Viber နှင့် မြန်မာနိုင်ငံ မီဒီယာများ တွေ့ဆုံမှု

ဇူလိုင်လ ၃၀ ရက်နေ့မှာ Viber နှင့် မြန်မာနိုင်ငံ မီဒီယာများ တွေ့ဆုံခဲ့ကြပါတယ်။ ၎င်းပွဲအခမ်းမှာ Viber မှ မြန်မာနိုင်ငံ တွင်း သုံးစွဲသူ ၅ သန်းရှိနေပြီ ဖြစ်၍ အလွန်ဝမ်းသာကြောင်း မီဒီယာများသို့ ပြောကြား ခဲ့ပါတယ်။

Viber အနေဖြင့်လည်း ၎င်းတို့၏ လုပ်ငန်းများကို ယခုထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင် သွား မည် ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် မြန်မာ့ရိုးရာ စတေကာလေးများ ကိုလည်း မြန်မာပြည်အတွက် Viber မှ ပြုလုပ်ပေး သွားအုံး မည် ဖြစ်ကြောင်း သိရပါတယ်။ Viber မှ နာက်နှစ်ပိုင်းတွင် ဗီဒီယိုခေါ်မူပါ ရရှိအောင် လုပ်ဆောင်အုံး မည် ဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာ့ထိပ်တန်း သုတေသန အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ On Device Research ၏ ထုတ်ပြန်ချက်အရ Viber သည် မြန်မာနိုင်ငံ အတွင်း သုံးစွဲမူ အများဆုံး မိုဘိုင်းအက်ပလီကေးရှင်း တစ်ခု ဖြစ်ကြောင်း သိရှိပါတယ်။

ဒါ့ကြောင့် Viber မှ ၎င်းတို့နှင့် ပူပေါင်းလိုသော မည်သည့်လုပ်ငန်းရှင်ကို မဆို ကြိုဆိုလျက်ရှိကြောင်း သိရှိရပါတယ်။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက www.viber.com တွင် ဝင်ရောက်ကာ ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါရစေ။

ကျော်လင်းနိုင် (ရိုးရာလေး)
Previous
Next Post »
Powered by Blogger.