Zawgyiဖြင့်ဖတ်ရန်
Credit….tameelay
Unicodeဖြင့်ဖတ်ရန်
ခင်ပွန်းနဲ့ မယားငယ်ကို လက်စားချေဖို့ (107) ပေါင်အထိ ဝိတ်ချပြခဲ့သည့် အမျိုးသမီး
ဝလွန်းလို့ ခင်ပွန်းက သစ္စာမဲ့ခြင်းကို ခံခဲ့ရသလို၊ သူရဲ့ မယားငယ်ကလည်း သူမကို အီးဘောလောကြီးလို့ နစ်နစ်နာ နာ ပြောဆိုခံခဲ့ရတဲ့ Betsy Ayala ဟာ 2013 ခုနှစ်တုန်းက ကိုယ်အလေးချိန် 262 ပေါင် ရှိခဲ့ပါတယ်။
သူမဟာ ခင်ပွန်းနဲ့ မယားငယ်ကို နာကြည်းလွန်းလို့ နောက်ဆုံးမှာ ထင်မှတ်မထားတဲ့ ခန္ဓာကိုယ်ကို ဖန်တီးပြနိုင်ခဲ့ပါတယ်။
Ayala ဟာ တက္ကဆက်ပြည်နယ်၊ ဟောက်စတန်မှာ နေထိုင်သူဖြစ်ပြီး၊ ကလေးမွေးပြီးလို့မှ မကြာမီမှာ ခင်ပွန်းသည်ဟာ တစ်ခြားအမျိုးသမီးနဲ့ ပျော်ပါးနေတာကို သိရှိခဲ့ရသူပါ။
ပိုဆိုးတာက ခင်ပွန်းသည်နဲ့ သူရဲ့မယားငယ်တို့ အပြန်အလှန် ပို့ထားတဲ့ စာထဲမှာ သူမရဲ့ 262 ပေါင်ရှိတဲ့ ကိုယ်အလေးချိန်ကြီးကို ပက်ပက်စက်စက် ရယ်ပွဲဖွဲ့ထားတာကို တွေ့လိုက်ရ တာပါ။
Ayala က ” ကျွမအမျိုးသားနဲ့ ကျွန်မက အသက် 17 နှစ်ကတည်းက တွဲခဲ့ကြသူတွေပါ .. ကျွန်မအပေါ်လည်း သစ္စာရှိလိမ့်မယ်လို့ ထင်ခဲ့ပါတယ် ..
ဒါပေမယ့် သူ ဖောက်ပြန်တာကို သူ့ဖုန်းထဲမှာတွေ့လိုက်ရတယ် .. ပိုဆိုးတာက ကျွန်မကို နွားမကြီး .. ဖတ်တီးမကြီး .. ဆိုပြီး သုံးထားတာပဲ …
ဒါ ကျွန်မရဲ့ဘဝကို ရိုက်ခွဲချလိုက်သလိုပါဘဲ “လို့ ဆိုပါတယ်။
ပထမတော့ Ayala ဟာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေခဲ့ပါတယ်။
နောက်မှသူတို့တစ်တွေစိတ်ထဲကနေကြိတ်မနာလိုအောင်အကောင်းဆုံးနည်းကလှပတဲ့ခန္ဓာကိုယ်လေးတည်ဆောက်ခြင်းပဲဆိုတာကိုသိလိုက်ရပြီးသကြားပါတဲ့အစားအစာတွေကယ်လိုရီနဲ့ ပြည့်ဝဆီများတဲ့ အစားအစာတွေ လုံးဝဖြတ်တောက်လိုက်ပြီး၊ နေ့စဉ် ညီမဖြစ်သူနဲ့ Zumba အကနဲ့၊ ကိုယ်ကာယလေ့ကျင့်ခန်းကို နာရီပေါင်းများစွာ ပြုလုပ်ခဲ့ပါတယ်။
Ayala ရဲ့ လက်ရှိ ခန္ဓာကိုယ်အလေးချိန်ဟာ 155 ပေါင်သာ ရှိတော့ပြီး၊ ကိုယ်ကာယအလှမယ်သင်တန်းနည်းပြအဖြစ် အသက်မွေးဝမ်းကြောင်း ပြုနေနိုင်ပါပြီ။
နေ့စဉ်လည်း ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေလုပ်နေဆဲ ဖြစ်သလို၊ အခြားသူတွေကိုလည်း သင်တန်းတွေ ပေးနိုင်ခဲ့ပါပြီ။
လက်ရှိအချိန်မှာ အသက် 34 နှစ်အရွယ် Ayala ရဲ့ အင်စတာဂရမ်မှာ ဝန်းရံသူတွေ တစ်နေ့တစ်ခြား များပြားလာခဲ့ပြီ ဖြစ် ပါတယ်။
သူမရဲ့ အင်စတာဂရမ်မှာ ပရိသတ် 7 သောင်းအထိ ရှိနေပါတယ်။
မကြာသေးခင်ကမှ Ayala ဟာ နာမည်ကျော် အစီအစဉ်တင်ဆက်သူ Steve Harvey နဲ့ တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခံရတဲ့အထိ နာမည်ကြီးလာခဲ့ပါတယ်။
Credit….tameelay
Sign up here with your email
ConversionConversion EmoticonEmoticon