Zawgyiဖြင့်ဖတ်ရန်
Unicodeဖြင့်ဖတ်ရန်
လူတိုင်းကို ကိုယ့်စိတ်နဲ့ နှိုင်းပြီးဘယ်တော့မှ မယုံကြည်နဲ့ လူတိုင်းက ကိုယ့်စိတ်လို မဟုတ်ကြဘူ:!
မချစ်ပါနဲ့… မချစ်သင့်တဲ့ လူကို မချစ်ပါနဲ့။မမေ့ပါနဲ့…မေ့ပစ်သင့်တဲ့ လူတွေကို မေ့ပစ်နိုင်ဖို့။မလွမ်းပါနဲ့…မလွမ်းသင့်တဲ့ လူကို ဘယ်တော့မှ မလွမ်းနဲ့။လူတိုင်းကို ကိုယ့်စိတ်နဲ့ နှိုင်းပြီးဘယ်တော့မှ မယုံကြည်နဲ့။လူတိုင်းက ကိုယ့်စိတ်လို မဟုတ်ကြဘူး။ပြင်လိုက်ပါ…
👉အားငယ်တတ်တဲ့ အကျင့်ကိုပြင်။လူတိုင်းကို ယုံလွယ်တဲ့ အကျင့်ကိုပြင်။သင့်ကိုသင် မယုံကြည်တဲ့ အကျင့်ကိုပြင်။
👉တွေးပြီး ဝမ်းနည်းတတ်တဲ့ အကျင့်ကိုပြင်။စိုးရိမ်စိတ်များတဲ့ အကျင့်ကိုပြင်ပါ။
သင်က အားငယ်တတ်ရင်လူတွေက ချနင်းလိမ့်မယ်။တကိုယ်ကောင်း ဆန်သင့်တဲ့နေရာမှာ ဆန်ပါ။မာနကြီးရမယ့် နေရာမှာ မာနကြီးပါ။အတ္တကြီးသင့်တဲ့နေရာမှာ အတ္တကြီးပစ်ပါ။အားငယ်ပြီး စိတ်ညစ်နေတတ်ရင်…လူတိုင်းက လိမ်ညာ လှည့်စားမှာပဲ။လူတစ်ယောက်က မနာလိုလို့ သင့်မကောင်းကြောင်း ပြောရင်တောင် ပြုံးပြုံးလေးနေလိုက်ပါ။
လူတစ်ယောက်ရဲ့ လိမ်ညာကို ခံခဲ့ရရင် စိတ်ညစ်မနေပါနဲ့။ သင်တစ်ခါပဲ လိမ်ညာခံလိုက်ပါ။ထိုလိမ်ညာခံရမှုဟာ သင့်အတွက် ရင့်ကျက်မှုတွေပါပဲ။လူတွေရဲ့ လှည့်စားခြင်းကို ခံရလေလေ…ကိုယ့်အတွက် ပညာရလေပါပဲ။လိမ်စမ်းပါ။ညာစမ်းပါ။မနာလိုစမ်းပါ။ပြုံးပြပြီး စိန်ခေါ်လိုက်စမ်းပါနော်…လူတစ်ယောက်ကြောင့် သင်ဟာစိတ်ညစ်နေရင်…သင်ဟာ အမြဲတမ်း ရှုံးနိမ့်နေမှာပဲ။
ဘာအတွက် စိတ်ညစ်နေမှာလဲ-?
မိဘအတွက် အားတင်းထားပါ။သင့်အတွက် အကောင်းဆုံးတွေ ဖန်တီးရဦးမယ်။သင့်ရှေ့ရေးအတွက် အကျိုးရှိတာ လုပ်ရဦးမယ်။ သင့်သံသရာအတွက် ကြိုးစားဦးမယ်။သင့်ကိုလူတိုင်း အကောင်းမြင်ဖို့ ကြိုးစားရဦးမယ်။ဒီနေ့ စိတ်ညစ်ရင် ညစ်လိုက်ပါ…ဒါပေမဲ့…မနက်ဖြန်တိုင်းက သင့်အတွက် ပြုံးပျော်နိုင်ပါစေ…
Credit : naethitmyanmar
Sign up here with your email
ConversionConversion EmoticonEmoticon