အိတ္ခ်္အိုင္ဗီဆို မေၾကာက္ေတာ့ဘူးလား




Zawgyi ျဖင့္ဖတ္ရန္

ေအအိုင္ဒီအက္စ္ဟုဆို လွ်င္ကုရာနတၳိေဆးမရွိဆိုသည့္ ေဝါ ဟာရႏွင့္တြဲလ်က္ ကြၽန္ေတာ္တို႔ ခ်ာတိတ္ဘဝတုန္းက သိရွိခဲ့ရဖူး သည္။ တမင္မေၾကာက္ေၾကာက္ ေအာင္ ေျခာက္လွန႔္ထားေသာ ေဝါဟာရမဟုတ္ဟု ထင္သည္။ ၿပီးခဲ့သည့္သကၠရာဇ္ ၂၀၀၀ ဝန္းက်င္ ကာလက အိတ္ခ်္အိုင္ဗီ  ေဝဒနာရွင္တစ္ေယာက္ လူ႔သက္ တမ္းျပည့္ သာမန္လူတစ္ေယာက္ လို ေနထိုင္ႏိုင္ေအာင္စြမ္းသည့္ ေအအာရ္တီေဆးဆိုသည္ကို လူ သိသူသိ ၾကားဖူးသည္ဆိုေသာအ ဆင့္ပင္မရွိေသး။ ထို႔အျပင္ လူ႔အ သိုင္းအဝိုင္းတင္မက မိမိမိသားစု ပင္လွ်င္ နားလည္အားေပးႏိုင္စြမ္း မရွိေသးေသာ အေျခအေနမို႔ ကြၽန္ ေတာ္တို႔ (၄၀-၅၀) ဝန္းက်င္ မ်ိဳး ဆက္အတြက္ အႀကီးအက်ယ္ ထိတ္လန႔္ခဲ့ရေသာ ေရာဂါဆိုးျဖစ္ သည္။

မွတ္မွတ္ရရ ၁၉၉၀ ဝန္း က်င္ကာလတြင္ အိတ္ခ်္အိုင္ဗီ စိတၱဇမွာ ကြၽန္ေတာ္တို႔လူငယ္မ်ား ၾကား ႐ိုက္ခတ္မႈမျပင္းေသး။ သို႔ ေသာ္ မူးယစ္ေဆးဝါးသုံးစြဲသူမ်ား ၾကားတြင္မူ အိတ္ခ်္အိုင္ဗီကူးစက္ ခံရမႈမွာ က်ယ္ျပန႔္ေနၿပီဟု ထင္ ၏။ ဘာေၾကာင့္ထင္ရသလဲဆို ေတာ့ ၁၉၉၁ ခုႏွစ္ ႏိုင္က်ဥ္းအျဖစ္ ကြၽန္ေတာ္ မုံ႐ြာေထာင္ထဲတြင္ရွိ ေနစဥ္ မုံ႐ြာေထာင္ထဲမူးယစ္ေဆး ဝါးသုံးစြဲသူမ်ားအား အိတ္ခ်္အိုင္ ဗီ ရွိ၊ မရွိစစ္ေဆးခဲ့သည္။ ေထာင္  မႉးစာေရးထံမွ တရားမဝင္ျပန္ လည္ၾကားသိခ်က္အရ စစ္ေဆး ခ်က္အေျဖမွာ မူးယစ္သုံးစြဲသူ ၁၀၀ တြင္ ၉၅ ဦးမက အိတ္ခ်္အိုင္ ဗီပိုး ေတြ႕ရွိေၾကာင္းျဖစ္သည္။

ထိုအခ်ိန္က ကြၽန္ေတာ္တို႔ ႏိုင္က်ဥ္းမ်ားမွာ တရားရင္ဆိုင္ဆဲ မူးယစ္အမႈမ်ားလာျခင္းအရ မူး ယစ္သမားမ်ားႏွင့္ တစ္ခန္းတည္း အတူေနရခ်ိန္။ ေထာင္မႉးစာေရး က ကြၽန္ေတာ္တို႔ကိုခင္သျဖင့္ အ ေနအထိုင္ဆင္ျခင္ရန္ တိုးတိုး တိတ္တိတ္ သတိေပးျခင္းျဖစ္ သည္။

တကယ္ဆို အိတ္ခ်္အိုင္ဗီရွိ သူမ်ားကို တိုက္ထဲတြင္ သီးသန႔္ခြဲ ထားရမည္ျဖစ္ေသာ္လည္း တစ္ ရာေက်ာ္ရွိေနေသာသူတို႔ကို သီး သန႔္ခြဲထားရန္ မျဖစ္ႏိုင္သျဖင့္  ေထာင္အာဏာပိုင္တို႔က မသိခ်င္ ေယာင္ေဆာင္ခဲ့သည္။ ေသြးခ်င္း မထိစပ္၊ အပ္အတူမသုံး၊ လိင္တူ ခ်င္းမဆက္ဆံဘဲ ပုံမွန္ေနထိုင္မႈ တြင္ မကူးစက္ႏိုင္မွန္းသိေသာ္ လည္း ၎တို႔မ်ားစြာတို႔အလယ္  ကြၽန္ေတာ္တို႔ ေနရထိုင္ရေတာ္ ေတာ္ခက္ရသည္။

သူတို႔ကေတာ့ အိတ္ခ်္အိုင္ဗီ သည္ သူတို႔ဘဝအတြက္အေရးမ ပါသလို သက္ေသာင့္သက္သာ။ သူတို႔အတြက္ သိပ္ကိုအေရးပါ ေသာကိစၥမွာ တရား႐ုံးထြက္ရ သည့္ေန႔တြင္ အေၾကာထဲသို႔ နံပါတ္ဖိုးထိုးသြင္းႏိုင္ေရး ျဖစ္ သည္။ တရား႐ုံးအခ်ဳပ္ထဲတြင္ နံပါတ္ဖိုးရလွ်င္ရသလို အပ္တစ္ ေခ်ာင္းတည္းျဖင့္ သူၿပီးငါ့အ လွည့္။ ကြၽန္ေတာ္ႏွင့္ရင္းႏွီးေသာ  နံပါတ္ဖိုးသုံးစြဲသူအခ်ိဳ႕ကို ေဆး ထိုးအပ္တစ္ေခ်ာင္းတည္း သုံးစြဲ ျခင္းအေပၚ မေၾကာက္ဘူးလားဟု စပ္စုၾကည့္ေတာ့ အစ္ကိုတို႔က ဂိတ္ဆုံးေနၿပီဆိုသည့္စကားမ်ိဳး ျပန္ေျပာတတ္ၾကသည္။

ကြၽန္ေတာ္ကေတာ့ ကိုယ့္ ကိုယ္ကိုယ္ ဂိတ္မဆုံးေသးဟု ယူ ဆလို႔လားမသိ၊ အိတ္ခ်္အိုင္ဗီကို ေၾကာက္သည္။ ေထာင္မွျပန္ ထြက္ၿပီးေနာက္တြင္ အိတ္ခ်္အိုင္ ဗီရွိသူမ်ားႏွင့္အတူ ေနခဲ့ျခင္းအရ  ကိုယ္လည္းပဲ ကူးစက္ခံခဲ့ရၿပီလား ဟူ၍ စိတၱဇျဖစ္ရသည္။

ေထာင္မွျပန္ထြက္၊ ၁၀ တန္းေတြ ဘာေတြေအာင္ၿပီး ေနာက္ လူငယ္သဘာဝစူးစမ္းလို စိတ္ႏွင့္ ေသြးသားဆႏၵအရ လိင္ လုပ္သားတို႔ႏွင့္ ထိေတြ႕ၿပီးသည့္ အခါ လုံၿခဳံစိတ္ခ်ရေသာကြန္ဒုံးကို အသုံးျပဳခဲ့ေသာ္ျငား စိတၱဇသည္  အသံထြက္ပိုျမည္လာကာ အိပ္မ ေပ်ာ္ေသာညမ်ား၌ ေတြး၊ ေတြး ၿပီးေၾကာက္ရသည္။

ဂ်ီတီအိုင္ပထမႏွစ္ အဆုတ္ အေအးပတ္ေရာဂါေၾကာင့္ မၾကာ ခဏဖ်ားနာ၊ ဆရာဝန္တခ်ိဳ႕၏ ေကာက္ခ်က္အလြဲေၾကာင့္ အနာ ႏွင့္ေဆးလြဲကာ အဖ်ားသံသရာ လည္။ တိုးတိုးၿပီးကိုက္ခဲလာေသာ အိတ္ခ်္အိုင္ဗီ စိတၱဇေဝဒနာက လည္း ထန္ျပင္းလြန္းလွသမို႔ အ ဆုတ္ အေအးပတ္ျခင္းေၾကာင့္ ဖ်ားပါသည္ဟု အေျဖထြက္႐ုံတင္ မက အဖ်ားပါ အျမစ္ျပတ္သြား သည့္တိုင္ စိတၱဇသည္ ေပ်ာက္ ကင္းသြားျခင္း မရွိခဲ့ေပ။

ထိုသို႔ေသာစိတၱဇမွာ ကြၽန္ ေတာ္တစ္ဦးတည္းမဟုတ္။ ငါဟဲ့ ေယာက္်ားဆိုၿပီး ေျခေဆာ့လက္ ေဆာ့ရွိသူ ကြၽန္ေတာ္တို႔မ်ိဳးဆက္  အမ်ိဳးသားထုအတြင္း အျပင္း၊ အ ေပ်ာ့သာကြာမည္။ အိတ္ခ်္အိုင္ဗီ စိတၱဇမွာ သူ႔နည္းသူ႔ဟန္ျဖင့္ရွိခဲ့ ၾကသည္။

 ကြၽန္ေတာ့္သူငယ္ခ်င္း သေဘၤာသားတစ္ဦး၊ သေဘၤာ ေပၚတက္ရန္ ေသြးစစ္သည့္အခါ တိုင္း ဘုရားတြင္အႀကိမ္ႀကိမ္ဦးခ်  ေယာက္ယက္ခတ္ခဲ့သည္။ ေနာက္ သူငယ္ခ်င္းတစ္ဦးမွာ အင္ဂ်င္နီ ယာအလုပ္ကပင္ပန္း၊ ညဘက္ ဆို အေသာက္အစားမ်ားကာအိပ္ ေရးပ်က္။ ၾကာလာေတာ့ တ ျဖည္းျဖည္း ပိန္က်လာသည္ကို  (သူသည္လည္း ေျခေဆာ့လက္ ေဆာ့ရွိတာမို႔) အိတ္ခ်္အိုင္ဗီ စိတၱဇေဝဒနာ ခံစားရေတာ့သည္။ ႏိုင္ငံျခားထြက္ရန္ ေဆးစစ္ခ်က္ အေျဖသြားယူေတာ့ ဓာတ္ခြဲခန္း ေရွ႕ေရာက္မွ အေျဖကိုရင္မဆိုင္ ရဲသျဖင့္ ျပန္လွည့္ထြက္ခဲ့သည္မွာ ႏွစ္ႀကိမ္မက။ ေနာက္ဆုံးေၾကာက္ ေၾကာက္လန႔္လန႔္ျဖင့္ အေျဖသြား ယူၾကည့္ေတာ့ အိတ္ခ်္အိုင္ဗီမရွိ သျဖင့္ ထခုန္မတတ္ ခံစားခဲ့ရဖူး သည္တဲ့။ အျခားေသာမိတ္ေဆြ မ်ား၏ အိတ္ခ်္အိုင္ဗီစိတၱဇပုံျပင္ မ်ားစြာကို ေျပာျပခ်င္ေသးေသာ္ လည္း စာရွည္မည္စိုး၍ ထား ေတာ့။

ကြၽန္ေတာ္တို႔ ထိုသို႔ေၾကာက္ ရတာလည္းမေျပာနဲ႔၊ မိတ္ေဆြ တစ္ဦးဆိုလွ်င္ တစ္သက္တြင္တစ္ ခါ လိင္ေပ်ာ္ပါးခဲ့ဖူးသူ ခပ္ေအး ေအးလူပ်ိဳႀကီး။ ထိုတစ္ခါတည္း တြင္ပင္ အိတ္ခ်္အိုင္ဗီကူးစက္ခံရ ၿပီး  ေအအာရ္တီေဆး အေထာက္ အပံ့လည္းမရသျဖင့္ (၄၀) ေက်ာ္ ေသာအ႐ြယ္၌ တိမ္းပါးခဲ့သည္။

လြန္ခဲ့ေသာ ၁၀ ႏွစ္ေက်ာ္က ျဖစ္သည္။ ကြၽန္ေတာ့္သူငယ္ခ်င္း ၏မိတ္ေဆြ ခ်ာတိတ္သုံးဦး၏ အိတ္ခ်္အိုင္ဗီ ဇာတ္လမ္းကိုၾကား ခဲ့ရဖူးသည္။ သူတို႔သုံးဦးမွာ (၂၀) စြန္းခါစအ႐ြယ္။ ေနာက္ဆုံးႏွစ္ စာေမးပြဲေျဖဆိုၿပီးေနာက္ ႏိုင္ငံ ျခားထြက္ အလုပ္လုပ္ရန္ႏွင့္ သေဘၤာလိုက္ရန္ ေသြးစစ္သည့္ အခါ အိတ္ခ်္အိုင္ဗီပိုးေတြ႕ရွိျခင္း ျဖစ္သည္။ ေနာက္ဆက္တြဲထိတ္ လန႔္စရာမွာ သူတို႔သုံးဦးစလုံး သည္ ရည္းစားထည္လဲတြဲေနသူ မ်ားျဖစ္ၿပီး သူတို႔တြဲခဲ့သည့္ရည္း စားတိုင္းနီးပါးႏွင့္ အကာအကြယ္  ကြန္ဒုံးမပါဘဲ အတူေနခဲ့ျခင္းျဖစ္ သည္။ ဆိုေတာ့ သူတို႔ရည္းစား မ်ား အားလုံးသည္လည္း ကူးစက္ ခံရရန္ ရာခိုင္ႏႈန္းမ်ားသည္။ သူ တို႔ရည္းစားမ်ားမွာ သူတို႔ႏွင့္လမ္း ခြဲၿပီးေနာက္ အျခားတစ္ေယာက္ ေယာက္ႏွင့္ ရည္းစားျဖစ္ၿပီးအတူ ေနျဖစ္ခဲ့ေသာ္...။ ထိုသို႔ေသာ္ စီးရီးႀကီးတြင္ လူဘယ္ႏွေယာက္ ကူးစက္ခံရမည္လဲဟု မေတြးရဲ စရာပင္။

အဆိုပါ ခ်ာတိတ္သုံးဦး၏ သတင္းကိုၾကားၿပီး ေျခာက္လခန႔္ အၾကာဟုထင္သည္။ မိတ္ေဆြ သတင္းေထာက္တစ္ဦးက သူ ေကာက္ယူေနေသာ ဆာေဗးအ ေၾကာင္းေျပာျပသည္။ သူက ရန္ကုန္ၿမိဳ႕ရွိ (၂၀) ႏွင့္ (၃၀)ၾကား အ႐ြယ္ ခ်ာတိတ္မ်ားကို ရည္းစား ရွိ၊မရွိ၊ ရည္းစားမ်ားႏွင့္အတူ အိပ္ျခင္း ရွိ၊မရွိ၊ ရည္းစားမ်ားႏွင့္ အိပ္လွ်င္ ကြန္ဒုံး သုံး၊မသုံး အ ေယာက္ ၇၀ ဝန္းက်င္ကို ေမးျမန္း ခဲ့ေၾကာင္း၊ ၆၅ ဦးေက်ာ္မွာ ရည္း စားရွိၿပီး ရည္းစားႏွင့္အတူအိပ္ၾက ေၾကာင္း၊ ယင္း ၆၅ ဦးစလုံးတြင္  ပုံမွန္ကြန္ဒုံးသုံးသူလုံးဝမရွိဘဲ အ နည္းစုသာလွ်င္ ရံဖန္ရံခါကြန္ဒုံး သုံးေၾကာင္း၊ ၎တို႔၏ ခ်စ္သူမ်ား ကလည္း ပုံမွန္ကြန္ဒုံးသုံးရန္ ေတာင္းဆိုမႈနည္းသလို သမီး ရည္းစားခ်င္း အျပန္အလွန္ယုံ ၾကည္မႈရွိသျဖင့္ အိတ္ခ်္အိုင္ဗီအ ေၾကာင္း ေခါင္းထဲမထည့္မိ ေၾကာင္း သူေကာက္ယူေနဆဲ ဆာေဗးရလဒ္ကို ေျပာျပသည္။ ယင္းအခ်က္အလက္မ်ားကို သိရ ခ်ိန္တြင္ ကြၽန္ေတာ့္မ်က္လုံးထဲ ေျပးျမင္သည္မွာ အထက္ပါခ်ာ တိတ္သုံးဦးကိုျဖစ္သည္။

ဆိုလိုတာက ကြၽန္ေတာ္တို႔ (၄၀) ေက်ာ္ မ်ိဳးဆက္တြင္သမီး ရည္းစားခ်င္း အတူေနျခင္းမွာ ပါး ရွားလွေသးၿပီး ကြၽန္ေတာ္တို႔၏ေျခ ဦးမွာ လိင္လုပ္သားမ်ားႏွင့္ဆက္ ဆံျခင္းသာ အဓိကျဖစ္သည့္တိုင္  လိင္လုပ္သားမ်ားကို အလြယ္တ ကူေခၚႏိုင္သည့္ အေနအထားမ ရွိေသးေပ။ ကြၽန္ေတာ္တို႔ႏွင့္ ၁၀ ႏွစ္ေက်ာ္ငယ္ေသာ အ႐ြယ္မ်ား လက္ထက္က်ေတာ့ လိင္လုပ္ သားမ်ားကို ရန္ကုန္ၿမိဳ႕ရွိ လူစည္ ကားရာ ဘတ္စ္ကားမွတ္တိုင္မ်ား ၌ပင္ အလြယ္တကူ ေခၚယူႏိုင္ၿပီ ျဖစ္သည္။ ထို႔အျပင္သမီးရည္းစား ခ်င္း အတူေနျခင္းမွာ သိပ္မဆန္း ေတာ့သလို ယခုအခါ ယဥ္ေက်း မႈအသြင္ အခိုင္အမာတည္ရွိေန ၿပီျဖစ္သည္။ ထို႔အျပင္သမီးရည္း စားခ်င္းၾကား ယုံၾကည္စိတ္ခ်မႈအ ရ ကြန္ဒုံးမသုံးဘဲ အတူေနျခင္းမွာ  ဆက္လက္ရွင္သန္ေနဆဲဟု လူ ငယ္ေလးအခ်ိဳ႕ထံမွ သိရသည္။ ယင္းသို႔ေသာ အေနအထားတြင္  သမီးရည္းစား အတူေနျခင္းမွတစ္ ဆင့္ အိတ္ခ်္အိုင္ဗီကူးစက္မႈႏႈန္း မွာ မည္မွ်ျမင့္တက္ေနၿပီလဲဟု ကြၽန္ေတာ္ စိတ္ဝင္စားမိသည္။ ထို႔အျပင္ ယေန႔လူငယ္ေလးမ်ား ၾကား ကြၽန္ေတာ္တို႔တုန္းကလို အိတ္ခ်္အိုင္ဗီစိတၱဇမ်ိဳး သိပ္မရွိ ေတာ့ဟု သိရျပန္သည္။

ဒီဇင္ဘာ ၁ ရက္ေန႔ ရန္ကုန္ တြင္က်င္းပေသာ ကမာၻ႔ေအအိုင္ဒီ အက္စ္ေရာဂါေန႔ အထိမ္းအမွတ္ အခမ္းအနားတြင္ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ရန္ကုန္တိုင္း၌   ေအအာရ္တီေဆး ေသာက္သုံး ေနရသူ ၅၄,၀၀၀ ရွိေၾကာင္း ေျပာ သည္။ ေဝဒနာရွင္ မည္မွ်ရွိသလဲ ေတာ့မေျပာ။ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ၂၀၁၈ ခန႔္မွန္းခ်က္အရ တစ္ႏိုင္ငံလုံးတြင္ အိတ္ခ်္အိုင္ဗီပိုးရွိသူ ၂၃၇,၀၀၀ ဦးရွိၿပီး ယင္းအနက္  ၁၇၈,၀၀၀ အားေအအာရ္တီ ေဆးေပးေနသည္ဟု သိရသျဖင့္  ေအအာရ္တီေဆးရရွိမႈ ရာခိုင္ႏႈန္း  မ်ားသည့္သေဘာ ျဖစ္သည္။ ယင္းသို႔ေအအာရ္တီေဆးရရွိမႈအရ အခ်ိန္ၾကာလာသည္ႏွင့္အမွ်  သိပ္ေၾကာက္စရာမလိုဟု ထင္ျမင္ျခင္းမ်ားအရ လူငယ္မ်ားၾကား  အေၾကာက္တရား ေလ်ာ့ပါးလာသလားဟု ေတြးမိသည္။

ဝန္ႀကီးဌာန၏၂၀၁၈ ခုႏွစ္ ခန႔္မွန္းတြက္ခ်က္မႈမ်ားအရ ၿပီးခဲ့ သည့္ငါးႏွစ္ႏွင့္ ႏႈိင္းယွဥ္ပါက လက္ရွိ အိတ္ခ်္အိုင္ဗီ ကူးစက္ခံရ ႏႈန္းသည္ ၂၆ ရာခိုင္ႏႈန္းက်ဆင္း သြားၿပီး ေအအိုင္ဒီအက္စ္ႏွင့္ႏွီး ႏႊယ္ေသာ ေရာဂါမ်ားေၾကာင့္ေသ ဆုံးမႈႏႈန္းမွာလည္း ၃၅ ရာခိုင္ႏႈန္း  က်ဆင္းလာေၾကာင္း သိရသျဖင့္  ျမန္မာျပည္သူမ်ားၾကား ကာ ကြယ္ေရးအသိ ျမင့္တက္လာ သည္ဟုဆိုႏိုင္သလို ေသဆုံးမႈႏႈန္း  က်ဆင္းသြားျခင္းမွာလည္း ေဆး ဝါးအေထာက္အပံ့ေကာင္းမ်ားရ ရွိျခင္းေၾကာင့္ဟု ေကာက္ခ်က္ခ် ႏိုင္မည္ဟု ထင္၏။

ထို႔အျပင္ အမ်ိဳးသားခ်င္းစုံ မက္သူမ်ားၾကား ပိုးကူးစက္မႈႏႈန္း၊ မူးယစ္ေဆးအေၾကာထဲ ထိုးသြင္း မႈမွကူးစက္ႏႈန္း၊ အမ်ိဳးသမီးလိင္ လုပ္သားမ်ားၾကား ကူးစက္ႏႈန္းတို႔ ကို က်န္းမာေရးႏွင့္ အားကစားဝန္ ႀကီးဌာန၏၂၀၁၈ ခုႏွစ္ ခန႔္မွန္း တြက္ခ်က္မႈစာရင္း၌ ေဖာ္ျပထား ေသာ္လည္း သမီးရည္းစားခ်င္း ၾကား အတူေနရာမွ ကူးစက္ျခင္း  ကိုမူ သီးသန႔္ခြဲထုတ္တြက္ခ်က္ ထားေၾကာင္း မေတြ႕ရသည္မွာ သီးသန႔္ ခြဲထုတ္တြက္ခ်က္ရန္ ခက္ခဲျခင္းေၾကာင့္လား၊ ပညာရွင္ မ်ား၏ ပညာမ်က္စိတြင္ မလိုအပ္ ဘူးဟု ယူဆ၍လားမသိေပ။

ကြၽန္ေတာ့္၏ အေတြ႕အႀကဳံ မ်ားအေပၚ အေျခခံေသာ ဉာဏ္မီ သေလာက္အေတြးထဲတြင္မူ ယ ေန႔ မထူးဆန္းေတာ့သလိုျဖစ္ေန  ေသာ သမီးရည္းစားခ်င္းအတူေန မႈမ်ားအရ၊ ရည္းစားခ်င္းဆို ကြန္ဒုံးမလိုဟု အျမင္ကန္းေနမႈ မ်ားအရ ကူးစက္မႈႏႈန္းမည္မွ် ရွိ သလဲဆိုသည္ကို ရွာေဖြၾကရန္လို အပ္ၿပီဟု နားလည္မိသည္။ ထို႔အ ျပင္ မည္သို႔ပညာေပး ကာကြယ္ ေရးအစီအမံမ်ား လုပ္ေဆာင္သင့္ သည္ကိုလည္း သက္ဆိုင္ရာအဖြဲ႕ အစည္းမ်ားအေနႏွင့္ ေခါင္းခ်င္း  ဆိုင္သင့္ၿပီဟု ထင္ျမင္မိပါသည္။

(ေဆာင္းပါးရွင္ လင္းဆက္ၿငိမ္းခ်မ္းသည္ ႏိုင္ငံေရးႏွင့္ မ်က္ ေမွာက္ေရးရာ ေဆာင္းပါးမ်ား ေရးသားေနသူ ျဖစ္သည္)

credti:7day daily 


Unicode ဖြင့်ဖတ်ရန်

အိတ်ချ်အိုင်ဗီဆို မကြောက်တော့ဘူးလား




အေအိုင်ဒီအက်စ်ဟုဆို လျှင်ကုရာနတ္ထိဆေးမရှိဆိုသည့် ဝေါ ဟာရနှင့်တွဲလျက် ကျွန်တော်တို့ ချာတိတ်ဘဝတုန်းက သိရှိခဲ့ရဖူး သည်။ တမင်မကြောက်ကြောက် အောင် ခြောက်လှန့်ထားသော ဝေါဟာရမဟုတ်ဟု ထင်သည်။ ပြီးခဲ့သည့်သက္ကရာဇ် ၂၀၀၀ ဝန်းကျင် ကာလက အိတ်ချ်အိုင်ဗီ  ဝေဒနာရှင်တစ်ယောက် လူ့သက် တမ်းပြည့် သာမန်လူတစ်ယောက် လို နေထိုင်နိုင်အောင်စွမ်းသည့် အေအာရ်တီဆေးဆိုသည်ကို လူ သိသူသိ ကြားဖူးသည်ဆိုသောအ ဆင့်ပင်မရှိသေး။ ထို့အပြင် လူ့အ သိုင်းအဝိုင်းတင်မက မိမိမိသားစု ပင်လျှင် နားလည်အားပေးနိုင်စွမ်း မရှိသေးသော အခြေအနေမို့ ကျွန် တော်တို့ (၄၀-၅၀) ဝန်းကျင် မျိုး ဆက်အတွက် အကြီးအကျယ် ထိတ်လန့်ခဲ့ရသော ရောဂါဆိုးဖြစ် သည်။

မှတ်မှတ်ရရ ၁၉၉၀ ဝန်း ကျင်ကာလတွင် အိတ်ချ်အိုင်ဗီ စိတ္တဇမှာ ကျွန်တော်တို့လူငယ်များ ကြား ရိုက်ခတ်မှုမပြင်းသေး။ သို့ သော် မူးယစ်ဆေးဝါးသုံးစွဲသူများ ကြားတွင်မူ အိတ်ချ်အိုင်ဗီကူးစက် ခံရမှုမှာ ကျယ်ပြန့်နေပြီဟု ထင် ၏။ ဘာကြောင့်ထင်ရသလဲဆို တော့ ၁၉၉၁ ခုနှစ် နိုင်ကျဉ်းအဖြစ် ကျွန်တော် မုံရွာထောင်ထဲတွင်ရှိ နေစဉ် မုံရွာထောင်ထဲမူးယစ်ဆေး ဝါးသုံးစွဲသူများအား အိတ်ချ်အိုင် ဗီ ရှိ၊ မရှိစစ်ဆေးခဲ့သည်။ ထောင်  မှူးစာရေးထံမှ တရားမဝင်ပြန် လည်ကြားသိချက်အရ စစ်ဆေး ချက်အဖြေမှာ မူးယစ်သုံးစွဲသူ ၁၀၀ တွင် ၉၅ ဦးမက အိတ်ချ်အိုင် ဗီပိုး တွေ့ရှိကြောင်းဖြစ်သည်။

ထိုအချိန်က ကျွန်တော်တို့ နိုင်ကျဉ်းများမှာ တရားရင်ဆိုင်ဆဲ မူးယစ်အမှုများလာခြင်းအရ မူး ယစ်သမားများနှင့် တစ်ခန်းတည်း အတူနေရချိန်။ ထောင်မှူးစာရေး က ကျွန်တော်တို့ကိုခင်သဖြင့် အ နေအထိုင်ဆင်ခြင်ရန် တိုးတိုး တိတ်တိတ် သတိပေးခြင်းဖြစ် သည်။

တကယ်ဆို အိတ်ချ်အိုင်ဗီရှိ သူများကို တိုက်ထဲတွင် သီးသန့်ခွဲ ထားရမည်ဖြစ်သော်လည်း တစ် ရာကျော်ရှိနေသောသူတို့ကို သီး သန့်ခွဲထားရန် မဖြစ်နိုင်သဖြင့်  ထောင်အာဏာပိုင်တို့က မသိချင် ယောင်ဆောင်ခဲ့သည်။ သွေးချင်း မထိစပ်၊ အပ်အတူမသုံး၊ လိင်တူ ချင်းမဆက်ဆံဘဲ ပုံမှန်နေထိုင်မှု တွင် မကူးစက်နိုင်မှန်းသိသော် လည်း ၎င်းတို့များစွာတို့အလယ်  ကျွန်တော်တို့ နေရထိုင်ရတော် တော်ခက်ရသည်။

သူတို့ကတော့ အိတ်ချ်အိုင်ဗီ သည် သူတို့ဘဝအတွက်အရေးမ ပါသလို သက်သောင့်သက်သာ။ သူတို့အတွက် သိပ်ကိုအရေးပါ သောကိစ္စမှာ တရားရုံးထွက်ရ သည့်နေ့တွင် အကြောထဲသို့ နံပါတ်ဖိုးထိုးသွင်းနိုင်ရေး ဖြစ် သည်။ တရားရုံးအချုပ်ထဲတွင် နံပါတ်ဖိုးရလျှင်ရသလို အပ်တစ် ချောင်းတည်းဖြင့် သူပြီးငါ့အ လှည့်။ ကျွန်တော်နှင့်ရင်းနှီးသော  နံပါတ်ဖိုးသုံးစွဲသူအချို့ကို ဆေး ထိုးအပ်တစ်ချောင်းတည်း သုံးစွဲ ခြင်းအပေါ် မကြောက်ဘူးလားဟု စပ်စုကြည့်တော့ အစ်ကိုတို့က ဂိတ်ဆုံးနေပြီဆိုသည့်စကားမျိုး ပြန်ပြောတတ်ကြသည်။

ကျွန်တော်ကတော့ ကိုယ့် ကိုယ်ကိုယ် ဂိတ်မဆုံးသေးဟု ယူ ဆလို့လားမသိ၊ အိတ်ချ်အိုင်ဗီကို ကြောက်သည်။ ထောင်မှပြန် ထွက်ပြီးနောက်တွင် အိတ်ချ်အိုင် ဗီရှိသူများနှင့်အတူ နေခဲ့ခြင်းအရ  ကိုယ်လည်းပဲ ကူးစက်ခံခဲ့ရပြီလား ဟူ၍ စိတ္တဇဖြစ်ရသည်။

ထောင်မှပြန်ထွက်၊ ၁၀ တန်းတွေ ဘာတွေအောင်ပြီး နောက် လူငယ်သဘာဝစူးစမ်းလို စိတ်နှင့် သွေးသားဆန္ဒအရ လိင် လုပ်သားတို့နှင့် ထိတွေ့ပြီးသည့် အခါ လုံခြုံစိတ်ချရသောကွန်ဒုံးကို အသုံးပြုခဲ့သော်ငြား စိတ္တဇသည်  အသံထွက်ပိုမြည်လာကာ အိပ်မ ပျော်သောညများ၌ တွေး၊ တွေး ပြီးကြောက်ရသည်။

ဂျီတီအိုင်ပထမနှစ် အဆုတ် အအေးပတ်ရောဂါကြောင့် မကြာ ခဏဖျားနာ၊ ဆရာဝန်တချို့၏ ကောက်ချက်အလွဲကြောင့် အနာ နှင့်ဆေးလွဲကာ အဖျားသံသရာ လည်။ တိုးတိုးပြီးကိုက်ခဲလာသော အိတ်ချ်အိုင်ဗီ စိတ္တဇဝေဒနာက လည်း ထန်ပြင်းလွန်းလှသမို့ အ ဆုတ် အအေးပတ်ခြင်းကြောင့် ဖျားပါသည်ဟု အဖြေထွက်ရုံတင် မက အဖျားပါ အမြစ်ပြတ်သွား သည့်တိုင် စိတ္တဇသည် ပျောက် ကင်းသွားခြင်း မရှိခဲ့ပေ။

ထိုသို့သောစိတ္တဇမှာ ကျွန် တော်တစ်ဦးတည်းမဟုတ်။ ငါဟဲ့ ယောက်ျားဆိုပြီး ခြေဆော့လက် ဆော့ရှိသူ ကျွန်တော်တို့မျိုးဆက်  အမျိုးသားထုအတွင်း အပြင်း၊ အ ပျော့သာကွာမည်။ အိတ်ချ်အိုင်ဗီ စိတ္တဇမှာ သူ့နည်းသူ့ဟန်ဖြင့်ရှိခဲ့ ကြသည်။

 ကျွန်တော့်သူငယ်ချင်း သင်္ဘောသားတစ်ဦး၊ သင်္ဘော ပေါ်တက်ရန် သွေးစစ်သည့်အခါ တိုင်း ဘုရားတွင်အကြိမ်ကြိမ်ဦးချ  ယောက်ယက်ခတ်ခဲ့သည်။ နောက် သူငယ်ချင်းတစ်ဦးမှာ အင်ဂျင်နီ ယာအလုပ်ကပင်ပန်း၊ ညဘက် ဆို အသောက်အစားများကာအိပ် ရေးပျက်။ ကြာလာတော့ တ ဖြည်းဖြည်း ပိန်ကျလာသည်ကို  (သူသည်လည်း ခြေဆော့လက် ဆော့ရှိတာမို့) အိတ်ချ်အိုင်ဗီ စိတ္တဇဝေဒနာ ခံစားရတော့သည်။ နိုင်ငံခြားထွက်ရန် ဆေးစစ်ချက် အဖြေသွားယူတော့ ဓာတ်ခွဲခန်း ရှေ့ရောက်မှ အဖြေကိုရင်မဆိုင် ရဲသဖြင့် ပြန်လှည့်ထွက်ခဲ့သည်မှာ နှစ်ကြိမ်မက။ နောက်ဆုံးကြောက် ကြောက်လန့်လန့်ဖြင့် အဖြေသွား ယူကြည့်တော့ အိတ်ချ်အိုင်ဗီမရှိ သဖြင့် ထခုန်မတတ် ခံစားခဲ့ရဖူး သည်တဲ့။ အခြားသောမိတ်ဆွေ များ၏ အိတ်ချ်အိုင်ဗီစိတ္တဇပုံပြင် များစွာကို ပြောပြချင်သေးသော် လည်း စာရှည်မည်စိုး၍ ထား တော့။

ကျွန်တော်တို့ ထိုသို့ကြောက် ရတာလည်းမပြောနဲ့၊ မိတ်ဆွေ တစ်ဦးဆိုလျှင် တစ်သက်တွင်တစ် ခါ လိင်ပျော်ပါးခဲ့ဖူးသူ ခပ်အေး အေးလူပျိုကြီး။ ထိုတစ်ခါတည်း တွင်ပင် အိတ်ချ်အိုင်ဗီကူးစက်ခံရ ပြီး  အေအာရ်တီဆေး အထောက် အပံ့လည်းမရသဖြင့် (၄၀) ကျော် သောအရွယ်၌ တိမ်းပါးခဲ့သည်။

လွန်ခဲ့သော ၁၀ နှစ်ကျော်က ဖြစ်သည်။ ကျွန်တော့်သူငယ်ချင်း ၏မိတ်ဆွေ ချာတိတ်သုံးဦး၏ အိတ်ချ်အိုင်ဗီ ဇာတ်လမ်းကိုကြား ခဲ့ရဖူးသည်။ သူတို့သုံးဦးမှာ (၂၀) စွန်းခါစအရွယ်။ နောက်ဆုံးနှစ် စာမေးပွဲဖြေဆိုပြီးနောက် နိုင်ငံ ခြားထွက် အလုပ်လုပ်ရန်နှင့် သင်္ဘောလိုက်ရန် သွေးစစ်သည့် အခါ အိတ်ချ်အိုင်ဗီပိုးတွေ့ရှိခြင်း ဖြစ်သည်။ နောက်ဆက်တွဲထိတ် လန့်စရာမှာ သူတို့သုံးဦးစလုံး သည် ရည်းစားထည်လဲတွဲနေသူ များဖြစ်ပြီး သူတို့တွဲခဲ့သည့်ရည်း စားတိုင်းနီးပါးနှင့် အကာအကွယ်  ကွန်ဒုံးမပါဘဲ အတူနေခဲ့ခြင်းဖြစ် သည်။ ဆိုတော့ သူတို့ရည်းစား များ အားလုံးသည်လည်း ကူးစက် ခံရရန် ရာခိုင်နှုန်းများသည်။ သူ တို့ရည်းစားများမှာ သူတို့နှင့်လမ်း ခွဲပြီးနောက် အခြားတစ်ယောက် ယောက်နှင့် ရည်းစားဖြစ်ပြီးအတူ နေဖြစ်ခဲ့သော်...။ ထိုသို့သော် စီးရီးကြီးတွင် လူဘယ်နှယောက် ကူးစက်ခံရမည်လဲဟု မတွေးရဲ စရာပင်။

အဆိုပါ ချာတိတ်သုံးဦး၏ သတင်းကိုကြားပြီး ခြောက်လခန့် အကြာဟုထင်သည်။ မိတ်ဆွေ သတင်းထောက်တစ်ဦးက သူ ကောက်ယူနေသော ဆာဗေးအ ကြောင်းပြောပြသည်။ သူက ရန်ကုန်မြို့ရှိ (၂၀) နှင့် (၃၀)ကြား အရွယ် ချာတိတ်များကို ရည်းစား ရှိ၊မရှိ၊ ရည်းစားများနှင့်အတူ အိပ်ခြင်း ရှိ၊မရှိ၊ ရည်းစားများနှင့် အိပ်လျှင် ကွန်ဒုံး သုံး၊မသုံး အ ယောက် ၇၀ ဝန်းကျင်ကို မေးမြန်း ခဲ့ကြောင်း၊ ၆၅ ဦးကျော်မှာ ရည်း စားရှိပြီး ရည်းစားနှင့်အတူအိပ်ကြ ကြောင်း၊ ယင်း ၆၅ ဦးစလုံးတွင်  ပုံမှန်ကွန်ဒုံးသုံးသူလုံးဝမရှိဘဲ အ နည်းစုသာလျှင် ရံဖန်ရံခါကွန်ဒုံး သုံးကြောင်း၊ ၎င်းတို့၏ ချစ်သူများ ကလည်း ပုံမှန်ကွန်ဒုံးသုံးရန် တောင်းဆိုမှုနည်းသလို သမီး ရည်းစားချင်း အပြန်အလှန်ယုံ ကြည်မှုရှိသဖြင့် အိတ်ချ်အိုင်ဗီအ ကြောင်း ခေါင်းထဲမထည့်မိ ကြောင်း သူကောက်ယူနေဆဲ ဆာဗေးရလဒ်ကို ပြောပြသည်။ ယင်းအချက်အလက်များကို သိရ ချိန်တွင် ကျွန်တော့်မျက်လုံးထဲ ပြေးမြင်သည်မှာ အထက်ပါချာ တိတ်သုံးဦးကိုဖြစ်သည်။

ဆိုလိုတာက ကျွန်တော်တို့ (၄၀) ကျော် မျိုးဆက်တွင်သမီး ရည်းစားချင်း အတူနေခြင်းမှာ ပါး ရှားလှသေးပြီး ကျွန်တော်တို့၏ခြေ ဦးမှာ လိင်လုပ်သားများနှင့်ဆက် ဆံခြင်းသာ အဓိကဖြစ်သည့်တိုင်  လိင်လုပ်သားများကို အလွယ်တ ကူခေါ်နိုင်သည့် အနေအထားမ ရှိသေးပေ။ ကျွန်တော်တို့နှင့် ၁၀ နှစ်ကျော်ငယ်သော အရွယ်များ လက်ထက်ကျတော့ လိင်လုပ် သားများကို ရန်ကုန်မြို့ရှိ လူစည် ကားရာ ဘတ်စ်ကားမှတ်တိုင်များ ၌ပင် အလွယ်တကူ ခေါ်ယူနိုင်ပြီ ဖြစ်သည်။ ထို့အပြင်သမီးရည်းစား ချင်း အတူနေခြင်းမှာ သိပ်မဆန်း တော့သလို ယခုအခါ ယဉ်ကျေး မှုအသွင် အခိုင်အမာတည်ရှိနေ ပြီဖြစ်သည်။ ထို့အပြင်သမီးရည်း စားချင်းကြား ယုံကြည်စိတ်ချမှုအ ရ ကွန်ဒုံးမသုံးဘဲ အတူနေခြင်းမှာ  ဆက်လက်ရှင်သန်နေဆဲဟု လူ ငယ်လေးအချို့ထံမှ သိရသည်။ ယင်းသို့သော အနေအထားတွင်  သမီးရည်းစား အတူနေခြင်းမှတစ် ဆင့် အိတ်ချ်အိုင်ဗီကူးစက်မှုနှုန်း မှာ မည်မျှမြင့်တက်နေပြီလဲဟု ကျွန်တော် စိတ်ဝင်စားမိသည်။ ထို့အပြင် ယနေ့လူငယ်လေးများ ကြား ကျွန်တော်တို့တုန်းကလို အိတ်ချ်အိုင်ဗီစိတ္တဇမျိုး သိပ်မရှိ တော့ဟု သိရပြန်သည်။

ဒီဇင်ဘာ ၁ ရက်နေ့ ရန်ကုန် တွင်ကျင်းပသော ကမ္ဘာ့အေအိုင်ဒီ အက်စ်ရောဂါနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်း၌   အေအာရ်တီဆေး သောက်သုံး နေရသူ ၅၄,၀၀၀ ရှိကြောင်း ပြော သည်။ ဝေဒနာရှင် မည်မျှရှိသလဲ တော့မပြော။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၈ ခန့်မှန်းချက်အရ တစ်နိုင်ငံလုံးတွင် အိတ်ချ်အိုင်ဗီပိုးရှိသူ ၂၃၇,၀၀၀ ဦးရှိပြီး ယင်းအနက်  ၁၇၈,၀၀၀ အားအေအာရ်တီ ဆေးပေးနေသည်ဟု သိရသဖြင့်  အေအာရ်တီဆေးရရှိမှု ရာခိုင်နှုန်း  များသည့်သဘော ဖြစ်သည်။ ယင်းသို့အေအာရ်တီဆေးရရှိမှုအရ အချိန်ကြာလာသည်နှင့်အမျှ  သိပ်ကြောက်စရာမလိုဟု ထင်မြင်ခြင်းများအရ လူငယ်များကြား  အကြောက်တရား လျော့ပါးလာသလားဟု တွေးမိသည်။

ဝန်ကြီးဌာန၏၂၀၁၈ ခုနှစ် ခန့်မှန်းတွက်ချက်မှုများအရ ပြီးခဲ့ သည့်ငါးနှစ်နှင့် နှိုင်းယှဉ်ပါက လက်ရှိ အိတ်ချ်အိုင်ဗီ ကူးစက်ခံရ နှုန်းသည် ၂၆ ရာခိုင်နှုန်းကျဆင်း သွားပြီး အေအိုင်ဒီအက်စ်နှင့်နှီး နွှယ်သော ရောဂါများကြောင့်သေ ဆုံးမှုနှုန်းမှာလည်း ၃၅ ရာခိုင်နှုန်း  ကျဆင်းလာကြောင်း သိရသဖြင့်  မြန်မာပြည်သူများကြား ကာ ကွယ်ရေးအသိ မြင့်တက်လာ သည်ဟုဆိုနိုင်သလို သေဆုံးမှုနှုန်း  ကျဆင်းသွားခြင်းမှာလည်း ဆေး ဝါးအထောက်အပံ့ကောင်းများရ ရှိခြင်းကြောင့်ဟု ကောက်ချက်ချ နိုင်မည်ဟု ထင်၏။

ထို့အပြင် အမျိုးသားချင်းစုံ မက်သူများကြား ပိုးကူးစက်မှုနှုန်း၊ မူးယစ်ဆေးအကြောထဲ ထိုးသွင်း မှုမှကူးစက်နှုန်း၊ အမျိုးသမီးလိင် လုပ်သားများကြား ကူးစက်နှုန်းတို့ ကို ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၏၂၀၁၈ ခုနှစ် ခန့်မှန်း တွက်ချက်မှုစာရင်း၌ ဖော်ပြထား သော်လည်း သမီးရည်းစားချင်း ကြား အတူနေရာမှ ကူးစက်ခြင်း  ကိုမူ သီးသန့်ခွဲထုတ်တွက်ချက် ထားကြောင်း မတွေ့ရသည်မှာ သီးသန့် ခွဲထုတ်တွက်ချက်ရန် ခက်ခဲခြင်းကြောင့်လား၊ ပညာရှင် များ၏ ပညာမျက်စိတွင် မလိုအပ် ဘူးဟု ယူဆ၍လားမသိပေ။

ကျွန်တော့်၏ အတွေ့အကြုံ များအပေါ် အခြေခံသော ဉာဏ်မီ သလောက်အတွေးထဲတွင်မူ ယ နေ့ မထူးဆန်းတော့သလိုဖြစ်နေ  သော သမီးရည်းစားချင်းအတူနေ မှုများအရ၊ ရည်းစားချင်းဆို ကွန်ဒုံးမလိုဟု အမြင်ကန်းနေမှု များအရ ကူးစက်မှုနှုန်းမည်မျှ ရှိ သလဲဆိုသည်ကို ရှာဖွေကြရန်လို အပ်ပြီဟု နားလည်မိသည်။ ထို့အ ပြင် မည်သို့ပညာပေး ကာကွယ် ရေးအစီအမံများ လုပ်ဆောင်သင့် သည်ကိုလည်း သက်ဆိုင်ရာအဖွဲ့ အစည်းများအနေနှင့် ခေါင်းချင်း  ဆိုင်သင့်ပြီဟု ထင်မြင်မိပါသည်။

(ဆောင်းပါးရှင် လင်းဆက်ငြိမ်းချမ်းသည် နိုင်ငံရေးနှင့် မျက် မှောက်ရေးရာ ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်)

credti:7day daily 


Previous
Next Post »
Powered by Blogger.