Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
သတိပေးထားပေမဲ့ မင်းသား စွမ်းဇာနည် ဘက်က အကြောင်းမကြားသေး
အမရပူရမြို့နယ် နန်း တော်ရာ စံပြရပ်ကွက်အတွင်းက ဇာတ် ပွဲမှာ လာရောက်ဖျော်ဖြေနိုင်ခြင်းမရှိတာ ကြောင့် မင်းသား စွမ်းဇာနည်ကို ၁၄ ရက်အတွင်း လာရောက်ဖို့ သတိပေးထား ပေမဲ့ တစ်ပတ်ပြည့်တဲ့အထိ ဆက်သွယ် အကြောင်းကြားတာမရှိသေးဘူးလို့ ပွဲဖြစ် မြောက်ရေးကော်မတီဘက်က ပြောပါ တယ်။စွမ်းသဘင်ဇာတ်ငှားရမ်းထားပေမဲ့ ပွဲရက်အထိ ဇာတ်မင်းသားခေါင်းဆောင် စွမ်းဇာနည်ကိုယ်တိုင်လာရောက်နိုင်ခြင်း မရှိတာကြောင့် ဇာတ်ပွဲဖြစ်မြောက်ရေး ကော်မတီဘက်က စွမ်းဇာနည်ကိုယ်တိုင် သိန်း ၅ဝဝ ကျပ်နဲ့ ၁၄ ရက်အတွင်း လာ ရောက်ဖို့ ဇာတ်မန်နေဂျာ၊ စွမ်းဇာနည်ရဲ့ အဒေါ်ဖြစ်သူတို့နဲ့ နားလည်မှုစာချုပ် ချုပ် ဆိုပြီး သတိပေးထားတာဖြစ်ပါတယ်။
“အခုချိန်အထိ သူတို့ဘက်က ဘာမှ အကြောင်းကြားတာမရှိဘူး၊ မန်နေဂျာက တော့ တစ်ခါဖုန်းဆက်တယ်၊ စွမ်းဇာနည် နဲ့ တွေ့ပြီးပြီဆိုတာပြောတယ်၊ ဆွေးနွေး နေတယ်လို့တော့ထင်တယ်ဗျ၊ တခြားသူ တော့ လာဖြေရှင်းလို့မရပါဘူး၊ စွမ်းဇာနည် ကိုယ်တိုင်လာဖြေရှင်းမှရပါမယ်”လို့ ကော် မတီဝင်တစ်ဦးက ပြောပါတယ်။လာရောက်ဖြေရှင်းမှသာ ဇာတ် ကားတွေနဲ့ စက်ပစ္စည်းတွေရမှာဖြစ်တယ် လို့လည်း ပြောပါတယ်။ လတ်တလောမှာ ဇာတ်ကား သုံးစီးနဲ့ စက်ပစ္စည်းတွေကို မန် နေဂျာနဲ့ စွမ်းဇာနည်ရဲ့အဒေါ်ဖြစ်သူတို့ ကိုယ်တိုင် အပ်နှံခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။
နိုဝင်ဘာလ ၁၀ ရက်နေ့က စွမ်းဇာ နည်ရဲ့အဒေါ်၊ ဇာတ်မန်နေဂျာတို့နဲ့တွေ့ ဆုံပြီး မင်းသားစွမ်းဇာနည်ကိုယ်တိုင် ၁၄ ရက်အတွင်း လာရောက်ဖြေရှင်းဖို့ နား လည်မှုစာချုပ် ချုပ်ဆိုထားတာဖြစ်ပါ တယ်။ လာရောက်ဖြေရှင်းရာမှာ သိန်း ၅ဝဝ နဲ့လာရောက်ရမယ်လို့ ပြောဆိုပေမဲ့ စာချုပ်ထဲမှာတော့ သိန်း ၅ဝဝ ကို ထည့် သွင်း ချုပ်ဆိုထားတာမရှိဘူးလို့ ပြောပါ တယ်။
share from: burmese.asia
Sign up here with your email


ConversionConversion EmoticonEmoticon