ရန်ကုန်-နေပြည်တော်-မန္တလေး မြန်နှုန်းမြင့်ရထားလမ်းသစ် ဖောက်လုပ်ရန် တရုတ် CREEC ကုမ္ပဏီနှင့်ဆွေးနွေး


ရန်ကုန်-နေပြည် တော်-မန္တလေး မြန်နှုန်းမြင့်ရထား လမ်းဖောက်လုပ်ရာတွင် ထောက်ပံ့ ကူညီမှုများပေးနိုင်
ရေးအတွက် တရုတ် နိုင်ငံ CREEC ကုမ္ပဏီက ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာ န၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး အား CHINA RAILWAY ERYUAN ENGINEERING GROUP CO.LTD rS Director of Myanmar Department Senior Engineer Mr. MA ZE-MIN နှင့် အဖွဲ့သည် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူ များ လိုက်ပါလျက် မတ် ၃၁ ရက်တွင် ရန်ကုန်မြို့ Myanmar Peace Centre ရှိ အစည်းအဝေးခန်းမသို့ လာ ရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာ နိုင်ငံ ရထားပို့ဆောင်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ရန်ကုန်-နေပြည်တော်-မန္တလေး မြန်နှုန်းမြင့် ရထားလမ်းသစ်ဖောက် လုပ်ပြေးဆွဲရေးကိစ္စနှင့်စပ်လျဉ်း၍ CREEC ကုမ္ပဏီက လေ့လာဆောင် ရွက်ထားသော အဆိုပြုလမ်းကြောင်း၊ ရထားစနစ်၊ ရထားပြေးဆွဲနိုင် မည့် အမြန်နှုန်းထားများ၊ ရထားလမ်းသစ် ဖောက်လုပ်ပါက ကုန်ကျမည့်စရိတ် နှုန်းထားနှင့် ပြန်ရချက်ခန့် မှန်းမှု၊ တည် ဆောက်မည့် အချိန်ကာလတို့ကို Mr. MA ZEMIN နှင့်အဖွဲ့က ရှင်းလင်း အကြံပြု ဆွေးနွေး ခဲ့ပြီး ပြည်ထောင် စုဝန်ကြီးက အများပြည်သူသွားလာ မှု အဆင့်မြှင့်တင်နိုင်ရေးအတွက် ခေတ်မီပို့ဆောင်
ရေးစနစ်ကို မလွဲမ သွေ ကူးပြောင်းကျင့်သုံးရမည်ဖြစ် ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏကြီး မားသော် လည်း ပြောင်းလဲလာသော နိုင်ငံရေး ၊စီးပွားရေးအခြေအနေများ နှင့်အညီ အနာဂတ်အတွက် ကြိုတင် စီမံဆောင် ရွက်ရမည်ဖြစ်၍ နိုင်ငံနှင့် ပြည်သူအတွက် အကျိုးအရှိဆုံး၊ ထိ ခိုက်မှုအနည်းဆုံး စီမံကိန်းပုံစံကို စဉ်းစားလုပ်
ဆောင်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

အဆိုပါကုမ္ပဏီသည် မြန်မာ- တရုတ်ချစ်ကြည်ရေးအသင်းနှင့် ပူး ပေါင်းကာ မြန်မာ့ရထားပို့ဆောင်ရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ ကူညီဆောင်ရွက်ပေး လျက်ရှိသော ကုမ္ပဏီဖြစ်ကြောင်း သိရသည်။

MNA - ဒီမိုကရေစီတူဒေး
Previous
Next Post »
Powered by Blogger.