ခင္ပြန္းႀကီး ၁၀ ပါးကို ဝန္ခ်ကန္ေတာ့ၿပီး ဘဝမွာ မိမိျဖစ္ခ်င္တဲ့ ေအာင္ျမင္မႈေတြရယူနည္း



Zawgyi ျဖင့္ဖတ္ရန္

လူေတြဟာ စားဝတ္ေနေရးအတြက္ ေန႔စဥ္အလုပ္ေတြလုပ္ ႐ုန္းကန္လႈပ္ရွားေနၾကရပါတယ္….. တခ်ိဳ႕ကေတာ့ အဆင္ေျပၾကေပမယ့္ တခ်ိဳ႕ၾကေတာ့ ေငြေၾကး စီးပြားေရး ပညာေရး အလုပ္အကိုင္ စတာေတြဟာ ေျပလည္မလိုလိုနဲ႔ အခက္အခဲေလးေတြေၾကာင့္ မေျပမလည္ ျဖစ္ေနရတာေတြ ရွိၾကပါတယ္….. အဲတာေတြအကုန္လုံး အဆင္ေျပေစႏိုင္မယ့္ နည္းေလးကို ေအာက္မွာ ေဖာ္ျပေပးထားပါတယ္….



ခင္ပြန္းႀကီး(၁၀)ပါးအား ဝန္ခ်ကန္ေတာ့ၿပီး ေအာင္ျမင္မႈကိုရယူပါ (အက်ဥ္း) (ေန႔စဥ္႐ြတ္သင့္သည္)

(၁) သဗၺညဳတ ဘုရားရွင္မ်ားတို႔၏ အေပၚ၌လည္းေကာင္း
(၂) ပေစၥကဗုဒၶါ အရွင္ျမတ္မ်ားတို႔၏အေပၚ၌လည္းေကာင္း
(၃) အဂၢသာဝက အရွင္ျမတ္မ်ားတို႔၏ အေပၚ၌လည္းေကာင္း
(၄) ရဟႏၲာ အရွင္ျမတ္မ်ားတို႔၏ အေပၚ၌လည္းေကာင္း


(၅) ပစၥဳပၸန္၌ ေတာ္စပ္ေသာ မိခင္ႀကီးႏွင့္ သံသရာ၌ ေတာ္စပ္ခဲ့ေသာ မိခင္မ်ားတို႔၏ အေပၚ၌လည္းေကာင္း
(၆) ပစၥဳပၸန္၌ ေတာ္စပ္ေသာ ဖခင္ႀကီးႏွင့္ သံသရာ၌ ေတာ္စပ္ခဲ့ေသာ ဖခင္မ်ားတို႔၏ အေပၚ၌လည္းေကာင္း
(၇) တရားအသိထူးရေအာင္ ေဟာေျပာေပးၾကေသာ ေလာကုတၱရာ ဆရာသမားမ်ားတို႔၏ အေပၚ၌လည္းေကာင္း
(၈) သီလဝႏၲ သူေတာ္စင္အေပါင္းတို႔၏ အေပၚ၌လည္းေကာင္း
(၉) ေလာကီပညာမ်ားကို သင္ေပးၾကကုန္ေသာ ဆရာသမားမ်ားတို႔၏ အေပၚ၌လည္းေကာင္း
(၁ဝ) မိမိတို႔ အခက္အခဲရွိစဥ္က စားဝတ္ေနေရး ေစာင့္ေရွာက္ေပးဖူးကုန္ၾကေသာ ေက်းဇူးရွင္အေပါင္းတို႔၏ အေပၚ၌လည္းေကာင္း

ဤခင္ပြန္းႀကီးဆယ္ပါးတို႔အေပၚ၌ ဘုရားတပည့္ေတာ္သည္ ပစၥဳပၸန္ဘဝ၌လည္းေကာင္း၊ သံသရာဘဝ၌လည္းေကာင္း သိ၍ျဖစ္ေစ၊ မသိ၍ျဖစ္ေစ ကာယကံ၊ ဝစီကံ၊ မေနာကံ တို႔တြင္ တစ္ပါးပါးေသာ ကံတို႔ျဖင့္ ျပစ္မွား၊ က်ဴးလြန္၊ ႀကံစည္၊ ျပဳလုပ္မိျခင္းကို သိရွိနားလည္စြာျဖင့္ ဝန္ခံပါ၏။ ဝန္ခ်ပါ၏။ ေတာင္းပန္ပါ၏။ ကန္ေတာ့ပါ၏ ဤကုသိုလ္ေစတနာတို႔ေၾကာင့္ ဆိုးက်ိဳးေပးဆဲ၊ ဆိုးက်ိဳးေပးလတၱံ့ေသာ အကုသိုလ္မွန္သမွ်အနႏၲတို႔သည္ ပိန္းၾကာဖက္တြင္ေရမတင္ ေလွ်ာက်ဘိသကဲ့သို႔ ကင္းစင္လြင့္ေပ်ာက္ မထိေရာက္ေတာ့ဘဲ ေကာင္းက်ိဳး အနႏၲျဖစ္ထြန္းရပါလို၏ ….



ျမတ္စြာဘုရား ေကာင္းက်ိဳးအနႏၲျဖစ္ထြန္းရ၍ အားထုတ္ဆဲ၊ အားထုတ္လတၱံ့ေသာ ဒါန၊ သီလ၊ ေစတနာကံႏွင့္တကြ ဝိပႆနာဉာဏ္သည္ မဂ္ဉာဏ္သို႔ ေက်းဇူးျပဳ၍ နိဗၺာန္ကို မ်က္ေမွာက္ျပဳရပါလို၏ ျမတ္စြာဘုရား…။
အားလုံးပဲ လိုအင္ဆႏၵေတြ ျပည့္စုံၾကပါေစေနာ္..ေန႔စဥ္႐ြတ္ဖတ္ပူေဇာ္ဖို႔ မေမ့ပါနဲ႔ေနာ္…


Unicode ဖြင့်ဖတ်ရန်

ခင်ပွန်းကြီး ၁၀ ပါးကို ဝန်ချကန်တော့ပြီး ဘဝမှာ မိမိဖြစ်ချင်တဲ့ အောင်မြင်မှုတွေရယူနည်း




လူတွေဟာ စားဝတ်နေရေးအတွက် နေ့စဉ်အလုပ်တွေလုပ် ရုန်းကန်လှုပ်ရှားနေကြရပါတယ်….. တချို့ကတော့ အဆင်ပြေကြပေမယ့် တချို့ကြတော့ ငွေကြေး စီးပွားရေး ပညာရေး အလုပ်အကိုင် စတာတွေဟာ ပြေလည်မလိုလိုနဲ့ အခက်အခဲလေးတွေကြောင့် မပြေမလည် ဖြစ်နေရတာတွေ ရှိကြပါတယ်….. အဲတာတွေအကုန်လုံး အဆင်ပြေစေနိုင်မယ့် နည်းလေးကို အောက်မှာ ဖော်ပြပေးထားပါတယ်….



ခင်ပွန်းကြီး(၁၀)ပါးအား ဝန်ချကန်တော့ပြီး အောင်မြင်မှုကိုရယူပါ (အကျဉ်း) (နေ့စဉ်ရွတ်သင့်သည်)

(၁) သဗ္ဗညုတ ဘုရားရှင်များတို့၏ အပေါ်၌လည်းကောင်း
(၂) ပစ္စေကဗုဒ္ဓါ အရှင်မြတ်များတို့၏အပေါ်၌လည်းကောင်း
(၃) အဂ္ဂသာဝက အရှင်မြတ်များတို့၏ အပေါ်၌လည်းကောင်း
(၄) ရဟန္တာ အရှင်မြတ်များတို့၏ အပေါ်၌လည်းကောင်း


(၅) ပစ္စုပ္ပန်၌ တော်စပ်သော မိခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော မိခင်များတို့၏ အပေါ်၌လည်းကောင်း
(၆) ပစ္စုပ္ပန်၌ တော်စပ်သော ဖခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော ဖခင်များတို့၏ အပေါ်၌လည်းကောင်း
(၇) တရားအသိထူးရအောင် ဟောပြောပေးကြသော လောကုတ္တရာ ဆရာသမားများတို့၏ အပေါ်၌လည်းကောင်း
(၈) သီလဝန္တ သူတော်စင်အပေါင်းတို့၏ အပေါ်၌လည်းကောင်း
(၉) လောကီပညာများကို သင်ပေးကြကုန်သော ဆရာသမားများတို့၏ အပေါ်၌လည်းကောင်း
(၁ဝ) မိမိတို့ အခက်အခဲရှိစဉ်က စားဝတ်နေရေး စောင့်ရှောက်ပေးဖူးကုန်ကြသော ကျေးဇူးရှင်အပေါင်းတို့၏ အပေါ်၌လည်းကောင်း


ဤခင်ပွန်းကြီးဆယ်ပါးတို့အပေါ်၌ ဘုရားတပည့်တော်သည် ပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ သံသရာဘဝ၌လည်းကောင်း သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ ကာယကံ၊ ဝစီကံ၊ မနောကံ တို့တွင် တစ်ပါးပါးသော ကံတို့ဖြင့် ပြစ်မှား၊ ကျူးလွန်၊ ကြံစည်၊ ပြုလုပ်မိခြင်းကို သိရှိနားလည်စွာဖြင့် ဝန်ခံပါ၏။ ဝန်ချပါ၏။ တောင်းပန်ပါ၏။ ကန်တော့ပါ၏ ဤကုသိုလ်စေတနာတို့ကြောင့် ဆိုးကျိုးပေးဆဲ၊ ဆိုးကျိုးပေးလတ္တံ့သော အကုသိုလ်မှန်သမျှအနန္တတို့သည် ပိန်းကြာဖက်တွင်ရေမတင် လျှောကျဘိသကဲ့သို့ ကင်းစင်လွင့်ပျောက် မထိရောက်တော့ဘဲ ကောင်းကျိုး အနန္တဖြစ်ထွန်းရပါလို၏ ….



မြတ်စွာဘုရား ကောင်းကျိုးအနန္တဖြစ်ထွန်းရ၍ အားထုတ်ဆဲ၊ အားထုတ်လတ္တံ့သော ဒါန၊ သီလ၊ စေတနာကံနှင့်တကွ ဝိပဿနာဉာဏ်သည် မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏ မြတ်စွာဘုရား…။
အားလုံးပဲ လိုအင်ဆန္ဒတွေ ပြည့်စုံကြပါစေနော်..နေ့စဉ်ရွတ်ဖတ်ပူဇော်ဖို့ မမေ့ပါနဲ့နော်…




Previous
Next Post »
Powered by Blogger.