သမ္မတကြီး အကူအညီ ယူပြီး ခိုးကူးခွေ ပပျောက်အောင် လုပ်မယ့် သားစိုး

ဂီတလှုပ်ရှားမှုထက် စီးပွားရေးဘက်ကို ပိုမိုဦးတည်ပြီး လုပ်ကိုင် လာသည့် သားစိုးက ဂီတလောကအတွက် ခိုးကူးအခွေများ ပပျောက်အောင် သမ္မတကြီး စကာကို အကူအညီယူပြီး လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောသည်။

အခုဆိုရင်တော့ ကျွန်တော်တို့က ဂီတ အစည်းအရုံးအနေနဲ့ ခိုးကူးခွေ ပပျောက်ရေး လုပ်နေတယ်။ အရင်တုန်းကဆိုရင် အခွေက ငါးထောင် ပဲ ရောင်းရတာလေ အခုဆိုရင် နှစ်သောင်းခွဲ၊ သုံးသောင်းစသဖြင့် တက်လာတယ်။ ဒါက ခိုးကူးကို ဖမ်းလို့၊ မလွယ်ကူတော့လို့ ဒီဘက်ကို လှည့်လာတာလို့ ထင်ပါတယ်။

ပရိသတ်တွေဘက် ကလည်း အဆိုတော်တွေကို အားပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နားထောင်လာကြ တယ် ထင်တယ်။ ကျွန်တော် တို့တွေ ကိုယ်တိုင်ကလည်း ခိုးကူးက မကောင်းဘူး။ စသဖြင့် ပြောပေးတော့ အားပေးတာလည်း ပါတယ်။ ဘာပဲပြောပြော အရင်ကထက် ခြေလှမ်း ကရှေ့ကို ရောက်တယ်ဆိုတာ ယုံကြည်တယ်။ ခိုးကူးကို ခိုးရောင်းတဲ့အဆင့်တော့ ရောက်နေပြီ။ လုံးဝ ပပျောက်အောင်ပေါ့၊

ဒါပေမဲ့ ပပျောက်ဖို့ကလည်း မဖြစ်နိုင် သေးဘူး။ သမ္မတကြီးရဲ့ စကားကို အကူအညီယူ ရမှာဘဲ။ မူပိုင်ခွင့် ချိုးဖောက်မှု ကာကွယ်တားဆီးရေး ကော်မတီနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဆီကိုလည်း သမ္မတကြီးရဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်ပေးဖို့ကို စာပို့ထားတယ်။ ခိုးကူးကို တရားဝင်ရောင်းနေတာကို ဖမ်းပေးဖို့စာပါ။

အဲဒီ ကိစ္စက ခိုးကူးကို တာဝန်ရှိတဲ့သူတွေက ဖမ်းမပေးလို့ ဖြစ်တာလေ။ ရွှေတစ်ကျပ်သား ပျောက်ရင် လိုက်ဖမ်းပေးတယ်။ ကျွန်တော်တို့ ခိုးကူးကြတော့ မဖမ်းပေးဘူး။ ခိုးကူး ဆိုတာလည်း ကျွန်တော်တို့ပိုင်တဲ့ ပစ္စည်းလေ။ ပိုင်ရှင်ရှိတဲ့ ပစ္စည်းပဲ။ ဘယ်သူမှ အလကားရတာ မဟုတ်ဘူး။ အလကား သီချင်းဆိုတာ မဟုတ်ဘူး။ တီး နေတာမဟုတ်ဘူး။ အကုန်လုံးက ထမင်းစားမှ အသက်ရှင်မှာလေ။ ဘာလို့ဖမ်းမပေးလဲ ဆိုတာက လိုင်းကြေးဆိုတာသွားတွေ့တယ်။ လိုင်းကြေးကလည်း တာဝန်ရှိသူတွေ လစာမလောက်လို့၊ ဘာလို့မလောက်လဲဆိုရင် အစိုးရက မပေးလို့ ဂျာအေးသူ့ အမေရိုက် မဖြစ်စေချင်တော့ဘူး။

နိုင်ငံတော်အနေနဲ့ ဒီကိစ္စကို ကိုင်တွယ်ပေးစေချင်တယ် ဟု သားစိုးကပြောသည်။ သားစိုးသည် ဂီတလှုပ် ရှားမှုများ အပြင် စီးပွားရေး လုပ်ငန်းများလည်း လုပ်ကိုင်နေပြီး လုပ်ငန်းတိုးချဲ့မှုအနေဖြင့် မြန်မာ့ စားသောက်ကုန်လုပ်ငန်းများ ကိုလည်း လုပ်ကိုင် သွားရန် ရှိကြောင်း ပြောသည်။

the messenger
Previous
Next Post »
Powered by Blogger.