏိုင္က်င့္တာေတြအတြက္ ေျဖရွင္းဖို႔ နည္းလမ္းေတြရွိပါတယ္ –
ဘယ္လိုလုပ္ရမလဲ

ဟန႔္မယ္

အရင္ဆုံးသိထားရမွာက အႏိုင္က်င့္သူေတြက ဒီလူကို လုပ္လို႔ရသေ႐ြ႕ ခ်ိဳးႏွိမ္ အႏိုင္က်င့္ေနမွာပဲဆိုတာကိုပါ။ သည္းခံတတ္တဲ့ကိုယ့္အတြက္ နည္းနည္းခက္မယ္ဆိုေပမယ့္ အေျပာင္းအလဲကိုလိုခ်င္ရင္ နည္းနည္းေတာ့႐ုန္းထြက္ရပါမယ္။ သူလုပ္သမွ်ကို ကိုယ္ခံစားမေနဘူး၊ ေၾကာက္မေနဘူးဆိုတာရယ္၊ ဆက္ၿပီးသည္းမခံေတာ့ဘူးဆိုတာရယ္ သူသိေအာင္လုပ္ပါ။

ခ်က္ခ်င္းေတာ့မတားဆီးႏိုင္ေပမယ့္ အရွိန္ေတာ့ေလ်ာ့ပါမယ္၊ အရင္လို လြယ္လြယ္နဲ႔လာအႏိုင္က်င့္ေတာ့မွာမဟုတ္ပါဘူး။ မေကာင္းတဲ့အျပဳအမူနဲ႔ သူခ်ဥ္းကပ္လာတိုင္း ဒီလိုအရိပ္အေယာင္ျပပါ။ ေနာက္ဆုံးမရရင္ သူ႔အျပဳအမူကို အထက္အရာရွိဆီတိုင္ပါ။

အျပဳအမူကို မွတ္တမ္းယူပါ

အျဖစ္အပ်က္အမွန္ကို မွတ္တမ္းမယူထားရင္ ေနာက္ပိုင္းက် သူဆင္တဲ့ဇာတ္လမ္းအတိုင္းျဖစ္သြားႏိုင္ပါတယ္။ဒါ့ေၾကာင့္ ကိုယ့္အေပၚအႏိုင္က်င့္သူရဲ႕လႈပ္ရွားမႈတိုင္း ေျပာစကားတိုင္းကို မသိမသာ မွတ္တမ္းယူပါ။ ဘယ္အခ်ိန္ကျဖစ္ခဲ့တာလဲ၊ ဘယ္ရက္ကျဖစ္တာလဲ၊ ေဘးနားမွာဘယ္သူေတြရွိလဲ၊ ဘယ္သူျမင္လိုက္ၾကားလိုက္ႏိုင္သလဲ မွတ္ထားပါ။ အသံဖမ္းသင့္ဖမ္းထားပါ။

အထက္လူႀကီးဆီ တင္ျပပါ

အလုပ္ခြင္ထဲမွာ ဝန္ထမ္းအခ်င္းခ်င္းအႏိုင္က်င့္ခံရ၊ နစ္နာရတဲ့အတြက္ အထက္လူႀကီးကို တင္ျပခြင့္ရွိပါတယ္။ ဒါေပမယ့္ အထက္လူႀကီးက အေရးတယူမရွိခဲ့ရင္၊ ဒါမွမဟုတ္ က်ဴးလြန္သူကို အထိနာေလာက္တဲ့ အျပစ္ဒဏ္တစ္ခုခုခ်လိုက္တယ္ဆိုရင္ အမုန္းပြားတဲ့အေျခအေနပိုဆိုးသြားႏိုင္ပါတယ္။ ေနာက္တစ္ခ်က္က အႏိုင္က်င့္သူဟာ ကုမၸဏီအတြက္ တန္ဖိုးရွိေနတဲ့သူျဖစ္ရင္ ဘယ္သူကမွ သူ႔ကိုဆန႔္က်င္ဘက္ျပဳမွာမဟုတ္ပါဘူး။ ဒါေပမယ့္ ကိုယ့္ကိုယ္ကိုကာကြယ္ဖို႔အတြက္ ၊လုပ္ငန္းခြင္မထိခိုက္ေအာင္ ေျဖရွင္းေပးဖို႔ အထက္လူႀကီးေတြရဲ႕ ပူးေပါင္းကူညီမႈလိုအပ္ပါတယ္။ ႀကိဳးစားၾကည့္ရမွာ ကိုယ့္တာဝန္ပါ။

တကယ္လို႔ အထက္လူႀကီးက အႏိုင္က်င့္တာဆိုရင္ေတာ့

သူ႔ထက္ရာထူးျမင့္တဲ့သူေတြအထိ တက္သင့္ရင္တက္ရပါမယ္။ အေရးႀကီးတာက အျဖစ္အပ်က္၊ မွတ္တမ္း၊ မ်က္ျမင္သက္ေသ၊ စတဲ့အေထာက္အထားအကုန္  စုထားဖို႔ေတာ့အေရးႀကီးပါတယ္။ ဒီလိုျပႆနာမ်ိဳးေတြကို အုပ္ခ်ဳပ္ေရးပိုင္းက သေဘာက်မွာေတာ့မဟုတ္ပါဘူး။ ဒီအခ်ိန္မွာ ကိုယ္က စြဲခ်က္ေတြတပုံတပင္နဲ႔ မတိုင္မိဖို႔လည္းလိုပါတယ္။ ဒီလိုဆို သူတို႔အေနနဲ႔ ေျဖရွင္းမေပးဘဲ ေရွာင္ေျပးဖို႔ ဒါမွမဟုတ္ သင့္အမွားအျဖစ္ လႊဲခ်လိုက္ဖို႔လြယ္ကူသြားႏိုင္ပါတယ္။ အတိအက်ကို အမွန္အတိုင္း သက္ေသစုထားပါ။ စီမံအုပ္ခ်ဳပ္မႈစနစ္ေကာင္းသူေတြကေတာ့ အမွန္အတိုင္းေျဖရွင္းေပးပါလိမ့္မယ္။

ဥပေဒအရ

ဘယ္သူျဖစ္လို႔၊ ဘာျဖစ္လို႔ဆိုတဲ့ လူတစ္ေယာက္ရဲ႕ျဖစ္တည္မႈနဲ႔ပတ္သက္တဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ အႏိုင္က်င့္တာဟာ လူ႔အခြင့္အေရးကို ခ်ိဳးေဖာက္တာပါပဲ။ စိတ္ပိုင္းဆိုင္ရာနစ္နာမႈ၊ ကိုယ္ထိလက္ေရာက္အႏိုင္က်င့္မႈ၊ အလုပ္ခြင္မွာနစ္နာမႈ၊ ဂုဏ္သိကၡာထိခိုက္မႈေတြနဲ႔ သက္ဆိုင္ေနတာမို႔ ခြဲျခားဆက္ဆံခံရၿပီး အႏိုင္က်င့္ခံရတယ္ဆိုရင္ ၊ အေပၚကနည္းေတြနဲ႔ မရေတာ့ဘူးဆိုရင္ ကူညီေပးတဲ့အဖြဲ႕အစည္းေတြနဲ႔ဆက္သြယ္ၿပီး ဥပေဒအရရင္ဆိုင္ပါ။

ခြဲျခားဆက္ဆံၿပီး အႏိုင္က်င့္တဲ့ အလုပ္ခြင္

အေႏွာင့္အယွက္ေပးရာကေန ဒုကၡေပးတဲ့အဆင့္၊ ေခ်ာင္ပိတ္႐ိုက္တဲ့အဆင့္ကို ေရာက္လာတာဟာ တကယ္ကိုဆိုးပါတယ္။ မခံႏိုင္လို႔အလုပ္ထြက္ႏိုင္သူေတြရွိေပမယ့္ မထြက္ဘဲ သည္းခံေနသူေတြမွာ စိတ္ဒဏ္ရာေတြရလာႏိုင္တယ္၊ မလိုလားအပ္တဲ့ ဆိုးက်ိဳးထိခိုက္မႈေတြျဖဖစ္လာႏိုင္တယ္၊ ဘဝနဲ႔ခ်ီတဲ့ ဆုံးရႈံးမႈေတြရွိလာႏိုင္တယ္။

ဥပမာ အလုပ္ခြင္မွာ –

    ဝန္ထမ္းတစ္ေယာက္ကို အရင္းအျမစ္ေတြ၊ အလုပ္ပေရာဂ်က္ေတြ၊ အခြင့္အလမ္းေတြ မရရွိေအာင္ ပယ္ထားခံရတာ၊
    စြမ္းေဆာင္မႈအေပၚ အဖက္လုပ္မခံရတာ၊
    သူလုပ္ရမယ့္အလုပ္မွာအေရးပါတဲ့ သတင္းအခ်က္အလက္ကို ခ်န္လွပ္ထားတာ၊
    အေရးပါတဲ့အစည္းအေဝးကို မတက္ေရာက္ေစတာ၊ ဒါမွမဟုတ္ အစည္းအေဝးအေၾကာင္း အသိမေပးတာ၊
    အလုပ္ျပဳတ္မယ္လို႔ ၿခိမ္းေျခာက္တာ၊
    အလြန္အကြၽံ မ်က္စိေဒါက္ေထာက္ေစာင့္ၾကည့္ခံရတာ၊ ကိုယ္လုပ္သမွ် အေသးစိတ္ဝင္ေဝဖန္စီမံခံရတာ၊
    အခ်ိန္မီမၿပီးေလာက္တဲ့ အလုပ္တာဝန္ေတြေပးအပ္ၿပီး အေျခအျမစ္မရွိတဲ့ လ်ာထားခ်က္ေတြျပည့္မီေအာင္လုပ္ခိုင္းတာ၊
    လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔မတူဘဲ ကိုယ့္ကို ခြဲျခားဆက္ဆံခံရတာ၊
    မဟုတ္မမွန္စြပ္စြဲျပစ္တင္ခံရတာ၊ အျပစ္လႊဲခ်ခံရတာ၊
    ကိုယ့္အားနည္းခ်က္ကို မၾကာခဏေထာက္ျပ ေလွာင္ေျပာင္ခံရတာ၊
    ခ်ိဳးႏွိမ္ခံရတာ၊ လူေရွ႕မွာ ႀကိမ္းေမာင္းခံရတာ၊ ႐ိုင္းစိုင္းတာေတြေျပာခံရတာေတြ အကုန္လုံးက ခြဲျခားဆက္ဆံမႈနဲ႔ အႏိုင္က်င့္မႈေခါင္းစဥ္ေအာက္မွာ အက်ဳံးဝင္ပါတယ္။
ဒီလိုအျပဳအမူမ်ိဳးေတြမၾကာခဏလုပ္ေလ့ရွိတဲ့ လူ႔အဖြဲ႕အစည္းမွာ ထိန္းသိမ္းၾကပ္မတ္မႈမရွိရင္ က်င့္ဝတ္ပိုင္းတင္မက လုပ္ငန္းကိုပါထိခိုက္ေစႏိုင္ပါတယ္။
ေရွ႕ဆက္ၾကမယ္

အႏိုင္က်င့္တာေတြက ခံရသူတစ္ဦးတည္းနဲ႔ဆိုင္တာမဟုတ္ပါဘူးေနာ္။ ကိုယ္ျဖစ္တာမဟုတ္လို႔ မဆိုင္သလိုေနတာ၊ အမွန္ဘက္က မရပ္တည္ေပးတာ၊ ဘက္လိုက္ေပးတာေတြက မလုပ္သင့္တဲ့အရာေတြပါ။ ကိုယ့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ေယာက္ ဒီလိုခံစားခဲ့ရရင္ ပစ္မထားဘဲ တတ္ႏိုင္သေလာက္ကူညီအားေပးပါ၊ အတူရင္ဆိုင္ေပးပါ၊ သက္ေသခံေပးပါ။ ဒါကသာ ကိုယ့္အတြက္၊ ကိုယ္ေနထိုင္တဲ့လူ႔အဖြဲ႕အစည္းအတြက္ ကာကြယ္ေစာင့္ေရွာက္ရာေရာက္ပါလိမ့္မယ္။

အလုပ္ခြင္ဆိုတာ လူအမ်ိဳးမ်ိဳး စိတ္အေထြေထြ ျမင္ေတြ႕ဆက္ဆံေနရမွာျဖစ္တဲ့အတြက္ ခံစားခ်က္ကိုသိပ္ၿပီးဦးစားမေပးဖို႔လည္း လိုပါတယ္။ အားၿပိဳင္တာ၊ အာဏာျပတာ၊ ဒရာမာခင္းတာေတြက ေရွာင္လႊဲလို႔ခက္တဲ့အရာေတြမို႔ တစ္ဦးတစ္ေယာက္ကိုထိခိုက္နစ္နာေစတဲ့ကိစစ မဟုတ္ရင္ အတိုင္းအတာတစ္ခုထိ တုံ႔ျပန္အေရးမလုပ္တာေကာင္းပါတယ္။ ကိုယ့္ကိုရန္စေနလည္း တတ္ႏိုင္သေလာက္ကင္းကြာေအာင္ ေနၿပီး ကိုယ့္အလုပ္တာဝန္ကိုပဲ အာ႐ုံစိုက္ပါ။

ဤေဆာင္းပါးကို Mizzima ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။

Unicode ဖြင့်ဖတ်ရန်

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon

   

လူအချင်းချင်း အနိုင်ကျင့်တယ်ဆိုတာ ပုံစံအမျိုးမျိုးရှိပေမယ့် အများအားဖြင့်တော့ တစ်ဦးတစ်ယောက်တည်းကို မလိုလား၊ မကြိုဆိုတဲ့အရိပ်အယောင် ပြတာ၊ ရန်စတာ၊ ဆန့်ကျင်ဘက်ပြုတာ လိုမျိုး အပြုအမူတွေလို့ သတ်မှတ်ယူဆကြပါတယ်။ အနိုင်ကျင့်မှုဆိုတာ စိတ်ပိုင်းဆိုင်ရာလည်းဖြစ်နိုင်တယ်၊ ကိုယ်ထိလက်ရောက်လည်းဖြစ်နိုင်တယ်၊ နှုတ်နဲ့ပဲပြောဆိုတာလည်း အကျုံးဝင်ပါတယ်။

ကလေးဘဝမှာ တွေ့ရတာအများဆုံးပေမယ့် အရွယ်ရောက်မှှ အလုပ်ခွင်မှာ လူမသိသူမသိ အနိုင်ကျင့်ခံနေရတာတွေလည်း အများကြီးပါ။ ကျူးလွန်သူတွေရဲ့အာဏာ၊ လုပ်ပိုင်ခွင့်၊ ရာထူး၊ အဖွဲ့အင်အား တို့ကြောင့် အောင့်အည်းသည်းခံရင်း ဖြတ်ကျော်ကြရတဲ့သူတွေရှိပါတယ်။ ခွဲခြားဆက်ဆံမှုတွေ၊အနိုင်ကျင့်မှုတွေကြောင့် နာကျင်ခံစားရရင်း ဖြစ်လာတဲ့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနစ်နာမှုတွေအတွက် ဘယ်သူ့မှာတာဝန်ရှိပါသလဲ။ သည်းခံနေတဲ့သူ ဘယ်လိုမှ မတောင့်ခံနိုင်တော့လို့ ကိုယ့်ကိုယ့်ကိုယ်အဆုံးစီရင်ခဲ့ရင် ဘယ်သူ့မှာတာဝန်ရှိပါသလဲ။

ဒီလို ထွက်ပေါက်ရှာတဲ့အတွေးဟာ မှားယွင်းနေပါတယ်နော်။ စိတ်ရောဂါတွေဖိစီးလာတဲ့အထိ သည်းခံမနေပါနဲ့။ လူ့လောက ကပျောက်ကွယ်မယ့်နည်းနဲ့လည်း ကိုယ်လွတ်မရုန်းပါနဲ့။ ကိုယ်မရှိတော့ရင်လည်း ခွဲခြားဆက်ဆံနေကြသူတွေက ပစ်မှတ်နောက်တစ်ယောက်ကို ရှာပါလိမ့်မယ်။ ဒီလိုအနိုင်ကျင့်တာတွေအတွက် ဖြေရှင်းဖို့ နည်းလမ်းတွေရှိပါတယ် –
ဘယ်လိုလုပ်ရမလဲ

ဟန့်မယ်

အရင်ဆုံးသိထားရမှာက အနိုင်ကျင့်သူတွေက ဒီလူကို လုပ်လို့ရသရွေ့ ချိုးနှိမ် အနိုင်ကျင့်နေမှာပဲဆိုတာကိုပါ။ သည်းခံတတ်တဲ့ကိုယ့်အတွက် နည်းနည်းခက်မယ်ဆိုပေမယ့် အပြောင်းအလဲကိုလိုချင်ရင် နည်းနည်းတော့ရုန်းထွက်ရပါမယ်။ သူလုပ်သမျှကို ကိုယ်ခံစားမနေဘူး၊ ကြောက်မနေဘူးဆိုတာရယ်၊ ဆက်ပြီးသည်းမခံတော့ဘူးဆိုတာရယ် သူသိအောင်လုပ်ပါ။

ချက်ချင်းတော့မတားဆီးနိုင်ပေမယ့် အရှိန်တော့လျော့ပါမယ်၊ အရင်လို လွယ်လွယ်နဲ့လာအနိုင်ကျင့်တော့မှာမဟုတ်ပါဘူး။ မကောင်းတဲ့အပြုအမူနဲ့ သူချဉ်းကပ်လာတိုင်း ဒီလိုအရိပ်အယောင်ပြပါ။ နောက်ဆုံးမရရင် သူ့အပြုအမူကို အထက်အရာရှိဆီတိုင်ပါ။

အပြုအမူကို မှတ်တမ်းယူပါ

အဖြစ်အပျက်အမှန်ကို မှတ်တမ်းမယူထားရင် နောက်ပိုင်းကျ သူဆင်တဲ့ဇာတ်လမ်းအတိုင်းဖြစ်သွားနိုင်ပါတယ်။ဒါ့ကြောင့် ကိုယ့်အပေါ်အနိုင်ကျင့်သူရဲ့လှုပ်ရှားမှုတိုင်း ပြောစကားတိုင်းကို မသိမသာ မှတ်တမ်းယူပါ။ ဘယ်အချိန်ကဖြစ်ခဲ့တာလဲ၊ ဘယ်ရက်ကဖြစ်တာလဲ၊ ဘေးနားမှာဘယ်သူတွေရှိလဲ၊ ဘယ်သူမြင်လိုက်ကြားလိုက်နိုင်သလဲ မှတ်ထားပါ။ အသံဖမ်းသင့်ဖမ်းထားပါ။

အထက်လူကြီးဆီ တင်ပြပါ

အလုပ်ခွင်ထဲမှာ ဝန်ထမ်းအချင်းချင်းအနိုင်ကျင့်ခံရ၊ နစ်နာရတဲ့အတွက် အထက်လူကြီးကို တင်ပြခွင့်ရှိပါတယ်။ ဒါပေမယ့် အထက်လူကြီးက အရေးတယူမရှိခဲ့ရင်၊ ဒါမှမဟုတ် ကျူးလွန်သူကို အထိနာလောက်တဲ့ အပြစ်ဒဏ်တစ်ခုခုချလိုက်တယ်ဆိုရင် အမုန်းပွားတဲ့အခြေအနေပိုဆိုးသွားနိုင်ပါတယ်။ နောက်တစ်ချက်က အနိုင်ကျင့်သူဟာ ကုမ္ပဏီအတွက် တန်ဖိုးရှိနေတဲ့သူဖြစ်ရင် ဘယ်သူကမှ သူ့ကိုဆန့်ကျင်ဘက်ပြုမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက် ၊လုပ်ငန်းခွင်မထိခိုက်အောင် ဖြေရှင်းပေးဖို့ အထက်လူကြီးတွေရဲ့ ပူးပေါင်းကူညီမှုလိုအပ်ပါတယ်။ ကြိုးစားကြည့်ရမှာ ကိုယ့်တာဝန်ပါ။

တကယ်လို့ အထက်လူကြီးက အနိုင်ကျင့်တာဆိုရင်တော့

သူ့ထက်ရာထူးမြင့်တဲ့သူတွေအထိ တက်သင့်ရင်တက်ရပါမယ်။ အရေးကြီးတာက အဖြစ်အပျက်၊ မှတ်တမ်း၊ မျက်မြင်သက်သေ၊ စတဲ့အထောက်အထားအကုန်  စုထားဖို့တော့အရေးကြီးပါတယ်။ ဒီလိုပြဿနာမျိုးတွေကို အုပ်ချုပ်ရေးပိုင်းက သဘောကျမှာတော့မဟုတ်ပါဘူး။ ဒီအချိန်မှာ ကိုယ်က စွဲချက်တွေတပုံတပင်နဲ့ မတိုင်မိဖို့လည်းလိုပါတယ်။ ဒီလိုဆို သူတို့အနေနဲ့ ဖြေရှင်းမပေးဘဲ ရှောင်ပြေးဖို့ ဒါမှမဟုတ် သင့်အမှားအဖြစ် လွှဲချလိုက်ဖို့လွယ်ကူသွားနိုင်ပါတယ်။ အတိအကျကို အမှန်အတိုင်း သက်သေစုထားပါ။ စီမံအုပ်ချုပ်မှုစနစ်ကောင်းသူတွေကတော့ အမှန်အတိုင်းဖြေရှင်းပေးပါလိမ့်မယ်။

ဥပဒေအရ

ဘယ်သူဖြစ်လို့၊ ဘာဖြစ်လို့ဆိုတဲ့ လူတစ်ယောက်ရဲ့ဖြစ်တည်မှုနဲ့ပတ်သက်တဲ့ အကြောင်းပြချက်တွေနဲ့ အနိုင်ကျင့်တာဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာပါပဲ။ စိတ်ပိုင်းဆိုင်ရာနစ်နာမှု၊ ကိုယ်ထိလက်ရောက်အနိုင်ကျင့်မှု၊ အလုပ်ခွင်မှာနစ်နာမှု၊ ဂုဏ်သိက္ခာထိခိုက်မှုတွေနဲ့ သက်ဆိုင်နေတာမို့ ခွဲခြားဆက်ဆံခံရပြီး အနိုင်ကျင့်ခံရတယ်ဆိုရင် ၊ အပေါ်ကနည်းတွေနဲ့ မရတော့ဘူးဆိုရင် ကူညီပေးတဲ့အဖွဲ့အစည်းတွေနဲ့ဆက်သွယ်ပြီး ဥပဒေအရရင်ဆိုင်ပါ။

ခွဲခြားဆက်ဆံပြီး အနိုင်ကျင့်တဲ့ အလုပ်ခွင်

အနှောင့်အယှက်ပေးရာကနေ ဒုက္ခပေးတဲ့အဆင့်၊ ချောင်ပိတ်ရိုက်တဲ့အဆင့်ကို ရောက်လာတာဟာ တကယ်ကိုဆိုးပါတယ်။ မခံနိုင်လို့အလုပ်ထွက်နိုင်သူတွေရှိပေမယ့် မထွက်ဘဲ သည်းခံနေသူတွေမှာ စိတ်ဒဏ်ရာတွေရလာနိုင်တယ်၊ မလိုလားအပ်တဲ့ ဆိုးကျိုးထိခိုက်မှုတွေဖြဖစ်လာနိုင်တယ်၊ ဘဝနဲ့ချီတဲ့ ဆုံးရှုံးမှုတွေရှိလာနိုင်တယ်။

ဥပမာ အလုပ်ခွင်မှာ –

    ဝန်ထမ်းတစ်ယောက်ကို အရင်းအမြစ်တွေ၊ အလုပ်ပရောဂျက်တွေ၊ အခွင့်အလမ်းတွေ မရရှိအောင် ပယ်ထားခံရတာ၊
    စွမ်းဆောင်မှုအပေါ် အဖက်လုပ်မခံရတာ၊
    သူလုပ်ရမယ့်အလုပ်မှာအရေးပါတဲ့ သတင်းအချက်အလက်ကို ချန်လှပ်ထားတာ၊
    အရေးပါတဲ့အစည်းအဝေးကို မတက်ရောက်စေတာ၊ ဒါမှမဟုတ် အစည်းအဝေးအကြောင်း အသိမပေးတာ၊
    အလုပ်ပြုတ်မယ်လို့ ခြိမ်းခြောက်တာ၊
    အလွန်အကျွံ မျက်စိဒေါက်ထောက်စောင့်ကြည့်ခံရတာ၊ ကိုယ်လုပ်သမျှ အသေးစိတ်ဝင်ဝေဖန်စီမံခံရတာ၊
    အချိန်မီမပြီးလောက်တဲ့ အလုပ်တာဝန်တွေပေးအပ်ပြီး အခြေအမြစ်မရှိတဲ့ လျာထားချက်တွေပြည့်မီအောင်လုပ်ခိုင်းတာ၊
    လုပ်ဖော်ကိုင်ဖက်တွေနဲ့မတူဘဲ ကိုယ့်ကို ခွဲခြားဆက်ဆံခံရတာ၊
    မဟုတ်မမှန်စွပ်စွဲပြစ်တင်ခံရတာ၊ အပြစ်လွှဲချခံရတာ၊
    ကိုယ့်အားနည်းချက်ကို မကြာခဏထောက်ပြ လှောင်ပြောင်ခံရတာ၊
    ချိုးနှိမ်ခံရတာ၊ လူရှေ့မှာ ကြိမ်းမောင်းခံရတာ၊ ရိုင်းစိုင်းတာတွေပြောခံရတာတွေ အကုန်လုံးက ခွဲခြားဆက်ဆံမှုနဲ့ အနိုင်ကျင့်မှုခေါင်းစဉ်အောက်မှာ အကျုံးဝင်ပါတယ်။
ဒီလိုအပြုအမူမျိုးတွေမကြာခဏလုပ်လေ့ရှိတဲ့ လူ့အဖွဲ့အစည်းမှာ ထိန်းသိမ်းကြပ်မတ်မှုမရှိရင် ကျင့်ဝတ်ပိုင်းတင်မက လုပ်ငန်းကိုပါထိခိုက်စေနိုင်ပါတယ်။
ရှေ့ဆက်ကြမယ်

အနိုင်ကျင့်တာတွေက ခံရသူတစ်ဦးတည်းနဲ့ဆိုင်တာမဟုတ်ပါဘူးနော်။ ကိုယ်ဖြစ်တာမဟုတ်လို့ မဆိုင်သလိုနေတာ၊ အမှန်ဘက်က မရပ်တည်ပေးတာ၊ ဘက်လိုက်ပေးတာတွေက မလုပ်သင့်တဲ့အရာတွေပါ။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက် ဒီလိုခံစားခဲ့ရရင် ပစ်မထားဘဲ တတ်နိုင်သလောက်ကူညီအားပေးပါ၊ အတူရင်ဆိုင်ပေးပါ၊ သက်သေခံပေးပါ။ ဒါကသာ ကိုယ့်အတွက်၊ ကိုယ်နေထိုင်တဲ့လူ့အဖွဲ့အစည်းအတွက် ကာကွယ်စောင့်ရှောက်ရာရောက်ပါလိမ့်မယ်။

အလုပ်ခွင်ဆိုတာ လူအမျိုးမျိုး စိတ်အထွေထွေ မြင်တွေ့ဆက်ဆံနေရမှာဖြစ်တဲ့အတွက် ခံစားချက်ကိုသိပ်ပြီးဦးစားမပေးဖို့လည်း လိုပါတယ်။ အားပြိုင်တာ၊ အာဏာပြတာ၊ ဒရာမာခင်းတာတွေက ရှောင်လွှဲလို့ခက်တဲ့အရာတွေမို့ တစ်ဦးတစ်ယောက်ကိုထိခိုက်နစ်နာစေတဲ့ကိစစ မဟုတ်ရင် အတိုင်းအတာတစ်ခုထိ တုံ့ပြန်အရေးမလုပ်တာကောင်းပါတယ်။ ကိုယ့်ကိုရန်စနေလည်း တတ်နိုင်သလောက်ကင်းကွာအောင် နေပြီး ကိုယ့်အလုပ်တာဝန်ကိုပဲ အာရုံစိုက်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။



Previous
Next Post »
Powered by Blogger.