ကမ္ဘာ့ အိုင်ကျူလယ်ဗယ် အမြင့်ဆုံး ပုဂ္ဂိုလ်များ စာရင်းထဲမှာ ပါဝင်ပြီး ဘွဲ့ ဒီဂရီ လေးခု ရရှိထားသူ ဖြစ် ပါတယ်။ သင်္ချာ၊ Electrical Engineer တို့မှာ BS ရရှိပြီး MIT က Computer Science မှာ မာစတာဘွဲ့ ရရှိ ပါတယ်။ ပြီးတော့ Harvard Business School ကနေ MBA ဘွဲ့လည်း ထပ်မံ ရရှိပါတယ်။
သက္ကရာဇ် ၂၀၀၉ ခုနှစ်က အလုပ်ထွက်ပြီး Youtube ကနေ စာသင်ကြားပေးတဲ့ ချယ်နယ် တစ်ခုကို စလုပ် ပါတယ်။ ရည်ရွယ် ချက် ကတော့ ကျောင်းမတက်နိုင်တဲ့သူတွေ၊ ကျောင်းတက်နိုင်သော်လည်း စာကို နား လည်ဖို့ ခက်ခဲသူတွေ အားလုံး အတွက် ကူညီဖို့အတွက် ရည်ရွယ်ပြီး သူသိသမျှ၊ တတ်သမျှကို ပြန်လည် သင်ကြားပေးခြင်း ဖြစ်ပါတယ်။
အောင်မြင်သွားပါတယ်။ MIT ရဲ့  Youtube Channel ထက် ကြည့်ရှုသူ ဦးရေ ၅ ဆ ကျော်သွားပြီး ကမ္ဘာ့ လူကြည့် အများဆုံး ပညာရေး Youtube Channel ဖြစ်လာပါတယ်။ အားလုံးကို အခမဲ့ ကြည့်ဖို့ပါ။ နောက်တော့ သူ့လုပ်ငန်း အောင်မြင်လာပြီး အတူလုပ်ချင်တဲ့ လူတိုင်းကို ဖိတ်ခေါ်လို့ စုပေါင်းလုပ်ကြ ပါတယ်။ ယခုတော့ အမေရိကန်က ကမ္ဘာကျော် အိုင်တီကုမ္မဏီများရော၊ အခြားအ ဖွဲ့အစည်းများကို ငွေကြေး အားဖြင့် လှူဒါန်း ထောက်ပံ့ပေးပြီး Non Profit Organization ကြီးတစ်ခု ဖြစ် လာပါတယ်။ Khan Academy လို့ အမည်ပေးလိုက် ပါတယ်။
၂၀၁၂ ခုနှစ်နှစ်လယ်ကစလို့ Khan Academy မှ Lecturer များကို တိုင်းတစ်ပါးက လေ့လာသူများလည်း အလွယ်တကူ နားလည်နိုင်အောင် စာတန်းထိုးပေးတဲ့ ပရောဂျက်ကိုစလုပ်ပါတယ်။ Salman Khan တစ်ယောက်တည်း မဟုတ်ပဲ Volunteer များနဲ့ စုပေါင်းလုပ်ကိုင်မှုပါ။
ဘာသာစကားပေါင်း မြောက်များစွာ ဖြင့် စာတန်ထိုးထားတဲ့ ဗီဒီယိုဖိုင်များကိုလည်း ကြည့်ရှု နိုင်ပြီ ဖြစ် ပါတယ်။ Lesson ပေါင်း သန်း ၃၀၀ ကျော် သွားပါပြီ။ သို့ပေမယ့် ဘာသာပြန် Subtitle ထိုးတာတော့ မပြီးသေး ပါဘူး။ လူတိုင်း ကြည့်ရှု နားလည် စေဖို့ ဖြစ်ပါတယ်။
Salman Khan ဟာ မိုက်ခရိုဆော့ဖ်က ပေးအပ်တဲ့ Tech Award for education ဆုကို ၂၀၁၁ ခုနှစ်က ရရှိခဲ့ ပါတယ်။ Google က လှူဒါန်းငွေ ကန်ဒေါ်လာ ၂ သန်း ရရှိခဲ့ ပါတယ်။ ၂၀၁၁ ခုနှစ် TED ပွဲမှာလည်း ဝင် ရောက် ဟောပြောဖို့ ဘီလ်ဂိတ်ရဲ့  ဖိတ်ကြားခြင်းကို ခံခဲ့ရပြီး သူ့ရဲ့  Talk ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
http://youtu.be/nTFEUsudhfs
P.S - ယခု ယင်း ပရောဂျက်လည်း မြန်မာပြည် ရောက်ရှိလာပါပြီ။ ဝဘ်ဆိုဒ် လိပ်စာက http://www.khanacademyburmese.org/ ဖြစ်ပြီး Facebook လိပ်စာ ကတော့ https://www.facebook.com/KhanAcademyBurmeseTranslation ဖြစ်ပါတယ်။ Khan Academy က Lesson များကို မြန်မာစာတန်းထိုးဖို့အတွက် လူတိုင်း ဝင်ရောက် ကူညီလို့ ရပါတယ်။ Volunteer လုပ်ချင် သူများအတွက် အီးမေးလ်လိပ်စာ တစ်ခု ပေးထားပါတယ်။ ဒီတော့ မြန်မာပြည်မှလည်း မြန်မာစာ Subtitle ထိုးတဲ့ Khan Academy မှ Lesson များကို လူတိုင်း ကြည့်ရှုလို့ရအောင် ဘယ်သူမဆို ဝင်ရောက် ကူညီ နိုင်ပါတယ်။
https://www.facebook.com/KhanAcademyBurmeseTranslation
Translate လုပ်သူများ တိုးပွား လာအောင် ဆုကြေးမြောက်များစွာ ပေးအပ်တဲ့ Translate-a-thon အမည်ရ ဘာသာပြန် ပြိုင်ပွဲကို လာမယ့် သြဂုတ်လ ၁၀ ရက်နေ့မှာ Ooredoo Myanmar ရဲ့ ရုံးအဆောက်အအုံမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ကုသိုလ် လည်းရ ဝမ်းလည်းဝတဲ့ ယင်း အစီအစဉ်ကို အသေးစိတ် သိဖို့အတွက် https://www.facebook.com/translateathonmyanmar မှာ လည်း ဝင်ရောက် ဖတ်ရှု စုံစမ်း ကြည့်နိုင်ပါတယ်။
ရိုးရာလေး
Sign up here with your email
ConversionConversion EmoticonEmoticon