DVB သတင်းဌာန၏ ရေဒီယို ထုတ်လွှင့်မှု အောက်တိုဘာ၌ ရပ်ဆိုင်းဖွယ် ရှိနေ

DVB မီဒီယာ ဂရုမှ ထုတ်လွှင့်နေသည့် မြန်မာ ဘာသာနှင့် တိုင်းရင်းသား ဘာသာ လှိုင်းတို ရေဒီယို အစီအ စဉ် ထုတ်လွှင့်မှုများကို လာမည့် အောက်တိုဘာလ၌ ရပ်နားသွားဖွယ် ရှိပြီး ၎င်းနေရာ၌ အခြား ထုတ် လွှင့်ရေး အစီအစဉ်ကို အစားထိုး ထုတ်လွှင့်သွားမည်ဟု DVB ရေဒီယို အစီအစဉ် တာဝန် ရှိသူများက ပြော သည်။


“အကြမ်းဖျင်းအားဖြင့်တော့ လာမယ့် အောက်တိုဘာလမှာ ရပ်နားဖို့ ရှိပါတယ်၊ အခု အဲဒီကိစ္စ အတွက် ရုံး တွင်းမှာ အစည်းအဝေး လုပ်နေတုန်းပဲ ရှိပါတယ်၊ Survey လုပ်တဲ့ အဖွဲ့တွေရဲ့ တွေ့ရှိချက် အရ မီဒီယာ လွတ် လပ်ခွင့် အနည်းငယ် ရလာတဲ့ နောက်ပိုင်းမှာ ရေဒီယိုကို နားထောင်သူတွေ တော်တော် ကျသွားတယ်၊ အဲ ဒါကြောင်း တခြား တမျိုးမျိုး ပြောင်းလဲ ထုတ်လွှင့်ဖို့ စီစဉ် နေပါတယ်၊ တစ်ကယ် ရပ်တော့မယ် ဆိုရင် ကျွန်မ တို့ အနေနဲ့ ကြေငြာချက် ထုတ်မှာပါ” ဟု DVB ရေဒီယို အစီအစဉ်၏ ဆက်သွယ် ညှိနှိုင်းရေး တာဝန်ခံ မနန်း ခမ်းအိမ်က မဇ္ဈိမကို ပြောသည်။

ဒီဗွီဘီ အဖွဲ့မှ အမေရိကန် စစ်တမ်း ကောက်ယူရေး အဖွဲ့ တစ်ခုအား ငှားရမ်း ခဲ့ပြီးနောက် ပြည်တွင်း၌ မြန်မာ ဘာသာဖြင့် ထုတ်လွှင့်လျက် ရှိသည့် BBC, VOA, RFA နှင့် DVB ဌာန (၄) ခုအား မြန်မာ ပြည်သူများ ၏ ရေဒီယို နားထောင်မှုနှုန်းများအား စားရင်းပြုစုခဲ့ရာ၌ DVB ရေဒီယိုအား ပရိသတ်၏ နားထောင်မှုမှာ (၂) ရာခိုင်နှုန်းသာ ရှိ၍ အနည်းဆုံး ဖြစ်ကြောင်း ဆိုပါသည်။

ဤသို့ ရေဒီယို ထုတ်လွှင့်မှု ရပ်ဆိုင်းသည့် နေရာ၌ တိုင်းရင်းသား ဘာသာဖြင့် ရုပ်သံ အစီအစဉ် ထုတ်လွှင့်မှု ကို ပိုမို မြှင့်တင်၍ ထုတ်လွှင့် သွားရန် DVB မှ ကနဦး စဉ်းစားထားကာ ၎င်းအတွက်လည်း မကြာခင် ရက်အ တွင်း သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာ ရေဒီယို အစီအစဉ် ထုတ်လုပ် နေသူများနှင့် အစည်းအဝေး ခေါ် ဆို သွားရန် ရှိပြီး ၎င်းနောက် အစီအစဉ်အသေးစိတ်ကို သတင်းထုတ်ပြန် သွားမည် ဖြစ်ကြောင်း ရေဒီယို သတင်း ဌာန တာဝန်ခံ ဦးခင်မောင်စိုးက ပြောကာ အသေးစိတ် ဖြေကြားရန် ငြင်းဆို သွားခဲ့သည်။

“အခု လောလော ဆယ်တော့ အသေးစိတ် ကျွန်တော် မပြောနိုင်သေးဘူး၊ မကြာခင်မှာပဲ Press Release ထုတ်ဖို့ ရှိပါတယ် ၊ အဲဒီ ကြေငြာချက် ထုတ်ပြီးမှ ခင်ဗျားတို့ သတင်းတွေ ရေးကြပါ” ဟု ဦး ခင်မောင်စိုး က ပြောသည်။

ထိုသို့ DVB ရေဒီယို အစီအစဉ် အောက်တိုဘာ လ၌ ရပ်နား တော့မည် ဖြစ်ကြောင်းအား သက်ဆိုင်ရာ တိုင်းရင်း သာသာများဖြင့် ရေဒီယို အစီအစဉ် ထုတ်လုပ် နေသူများ ထံသို့ DVB မှ အကြောင်းကြား ထား ပြီး ဖြစ်ကြောင်းလည်း သိရှိ ရသည်။

“ကျွန်တော်တို့ကို ဒီကိစ္စနဲ့ ပတ်သက်လို့ သူတို့ဘက်က ထုတ်ပြန် ကြေငြာချက် မထုတ်ပြန် ခင်တော့ ဘာမှ မပြောကြား ဖို့တော့ မှာကြား ထားပါတယ်” ဟု တိုင်းရင်း ဘာသာဖြင့် DVB ရေဒီယို အတွက် ထုတ်လုပ်
ပေးနေသည့် တိုင်းရင်းသား အဖွဲ့ တစ်ခု၏ အစီအစဉ် တာဝန်ခံက ပြောသည်။

ထုတ်ပြန် ကြေငြာချက်အား သြဂုတ်လ ၂၈ ရက် ညနေပိုင်း၌ ထုတ်ပြန်ရန် စီစဉ်လျက် ရှိနေကြောင်း ဦးခင်မောင်စိုးက ပြောသည်။

ဟင်္သာနီ (မွန်မြေ) | mizzima

Previous
Next Post »
Powered by Blogger.