တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်မှာ သဲနဲ့ ဆောက်လုပ်တဲ့ တံတိုင်းကြီးတခု ဖန်တီးနေတယ်လို့ အမေရိကန် ထိပ်တန်းအရာရှိတဦးက ပြောပါတယ်။
သန္တာကျောက်တန်းတွေပေါ်ကို သဲတွေ စုတ်တင်ပြီး ကွန်ကရစ်ကိုင်ထားတဲ့၊ ၁.၅ စတုရန်းမိုင် ရှိတဲ့ ကုန်းမြေတု တခုကို ဖန်တီးနေတယ်လို့ အမေရိကန် ပစိဖိတ်ရေတပ်မှ တပ်မှူးဖြစ်သူ Admiral Harry Harris က အင်္ဂါနေ့က ပြောဆိုခဲ့ပါတယ်။
တရုတ်ဆောက်လုပ်ရေးအဖွဲ့က စစ်ရေးအတွက် အသုံးပြုဖို့ ဖြစ်နိုင်ချေရှိတဲ့ ကျွန်းတုတွေကို Spratly ကျွန်း က သန္တာကျောက်တန်းတွေပေါ်မှာ ဖန်တီးနေတယ်ဆိုပြီး ယခုလတွေ အတွင်း သတင်းတွေ ထွက်ပေါ်ခဲ့ ပါတယ်။
Spratly ကျွန်းနယ်မြေ ပိုင်ဆိုင်ရေးအတွက် တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ တိုင်ဝမ် အစရှိတဲ့ နိုင်ငံတွေဟာ အငြင်းပွားနေကြတာ ဖြစ်ပါတယ်။
BBC Burmese
Sign up here with your email
ConversionConversion EmoticonEmoticon