ဗိုလ္ခ်ဳပ္႐ုပ္ရွင္မွာ ျပန္လည္အသက္ဝင္လာမယ့္ ေရေႏြးေငြ႕ စက္ေခါင္းရထားႀကီး ႐ိုက္ကူးေရး ( ႐ုပ္သံ )




Zawgyi ျဖင့္ဖတ္ရန္


႐ုပ္ရွင္ေလာကမွာ ဆရာတစ္ေယာက္လည္း ျဖစ္သလို ဝါရင့္ အႏုပညာရွင္တစ္ဦးလည္းျဖစ္တဲ့ မင္းသားႀကီးလူမင္းက ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို အခိုင္အမာရရွိထားတဲ့ သူတစ္ေယာက္ပါ။




ပရိသတ္အတြက္ စိတ္ႏွစ္ၿပီး ႐ုပ္ရွင္ဇာတ္ကားေကာင္းေတြကို ၾကည့္ရႈခံစားေစႏိုင္ဖို႔အတြက္ ယခုအခ်ိန္ထိ အေကာင္းဆုံးႀကိဳးစားေနတဲ့ ဒါ႐ိုက္တာ တစ္ဦးဆိုလည္း မမွားပါဘူး။ ႐ုပ္ရွင္ေလာကအတြက္ တာဝန္ႀကီးလြန္းတဲ့ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ဇာတ္ကားႀကီးကို ႐ိုက္ကူးေနတဲ့ မင္းသား လူမင္းရဲ႕ အပင္ပန္းခံႀကိဳးစားေနပုံေတြကို လတ္တေလာမွာ ပရိသတ္ေတြျမင္ေတြ႕ရမွာပါ။





ျမန္မာႏိုင္ငံသားတိုင္းရဲ႕ ႏွလုံးသားမွာ ထာဝရ ရွင္သန္ေနမယ့္ လြတ္လပ္ေရးဖခင္ႀကီးျဖစ္တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ျဖတ္သန္းခဲ့ရတဲ့ ဘဝဇာတ္ေၾကာင္းကို ပုံေဖာ္အသက္သြင္းေနတဲ့ ဒါ႐ိုက္တာ လူမင္းရဲ႕ ႀကိဳးစားမႈ ေပးဆပ္မႈေတြကို ျမင္ေတြ႕ရမွာပါ။ လက္ရွိမွာ ဇာတ္ကားႀကီးကို အေကာင္းဆုံးပုံေပၚလာေအာင္ ႐ိုက္ကူးေနၿပီး ႐ိုက္ကြင္းပုံရိပ္တခ်ိဳ႕ထြက္ေပၚလာတဲ့ ေနာက္မွာေတာ့ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြရွိခဲ့ေပမယ့္ လက္ရွိမွာေတာ့ အားရစရာေကာင္းတဲ့ ႐ိုက္ကြင္းပုံရိပ္ေတြကို ပရိသတ္ေတြျမင္ေတြ႕ရမွာပါ။



ျမန္မာ့မီးရထားေတြ တိုးတက္လာတဲ့ ေခတ္မွာ ဟိုအရင္အခ်ိန္က အတိတ္ကာလတစ္ခုကို လြမ္းေမာတမ္းတစရာတစ္ခုျဖစ္ေစခဲ့တဲ့ ေရေႏြးေငြ႕ စက္ေခါင္း ရထားႀကီးကို ဗိုလ္ခ်ဳပ္႐ုပ္ရွင္မွာ တစ္ဖန္ျပန္လည္အသက္ဝင္လာတာကို ေတြ႕ျမင္ရမွာပါ။ ဒါ႐ိုက္တာ လူမင္းရဲ႕ အေကာင္းဆုံးႀကိဳးစားထားတဲ့ ပုံရိပ္ေတြကို ပရိသတ္ေတြသိရွိႏိုင္ဖို႔အတြက္ ေရေႏြးေငြ႕ စက္ေခါင္း ရထားႀကီးကို ႐ိုက္ကူးခဲ့တဲ့ ႐ိုက္ကြင္း မွတ္တမ္း ဗီဒီယိုကို ပရိသတ္ေတြၾကည့္ရႈႏိုင္ဖို႔အတြက္ ျပန္လည္ေဝမွ်လိုက္ပါတယ္‌ေနာ္။

share from; burmese.asia




Unicode ဖြင့်ဖတ်ရန်

ဗိုလ်ချုပ်ရုပ်ရှင်မှာ ပြန်လည်အသက်ဝင်လာမယ့် ရေနွေးငွေ့ စက်ခေါင်းရထားကြီး ရိုက်ကူးရေး ( ရုပ်သံ )

ရုပ်ရှင်လောကမှာ ဆရာတစ်ယောက်လည်း ဖြစ်သလို ဝါရင့် အနုပညာရှင်တစ်ဦးလည်းဖြစ်တဲ့ မင်းသားကြီးလူမင်းက ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ သူတစ်ယောက်ပါ။ ပရိသတ်အတွက် စိတ်နှစ်ပြီး ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ကြည့်ရှုခံစားစေနိုင်ဖို့အတွက် ယခုအချိန်ထိ အကောင်းဆုံးကြိုးစားနေတဲ့ ဒါရိုက်တာ တစ်ဦးဆိုလည်း မမှားပါဘူး။ ရုပ်ရှင်လောကအတွက် တာဝန်ကြီးလွန်းတဲ့ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတဲ့ မင်းသား လူမင်းရဲ့ အပင်ပန်းခံကြိုးစားနေပုံတွေကို လတ်တလောမှာ ပရိသတ်တွေမြင်တွေ့ရမှာပါ။





မြန်မာနိုင်ငံသားတိုင်းရဲ့ နှလုံးသားမှာ ထာဝရ ရှင်သန်နေမယ့် လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်အသက်သွင်းနေတဲ့ ဒါရိုက်တာ လူမင်းရဲ့ ကြိုးစားမှု ပေးဆပ်မှုတွေကို မြင်တွေ့ရမှာပါ။ လက်ရှိမှာ ဇာတ်ကားကြီးကို အကောင်းဆုံးပုံပေါ်လာအောင် ရိုက်ကူးနေပြီး ရိုက်ကွင်းပုံရိပ်တချို့ထွက်ပေါ်လာတဲ့ နောက်မှာတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေရှိခဲ့ပေမယ့် လက်ရှိမှာတော့ အားရစရာကောင်းတဲ့ ရိုက်ကွင်းပုံရိပ်တွေကို ပရိသတ်တွေမြင်တွေ့ရမှာပါ။



မြန်မာ့မီးရထားတွေ တိုးတက်လာတဲ့ ခေတ်မှာ ဟိုအရင်အချိန်က အတိတ်ကာလတစ်ခုကို လွမ်းမောတမ်းတစရာတစ်ခုဖြစ်စေခဲ့တဲ့ ရေနွေးငွေ့ စက်ခေါင်း ရထားကြီးကို ဗိုလ်ချုပ်ရုပ်ရှင်မှာ တစ်ဖန်ပြန်လည်အသက်ဝင်လာတာကို တွေ့မြင်ရမှာပါ။ ဒါရိုက်တာ လူမင်းရဲ့ အကောင်းဆုံးကြိုးစားထားတဲ့ ပုံရိပ်တွေကို ပရိသတ်တွေသိရှိနိုင်ဖို့အတွက် ရေနွေးငွေ့ စက်ခေါင်း ရထားကြီးကို ရိုက်ကူးခဲ့တဲ့ ရိုက်ကွင်း မှတ်တမ်း ဗီဒီယိုကို ပရိသတ်တွေကြည့်ရှုနိုင်ဖို့အတွက် ပြန်လည်ဝေမျှလိုက်ပါတယ်‌နော်။

share from; burmese.asia



Previous
Next Post »
Powered by Blogger.