Zawgyiဖြင့်ဖတ်ရန်
Myint Myat
Credit —momolay
Unicodeဖြင့်ဖတ်ရန်
မိန်းမကိုဂရုစိုက်လွန်းလို့ ပရိသတ်တွေ သဘောကျနေကြတဲ့ သဉ္ဇာနွယ်ဝင်းခင်ပွန်းရဲ့အပြုအမူလေးတစ်ခု
အရုပ်မလေးလို ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေ သဘောကျနေကြရတဲ့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ လက်ရှိမှာ ချစ်စရာကောင်းတဲ့ သားလေးရယ် ချစ်ရတဲ့ ခင်ပွန်းရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာပါ။ လတ်တလောမှာတော့ သဉ္ဇာနွယ်ဝင်းက သူမအပျိုတုန်းက ရိုက်ကူးထားတဲ့ ရုပ်ရှင်ရဲ့red carpet show ကို ခင်ပွန်းဖြစ်သူနဲ့အတူ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ ပွဲတက်ဖို့ ပြင်ဆင်နေတဲ့ ချစ်ဇနီးကို ဆံပင်အမြန်ခြောက်အောင် Dryer မှုတ်ပေးနေတဲ့ သဉ္ဇာနွယ်ဝင်းခင်ပွန်းဖြစ်သူရဲ့ပုံရိပ်တစ်ခုကတော့ ပရိသတ်တွေကြားမှာ တော်တော်လေး နာမည်ကြီးနေတာပါနော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် သူမအပေါ် အရမ်းချစ်တတ်လွန်းတဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
သဉ္ဇာနွယ်ဝင်းကတော့ "သဉ္ဇာအပျိုတုန်းက ရိုက်ထားတဲ့ "ကိုကိုငလက်မ"ကားလေး red carpet show လေးကို ယောကျာ်းနဲ့အတူတူ ပွဲတက်ဖြစ်ပါတယ်။ ဝတ်စုံအမြန်စီစဉ်ပေးတဲ့ ကိုသျှတရကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ သဉ္ဇာ့ပင်တိုင်မိတ်ကပ်ဆရာ Myo Thu ကိုလည်းကျေးဇူးပါနော်" ဆိုပြီး သူမအပျိုကတည်းက ရိုက်ကူးထားတဲ့ "ကိုကိုငလက်မ"ကားရဲ့ red carpet show ကို ခင်ပွန်းနဲ့အတူတက်ဖြစ်တဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
သမီးလေးကိုမွေးဖို့ နေစေ့ လစေ့ဖြစ်နေပြီဖြစ်တဲ့ မေမေ သဉ္ဇာနွယ်ဝင်း...။
အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ တစ်နေ့တစ်ခြား ပိုပိုပြီးလှလာတဲ့ သဉ္ဇာနွယ်ဝင်းကတော့ ကိုယ်ဝန်အရင့်မာကြီးနဲ့တောင် လှနေဆဲပါပဲနော်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းချစ်တတ်တဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားတဲ့ ကံကောင်းလွန်းသူလေး သဉ္ဇာနွယ်ဝင်းရဲ့အကြောင်းကို share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Thinzar Nwe Win's Facebook
Credit —momolay
Sign up here with your email



ConversionConversion EmoticonEmoticon