The Interview ဇာတ်ကားကို အွန်လိုင်းမှတစ်ဆင့် Sony Pictures ဖြန့်ဝေ


Sony Pictures ကုမ္ပဏီသည် ပြဿနာများစွာ ကြုံနေရသည့် ၎င်းတို့၏ ရုပ်ရှင်အသစ် The Interviewကို အွန်လိုင်းမှ အခပေး စနစ်ဖြင့် ဖြန့်ဝေ ရောင်းချခဲ့ကြောင်း သတင်းရရှိသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းကို CIA အေးဂျင့်များက လုပ်ကြံရန် ကြိုးပမ်းပုံကို ဟာသနှော ရိုက်ကူးထားသည့် အဆိုပါ ဇာတ်ကား မဖြန့်ချိမီ ရက်ပိုင်းတွင် မြောက်ကိုရီးယားမှ Hackerများ၏ လက်ချက် ဟု ယူဆရသော အခြေအနေမျိုးဖြင့် Sony Picturesကို ဆိုက်ဘာ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာသည်။

အစောပိုင်းက Sony Pictures အနေဖြင့် အဆိုပါ ဇာတ်ကားကို ရုံတင်မည့် အစီအစဉ်ပင် ဖျက်သိမ်းလိုက်
သော်လည်း နောက်ပိုင်းတွင် ရုပ်ရှင်ရုံ အချို့နှင့် ညှိနှိုင်းကာ ခရစ္စမတ် ကာလတွင် ရုံတင်ရန် ဆုံးဖြတ်ချက်
ပြန်လည် ပြောင်းလဲလိုက်သည်။ အဆိုပါ အပြောင်းအလဲကို အမေရိကန် သမ္မတ ဘာရတ် အိုဘားမား ကိုယ်တိုင်က ချီးကျူး ကြိုဆိုခဲ့သည်။

ယခုအခါ Sony Picutresသည် The Interviewကို Google၏ YouTubeနှင့် Google Play၊ Microsoft၏ Xbox Video အစရှိသည့် Platformများမှတစ်ဆင့် ရောင်းချသွားရန် သဘောတူညီခဲ့သည်။ ယင်းရုပ်ရှင်ကို ငှားရမ်းကြည့်ရှုမှုအတွက် (၅.၉၉)ဒေါ်လာ၊ အပိုင်ဝယ်ယူ ကြည့်ရှုရန်အတွက် (၁၄.၉၉)ဒေါ်လာ ကျသင့်မည် ဟု ကုမ္ပဏီက ကြေညာသည်။ လတ်တလောတွင်မူ ယင်းရုပ်ရှင်ကို အမေရိကန် ပြည်ထောင်စုတွင်သာ ပြ သနေသေးသည်။

“ဒီရုပ်ရှင်ကို တစ်နိုင်ငံလုံးအဆင့် Platformမျိုးကနေ ပြသသွားဖို့ ဆိုတာက Sony Picturesရဲ့ ရည်မှန်းချက် တစ်ခုပါ”ဟု ကုမ္ပဏီ ဥက္ကဋ္ဌနှင့် အမှုဆောင်ချုပ်ဖြစ်သူ မိုက်ကယ်လင်တန်က ပြောကြားခဲ့သည်။ Sony Pictures၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက လတ်တလောတွင် The Interviewကို အမေရိကန်၌သာ
 ပြသရန်စီစဉ်ထားသေးကြောင်း BBCသို့ မှတ်ချက်ပေးခဲ့သည်။

Sony Pictures အနေဖြင့် ဆိုက်ဘာ တိုက်ခိုက်မှုများကြောင့် ဒေါ်လာ သန်းပေါင်း ရာနှင့်ချီ ဆုံးရှုံးနစ်နာခဲ့ရ သည်။ မြောက်ကိုရီးယား အစိုးရက အဆိုပါ တိုက်ခိုက်မှုကို ချီးကျူးကြိုဆိုကြောင်း ပြောဆိုခဲ့သော်လည်း မိမိတို့၏ လက်ချက်မဟုတ်ဟု ငြင်းဆိုထားသည်။

BBC
Previous
Next Post »
Powered by Blogger.