Zawgyi ျဖင့္ဖတ္ရန္
ICJ သို႔အေမစု ပို႔လႊတ္မည့္ႏိုင္ငံေရးဗ်ဴဟာ ဘူမသိကိုးမသိ ဂမ္ဘီယာႏိုင္ငံက သူနဲ႔လည္းဘာမွမဆိုင္ ဘဂၤါလီျပသနာေတြရဲ႕ သမိုင္းလည္းမသိပဲ လက္တေလာအျဖစ္အပ်က္ကိုပဲ ျပသနာလုပ္ အဖြဲ႕အစည္းတစ္ခုရဲ႕ေငြေၾကးအားကိုးနဲ႔ ျမန္မာကို ကမာၻ႔အျမင့္ဆုံး တရား႐ုံးတက္တိုင္တယ္။ ဒီေကာင္ေတြ လန္႔ေနမွာပါ။ ေတာ္႐ုံလူေလာက္လႊတ္ၿပီး ငါတို႔ကိုလာရွင္းမွာပါဆိုတဲ့ အထင္နဲ႔ ေသြးတိုးစမ္း အထင္ေသးတဲ့ပြဲမွာ အေမစု ကိုယ္တိုင္တက္လာမယ္လို႔ ေၾကျငာလိုက္ေရာ ဂမ္ဘီယာ အျပင္ OIC ေရာ ICJ ေရာ ကမာၻ႔ႏိုင္ငံေတြပါ မ်က္လုံးျပဴးၿပီး အံ့အားသင့္ကုန္တယ္။
သူတို႔ ေမ့ေနတဲ့ တစ္ခ်က္က အေမစုဟာ သူရင္ဝတည့္တည့္ေတ့ထားတဲ့ ေသနတ္ကိုေတာင္ မေၾကာက္ပဲ ရင္ဆိုင္လာခဲ့တာ ICJ လို ပညာခ်င္းယွဥ္ရတဲ့ပြဲေလာက္ကို စာမဖြဲ႕ဘူးဆိုတာ ေမ့ေနပုံရတယ္။ ဒီမိုကေရစီ ရရွိေအာင္ ႀကိဳးစားခဲ့တဲ့ တေလွ်ာက္လုံး တရား႐ုံးတို႔ ေထာင္တို႔ လုပ္ႀကံမႈတို႔ဆိုတာ အခု ICJ မွာ ႐ုံးထိုင္ေနတဲ့ လူေတြထက္ အမ်ားႀကီးထိပ္တိုက္ေတြ႕ အႏိုင္ယူေက်ာ္ျဖတ္ခဲ့တယ္ဆိုတာ သတိခ်ပ္သင့္တယ္။
ဆက္ေျပာပါရေစ။ ICJ မွာ အေမစုကိုယ္တိုင္တက္ၿပီး တရားရင္ဆိုင္ေျဖရွင္းမယ္လို႔ေၾကျငာလိုက္ခ်ိန္မွာ တကမာၻလုံး သတင္းစာမ်က္ႏွာထက္မွာ အေမစုသတင္းေတြပဲတက္လာၾကတာပါ။ အားလုံး အဓိကထားစိတ္ဝင္စားေနတဲ့အခ်က္တစ္ခုက ျမန္မာက ဘယ္ေရွ႕ေနကိုငွားၿပီး အမႈရင္ဆိုင္မလဲဆိုတဲ့အခ်က္ပါပဲ။ သူတို႔တပၳားတဲ့ ပုဒၼ ( လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ လူမ်ိဳးတုန္းသတ္ျဖတ္မႈ ဘလာဘလာ စသျဖင့္ေပါ့ေလ) အဲဒီလို ထိတ္လန္႔ တုန္လႈပ္စရာ အမႈေတြနဲ႔ ျမန္မာကို ေကာင္းသတင္းေက်ာ္ၾကားမႈရွိတဲ့ ဘယ္ကမာၻ႔ေရွ႕ေနမ်ားကမွ လိုက္ေပးခ်င္မွာ မဟုတ္ဘူး လို႔လဲ ထင္ထားၾကပုံရတယ္။ ျမန္မာက ဘယ္ေရွ႕ေနနဲ႔ လာမလဲ၊ လာတဲ့ေရွ႕ေနကလည္း ပိုက္ဆံရလို႔ အမည္ခံလိုက္ေပးမဲ့ေရွ႕ေနေလးေတြ ေလာက္ပဲ ထင္ထားၾကပုံရတယ္။ သူတို႔ကေတာ့ အေမရိကန္က ႏိုင္ငံက နာမည္ေက်ာ္ေရွ႕ေနအဖြဲ႕ (Foley Hoag ) ကို ငွားရမ္းထားေၾကာင္း ခပ္ႂကြားႂကြားေလး ထုတ္ျပန္ေၾကျငာခဲ့ၿပီး ျမန္မာကို ရွိန္မလား လုပ္ခဲ့ၾကတယ္။
သို႔ေသာ္ သိပ္မၾကာခင္မွာပဲ ျမန္မာႏိုင္ငံဘက္ကလည္း သူတို႔ရဲ႕ ေရွ႕ေနအျဖစ္ အဂၤလန္ႏိုင္ငံက ႏိုင္ငံတကာဥပေဒ ပါေမာကၡ William Schabas ကိုငွားရမ္းထားေၾကာင္း သတင္းေတြတက္လာတယ္။ ဒီသတင္းကို ပါေကမၡာကလည္း ျငင္းဆန္ျခင္းျပဳ မထားပါဘူး။ ျမန္မာဘက္ကလည္းယခု post တင္ခ်ိန္အထိ တရားဝင္ထုတ္ျပန္တာမရွိသလို ျငင္းဆန္တာလည္းလုပ္မထားဘူး ဆိုေတာ့ ဒါဟာ ေသခ်ာတဲ့သတင္းရင္းျမစ္နဲ႔ ကိစၥတစ္ခုအျဖစ္ ယူဆႏိုင္ပါတယ္ ။ ႏိုင္ငံတကာဥပေဒ ပါေမာကၡ William Schabas ဆိုတာဘယ္သူလဲ ၾကည့္ၾကရေအာင္။
အသက္ 69 ႏွစ္အ႐ြယ္ Mr.William Schabas ဟာ ၿဗိတိန္ႏိုင္ငံ လန္ဒန္ Middlesex တကၠသိုလ္ က ပါေမာကၡတစ္ဦးလည္းျဖစ္ပါတယ္။ ဒီေန႔ သူ႔ကို ျမန္မာႏိုင္ငံက ေရွ႕ေနအျဖစ္ငွားရမ္းေတာ့ တစ္ကမာၻလုံး သိမ့္သိမ့္တုန္ အံ့ၾသသြားၾကျပန္ပါတယ္။ ဘာျဖစ္လို႔လဲ… Mr.William Schabas ဟာ ျမန္မာႏိုင္ငံမွာ ဘဂၤါလီေတြကို ဖိႏွိပ္တာေတြဟာ ႏိုင္ငံတကာဥပေဒ ခ်ိဳးေဖာက္မႈေျမာက္တယ္လို႔ အေစာဆုံးေထာက္ျပခဲ့တဲ့ ႏိုင္ငံတကာဥပေဒပညာရွင္ တစ္ဦးျဖစ္လို႔ပါပဲ။
ဒီပါေမာကၡႀကီးဟာ ဘဂၤါလီ ကိစၥနဲ႔ပတ္သတ္ရင္ 2010 ခုႏွစ္က သူဦးေဆာင္ၿပီးေရးသားျပဳစုခဲ့တဲ့ ျမန္မာႏိုင္ငံအနာက္ဘက္က လူသားထုအေပၚ ရာဇဝတ္က်ဴးလြန္မႈ စာအုပ္ မွာ ဘဂၤါလီေတြနဲ႔ပတ္သတ္လို႔ ျမန္မာစစ္တပ္ရဲ႕ လုပ္ေဆာင္မႈေတြက ဘယ္ေလာက္ဆိုးေၾကာင္း စသျဖင့္ ဘဂၤါလီေတြအေၾကာင္း ျမန္မာႏိုင္ငံနဲ႔ ဘဂၤါလီေတြရဲ႕ ဆက္ႏြယ္မႈ၊ ျမန္မာနဲ႔ျပည္သူေတြရဲ႕ သေဘာထား ၊ အစိုးရအဆက္ဆက္ရဲ႕ သေဘာထား စတာေတြကို ေသခ်ာေလ့လာၿပီးေရးသားျပဳစုခဲ့တဲ့ စာအုပ္ျဖစ္တာေၾကာင့္ ႏိုင္ငံတကာက သူ႔ကိုအလြန္အမင္းခ်ီးက်ဴးထားၾကသူျဖစ္ပါတယ္။ အဲ့ဒါအျပင္ လူမ်ိဳးတုန္းသတ္ျဖတ္မႈအပါအဝင္ ႏိုင္ငံတကာဥေပဒနဲ႔ ပတ္သက္ရင္ အကြၽမ္းက်င္ဆုံးပုဂၢိဳလ္တဦးအျဖစ္ ႏိုင္ငံတကာက အသိအမွတ္ျပဳ ေလးစားရသူလည္းျဖစ္ပါတယယ္။
အဲဒီလို ပုဂၢိဳလ္ႀကီးက တကမာၻလုံးက လူမ်ိဳးတုန္းသတ္ပါတယ္ဆိုၿပီး ေအာ္ဟစ္ေနတဲ့ ျမန္မာဘက္ကေနေရွ႕ေနလိုက္ေပးမယ္ေျပာလိုက္ေတာ့ အေနာက္အုပ္စုေရာ၊ ႐ိုေလာ္ဘီေတြ ၊ လူအခြင့္အေရးအဖြဲ႕ေတြ နဲ႔ တကမာၻလုံး ဒုတိယအႀကိမ္ အံ့အားသင့္ရျပန္ပါတယ္။ ကြၽန္ေတာ့္ အျမင္ေတာ့ ICJ မွာ တရားရင္ဆိုင္တဲ့အခါ ျမန္မာအေနနဲ႔ ေရွ႕ေနငွားတဲ့အခါ ႏိုင္ငံေရးအရ၊ ပညာနဲ႔ သမာၻအရအျပင္၊ ျမန္မာႏိုင္ငံ အထူးအားျဖင့္ ရခိုင္အေနာက္ဘက္ အဲဒီ အုပ္စုေတြအေၾကာင္းသိေနတဲ့ သူကို ငွားရမ္းရတာပိုၿပီး ထိေရာက္မယ္လို႔ထင္ပါတယ္။
ဒီေနရာမွာ ျမန္မာက သူ႔အေပၚအေကာင္းျမင္တဲ့ တျခားေရွ႕ေနေေတြကို ငွားရမ္းလို႔ရပါလွ်က္နဲ႔ ဟို အုပ္စုေတြနဲ႔ပတ္သတ္ရင္ ျမန္မာကို ျပင္းျပင္းထန္ထန္စြပ္စြဲခဲ့ဘူးတဲ့ ဒီလိုကမာၻေက်ာ္ေရွ႕ေနကိုငွားရသလဲဆိုတာ သိပ္ကို အံ့အားသင့္စရာေကာင္းၿပီး စိတ္ဝင္စားစရာေကာင္းလွတဲ့ အေၾကာင္းအရာတစ္ခုျဖစ္ပါတယ္။ အေမစုဟာ ႏိုင္ငံေရးမွာ သိပ္ကိုခန္႔မွန္းရခက္ခဲတဲ့ ထူးျခားတဲ့ ပါရမီရွင္လို႔ ႏိုင္ငံေရးသုခမိန္အေတာ္မ်ားမ်ား ကမွတ္ခ်က္ေပးဖူးၾကပါတယ္။
အနီးစပ္ဆုံး ဥပမာေတြကိုထုတ္ျပရရင္ 2015 ေ႐ြးေကာက္ပြဲမွာ အမ်ားဘယ္လိုမွ မခန္႔မွန္းႏိုင္တဲ့ ဦးထင္ေက်ာ္ကိုသမၼတ အျဖစ္တင္ေျမႇာက္ခဲ့တာ။ သူမကိုယ္တိုင္ ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ဆိုတဲ့ရာထူးကို အာဏာရွင္အစိုးရျပဌာန္းခဲ့တဲ့ 2008 ေျခ/ဥ ရဲ႕ စည္းနားကေနကပ္ၿပီးေတာ့ ႏိုင္ငံေတာ္ အာဏာကိုရယူအုပ္ခ်ဳပ္ခဲ့တာ။ သမၼတႀကီး ဦးထင္ေက်ာ္ကို ရာထူးကနားေစ ဦးဝင္းျမင့္ တက္ေစဆိုၿပီး ႏိုင္ငံေတာ္ သမၼတရာထူးကိုပင္ ေကာင္းမြန္ေသသပ္စြာနဲ႔ ဥပေဒေဘာင္ထဲကခ်ယ္လွယ္ကစားခဲ့တာ ရခိုင္ျပသနာေတြမစခင္ ကုလအတြင္းေရးမႈးခ်ဳပ္ေဟာင္း ကိုဖီအာနန္ကို ယအႀကံေပးခန္႔ၿပီး ေဆာင္႐ြက္ေစခဲ့တာေတြဟာ အမ်ားထင္မွတ္မထားတဲ့ အထူးသျဖင့္ သူ႔ပါတီကိုထိုးႏွက္လိုသူ ႏိုင္ငံေရးသမားေတြရဲ႕ အရွိက္ကို မေၾကျငာပဲ ပင့္ပင့္ထိုးခဲ့တာေတြက တကယ္ကိုစိတ္လႈပ္ရွားေစ ပညာရေစပါတယ္။
အခုလည္း ကမာၻက အထင္တႀကီးေလးစားရၿပီး ျမန္မာကို အျပစ္တင္ေလ့ရွိတဲ့ ကမာၻေက်ာ္ေရွ႕ေနႀကီးတစ္ေယာက္ကို ငွားရမ္းဖို႔အတြက္ သူရဲ႕စိတ္ကူး ပါေမာကၡႀကီးအေပၚ သူ႔ရဲ႕ စည္း႐ုံးေျပာဆိုႏိုင္စြမ္း ႏိုင္ငံေရး ဗ်ဴဟာ ႏိုင္ငံေရး မာယာ ပရိယာယ္ေတြဟာ တုန္လႈပ္စရာေကာင္းေလာက္ေအာင္ ႂကြယ္ဝၿပီး လိုက္မမွီႏိုင္ဘူးလို႔ ေျပာရင္ သိပ္ၿပီးတင္စားလြန္းရာေတာ့ က်မယ္မထင္ပါဘူး။ သူဘယ္လိုေတြ စဥ္းစားေနတယ္။ ဘယ္လိုတိုက္စစ္ေတြ ထိုးစစ္ေတြ ခံစစ္ေတြ ေျပာင္းလဲကစားမလဲဆိုတာ က်ေနာ္ေတာ့ တခ်ိန္လုံးရင္သပ္ရႈေမာေနရတာပါ။ တကြင္းလုံးပတ္ကန္ေနမွာလားဆိုသူ တစ္ေယာက္ေျပာစကားကိုပဲေျပာရရင္ တကြင္းလုံးပတ္ကန္ႏိုင္ေလာက္ေအာင္လည္း အရည္အခ်င္းေရာ အရည္အေသြးေရာ စိတ္ဓာတ္ေရာျပည့္ဝလို႔ ပတ္ကန္ႏိုင္တာေပါ့လို႔ပဲ ေျပာရမွာပါ။
အခုလ ဒီဇင္ဘာ 10 ရက္ကေန 13 ရက္ထိဆို နယ္သာလန္ႏိုင္ငံ သည္ဟိတ္ၿမိဳ႕က အျပည္ျပည္ဆိုင္ရာ တရား႐ုံး (ICJ) မွာ အေမစုဟာ ႏိုင္ငံရဲ႕ ဦးေသွ်ာင္ႀကီးတစ္ဦးလိုေသာ္လည္းေကာင္း ၊ စစ္သူႀကီးတစ္ဦးလိုေသာ္လည္းေကာင္း၊ ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံမင္းႀကီးတစ္ပါးအေနနဲ႔ ေသာ္လည္းေကာင္း၊ ဝန္မင္းတစ္ပါးအေနနဲ႔ေသာ္လည္းေကာင္းလူတစ္ဦးထဲႏွင့္ ဇာတ္ေကာင္စ႐ိုက္မ်ိဳးစုံကို ကမာၻ႔ဇာတ္ခုံေပၚတက္ၿပီး ခင္းက်င္းကျပေတာ့မွာ ျဖစ္ပါတယ္။ ဆဲဆိုလိုသူ ေဝဖန္လိုသူေတြဘယ္လိုပဲ ရွိေနလင့္ကစား သူဟာ တိုင္းျပည္ကေန တရားဝင္ေ႐ြးခ်ယ္တင္ေျမႇာက္လိုက္တဲ့ ႏိုင္ငံေတာ္ ကိုယ္စားလွယ္၊ ျပည္သူ႔ကိုယ္စားလွယ္ ျဖစ္တာေၾကာင့္ အေမစုရဲ႕ ကျပယွဥ္ၿပိဳင္ျခင္းကို လက္ခုပ္တီးဖို႔ေရာ ေအာင္ပန္းဆင္ႏိုင္ဖို႔ပါ ကြၽန္ေတာ္တို႔အားလုံး တူညီစြာနဲ႔ ရပ္တည္ၾကဖို႔ကိုတိုက္တြန္းေတာင္းဆိုလိုက္ရပါသည္….။
share from: everytimestory
Unicode ဖြင့်ဖတ်ရန်
ICJ တရားရုံး၌ မြန်မာဘက်က နိုင်ငံတကာဥပဒေ ပါမောက္ခ William Schabas ဆိုတာဘယ်သူလဲ
ICJ သို့အမေစု ပို့လွှတ်မည့်နိုင်ငံရေးဗျူဟာ ဘူမသိကိုးမသိ ဂမ်ဘီယာနိုင်ငံက သူနဲ့လည်းဘာမှမဆိုင် ဘင်္ဂါလီပြသနာတွေရဲ့ သမိုင်းလည်းမသိပဲ လက်တလောအဖြစ်အပျက်ကိုပဲ ပြသနာလုပ် အဖွဲ့အစည်းတစ်ခုရဲ့ငွေကြေးအားကိုးနဲ့ မြန်မာကို ကမ္ဘာ့အမြင့်ဆုံး တရားရုံးတက်တိုင်တယ်။ ဒီကောင်တွေ လန့်နေမှာပါ။ တော်ရုံလူလောက်လွှတ်ပြီး ငါတို့ကိုလာရှင်းမှာပါဆိုတဲ့ အထင်နဲ့ သွေးတိုးစမ်း အထင်သေးတဲ့ပွဲမှာ အမေစု ကိုယ်တိုင်တက်လာမယ်လို့ ကြေငြာလိုက်ရော ဂမ်ဘီယာ အပြင် OIC ရော ICJ ရော ကမ္ဘာ့နိုင်ငံတွေပါ မျက်လုံးပြူးပြီး အံ့အားသင့်ကုန်တယ်။
သူတို့ မေ့နေတဲ့ တစ်ချက်က အမေစုဟာ သူရင်ဝတည့်တည့်တေ့ထားတဲ့ သေနတ်ကိုတောင် မကြောက်ပဲ ရင်ဆိုင်လာခဲ့တာ ICJ လို ပညာချင်းယှဉ်ရတဲ့ပွဲလောက်ကို စာမဖွဲ့ဘူးဆိုတာ မေ့နေပုံရတယ်။ ဒီမိုကရေစီ ရရှိအောင် ကြိုးစားခဲ့တဲ့ တလျှောက်လုံး တရားရုံးတို့ ထောင်တို့ လုပ်ကြံမှုတို့ဆိုတာ အခု ICJ မှာ ရုံးထိုင်နေတဲ့ လူတွေထက် အများကြီးထိပ်တိုက်တွေ့ အနိုင်ယူကျော်ဖြတ်ခဲ့တယ်ဆိုတာ သတိချပ်သင့်တယ်။
ဆက်ပြောပါရစေ။ ICJ မှာ အမေစုကိုယ်တိုင်တက်ပြီး တရားရင်ဆိုင်ဖြေရှင်းမယ်လို့ကြေငြာလိုက်ချိန်မှာ တကမ္ဘာလုံး သတင်းစာမျက်နှာထက်မှာ အမေစုသတင်းတွေပဲတက်လာကြတာပါ။ အားလုံး အဓိကထားစိတ်ဝင်စားနေတဲ့အချက်တစ်ခုက မြန်မာက ဘယ်ရှေ့နေကိုငှားပြီး အမှုရင်ဆိုင်မလဲဆိုတဲ့အချက်ပါပဲ။ သူတို့တပ္ထားတဲ့ ပုဒ္မ ( လူ့အခွင့်အရေးချိုးဖောက်မှု လူမျိုးတုန်းသတ်ဖြတ်မှု ဘလာဘလာ စသဖြင့်ပေါ့လေ) အဲဒီလို ထိတ်လန့် တုန်လှုပ်စရာ အမှုတွေနဲ့ မြန်မာကို ကောင်းသတင်းကျော်ကြားမှုရှိတဲ့ ဘယ်ကမ္ဘာ့ရှေ့နေများကမှ လိုက်ပေးချင်မှာ မဟုတ်ဘူး လို့လဲ ထင်ထားကြပုံရတယ်။ မြန်မာက ဘယ်ရှေ့နေနဲ့ လာမလဲ၊ လာတဲ့ရှေ့နေကလည်း ပိုက်ဆံရလို့ အမည်ခံလိုက်ပေးမဲ့ရှေ့နေလေးတွေ လောက်ပဲ ထင်ထားကြပုံရတယ်။ သူတို့ကတော့ အမေရိကန်က နိုင်ငံက နာမည်ကျော်ရှေ့နေအဖွဲ့ (Foley Hoag ) ကို ငှားရမ်းထားကြောင်း ခပ်ကြွားကြွားလေး ထုတ်ပြန်ကြေငြာခဲ့ပြီး မြန်မာကို ရှိန်မလား လုပ်ခဲ့ကြတယ်။
သို့သော် သိပ်မကြာခင်မှာပဲ မြန်မာနိုင်ငံဘက်ကလည်း သူတို့ရဲ့ ရှေ့နေအဖြစ် အင်္ဂလန်နိုင်ငံက နိုင်ငံတကာဥပဒေ ပါမောက္ခ William Schabas ကိုငှားရမ်းထားကြောင်း သတင်းတွေတက်လာတယ်။ ဒီသတင်းကို ပါကေမ္ခာကလည်း ငြင်းဆန်ခြင်းပြု မထားပါဘူး။ မြန်မာဘက်ကလည်းယခု post တင်ချိန်အထိ တရားဝင်ထုတ်ပြန်တာမရှိသလို ငြင်းဆန်တာလည်းလုပ်မထားဘူး ဆိုတော့ ဒါဟာ သေချာတဲ့သတင်းရင်းမြစ်နဲ့ ကိစ္စတစ်ခုအဖြစ် ယူဆနိုင်ပါတယ် ။ နိုင်ငံတကာဥပဒေ ပါမောက္ခ William Schabas ဆိုတာဘယ်သူလဲ ကြည့်ကြရအောင်။
အသက် 69 နှစ်အရွယ် Mr.William Schabas ဟာ ဗြိတိန်နိုင်ငံ လန်ဒန် Middlesex တက္ကသိုလ် က ပါမောက္ခတစ်ဦးလည်းဖြစ်ပါတယ်။ ဒီနေ့ သူ့ကို မြန်မာနိုင်ငံက ရှေ့နေအဖြစ်ငှားရမ်းတော့ တစ်ကမ္ဘာလုံး သိမ့်သိမ့်တုန် အံ့သြသွားကြပြန်ပါတယ်။ ဘာဖြစ်လို့လဲ… Mr.William Schabas ဟာ မြန်မာနိုင်ငံမှာ ဘင်္ဂါလီတွေကို ဖိနှိပ်တာတွေဟာ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုမြောက်တယ်လို့ အစောဆုံးထောက်ပြခဲ့တဲ့ နိုင်ငံတကာဥပဒေပညာရှင် တစ်ဦးဖြစ်လို့ပါပဲ။
ဒီပါမောက္ခကြီးဟာ ဘင်္ဂါလီ ကိစ္စနဲ့ပတ်သတ်ရင် 2010 ခုနှစ်က သူဦးဆောင်ပြီးရေးသားပြုစုခဲ့တဲ့ မြန်မာနိုင်ငံအနာက်ဘက်က လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှု စာအုပ် မှာ ဘင်္ဂါလီတွေနဲ့ပတ်သတ်လို့ မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်မှုတွေက ဘယ်လောက်ဆိုးကြောင်း စသဖြင့် ဘင်္ဂါလီတွေအကြောင်း မြန်မာနိုင်ငံနဲ့ ဘင်္ဂါလီတွေရဲ့ ဆက်နွယ်မှု၊ မြန်မာနဲ့ပြည်သူတွေရဲ့ သဘောထား ၊ အစိုးရအဆက်ဆက်ရဲ့ သဘောထား စတာတွေကို သေချာလေ့လာပြီးရေးသားပြုစုခဲ့တဲ့ စာအုပ်ဖြစ်တာကြောင့် နိုင်ငံတကာက သူ့ကိုအလွန်အမင်းချီးကျူးထားကြသူဖြစ်ပါတယ်။ အဲ့ဒါအပြင် လူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် နိုင်ငံတကာဥပေဒနဲ့ ပတ်သက်ရင် အကျွမ်းကျင်ဆုံးပုဂ္ဂိုလ်တဦးအဖြစ် နိုင်ငံတကာက အသိအမှတ်ပြု လေးစားရသူလည်းဖြစ်ပါတယယ်။
အဲဒီလို ပုဂ္ဂိုလ်ကြီးက တကမ္ဘာလုံးက လူမျိုးတုန်းသတ်ပါတယ်ဆိုပြီး အော်ဟစ်နေတဲ့ မြန်မာဘက်ကနေရှေ့နေလိုက်ပေးမယ်ပြောလိုက်တော့ အနောက်အုပ်စုရော၊ ရိုလော်ဘီတွေ ၊ လူအခွင့်အရေးအဖွဲ့တွေ နဲ့ တကမ္ဘာလုံး ဒုတိယအကြိမ် အံ့အားသင့်ရပြန်ပါတယ်။ ကျွန်တော့် အမြင်တော့ ICJ မှာ တရားရင်ဆိုင်တဲ့အခါ မြန်မာအနေနဲ့ ရှေ့နေငှားတဲ့အခါ နိုင်ငံရေးအရ၊ ပညာနဲ့ သမ္ဘာအရအပြင်၊ မြန်မာနိုင်ငံ အထူးအားဖြင့် ရခိုင်အနောက်ဘက် အဲဒီ အုပ်စုတွေအကြောင်းသိနေတဲ့ သူကို ငှားရမ်းရတာပိုပြီး ထိရောက်မယ်လို့ထင်ပါတယ်။
ဒီနေရာမှာ မြန်မာက သူ့အပေါ်အကောင်းမြင်တဲ့ တခြားရှေ့နေေတွေကို ငှားရမ်းလို့ရပါလျှက်နဲ့ ဟို အုပ်စုတွေနဲ့ပတ်သတ်ရင် မြန်မာကို ပြင်းပြင်းထန်ထန်စွပ်စွဲခဲ့ဘူးတဲ့ ဒီလိုကမ္ဘာကျော်ရှေ့နေကိုငှားရသလဲဆိုတာ သိပ်ကို အံ့အားသင့်စရာကောင်းပြီး စိတ်ဝင်စားစရာကောင်းလှတဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ အမေစုဟာ နိုင်ငံရေးမှာ သိပ်ကိုခန့်မှန်းရခက်ခဲတဲ့ ထူးခြားတဲ့ ပါရမီရှင်လို့ နိုင်ငံရေးသုခမိန်အတော်များများ ကမှတ်ချက်ပေးဖူးကြပါတယ်။
အနီးစပ်ဆုံး ဥပမာတွေကိုထုတ်ပြရရင် 2015 ရွေးကောက်ပွဲမှာ အများဘယ်လိုမှ မခန့်မှန်းနိုင်တဲ့ ဦးထင်ကျော်ကိုသမ္မတ အဖြစ်တင်မြှောက်ခဲ့တာ။ သူမကိုယ်တိုင် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ရာထူးကို အာဏာရှင်အစိုးရပြဌာန်းခဲ့တဲ့ 2008 ခြေ/ဥ ရဲ့ စည်းနားကနေကပ်ပြီးတော့ နိုင်ငံတော် အာဏာကိုရယူအုပ်ချုပ်ခဲ့တာ။ သမ္မတကြီး ဦးထင်ကျော်ကို ရာထူးကနားစေ ဦးဝင်းမြင့် တက်စေဆိုပြီး နိုင်ငံတော် သမ္မတရာထူးကိုပင် ကောင်းမွန်သေသပ်စွာနဲ့ ဥပဒေဘောင်ထဲကချယ်လှယ်ကစားခဲ့တာ ရခိုင်ပြသနာတွေမစခင် ကုလအတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ကို ယအကြံပေးခန့်ပြီး ဆောင်ရွက်စေခဲ့တာတွေဟာ အများထင်မှတ်မထားတဲ့ အထူးသဖြင့် သူ့ပါတီကိုထိုးနှက်လိုသူ နိုင်ငံရေးသမားတွေရဲ့ အရှိက်ကို မကြေငြာပဲ ပင့်ပင့်ထိုးခဲ့တာတွေက တကယ်ကိုစိတ်လှုပ်ရှားစေ ပညာရစေပါတယ်။
အခုလည်း ကမ္ဘာက အထင်တကြီးလေးစားရပြီး မြန်မာကို အပြစ်တင်လေ့ရှိတဲ့ ကမ္ဘာကျော်ရှေ့နေကြီးတစ်ယောက်ကို ငှားရမ်းဖို့အတွက် သူရဲ့စိတ်ကူး ပါမောက္ခကြီးအပေါ် သူ့ရဲ့ စည်းရုံးပြောဆိုနိုင်စွမ်း နိုင်ငံရေး ဗျူဟာ နိုင်ငံရေး မာယာ ပရိယာယ်တွေဟာ တုန်လှုပ်စရာကောင်းလောက်အောင် ကြွယ်ဝပြီး လိုက်မမှီနိုင်ဘူးလို့ ပြောရင် သိပ်ပြီးတင်စားလွန်းရာတော့ ကျမယ်မထင်ပါဘူး။ သူဘယ်လိုတွေ စဉ်းစားနေတယ်။ ဘယ်လိုတိုက်စစ်တွေ ထိုးစစ်တွေ ခံစစ်တွေ ပြောင်းလဲကစားမလဲဆိုတာ ကျနော်တော့ တချိန်လုံးရင်သပ်ရှုမောနေရတာပါ။ တကွင်းလုံးပတ်ကန်နေမှာလားဆိုသူ တစ်ယောက်ပြောစကားကိုပဲပြောရရင် တကွင်းလုံးပတ်ကန်နိုင်လောက်အောင်လည်း အရည်အချင်းရော အရည်အသွေးရော စိတ်ဓာတ်ရောပြည့်ဝလို့ ပတ်ကန်နိုင်တာပေါ့လို့ပဲ ပြောရမှာပါ။
အခုလ ဒီဇင်ဘာ 10 ရက်ကနေ 13 ရက်ထိဆို နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ အမေစုဟာ နိုင်ငံရဲ့ ဦးသျှောင်ကြီးတစ်ဦးလိုသော်လည်းကောင်း ၊ စစ်သူကြီးတစ်ဦးလိုသော်လည်းကောင်း၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံမင်းကြီးတစ်ပါးအနေနဲ့ သော်လည်းကောင်း၊ ဝန်မင်းတစ်ပါးအနေနဲ့သော်လည်းကောင်းလူတစ်ဦးထဲနှင့် ဇာတ်ကောင်စရိုက်မျိုးစုံကို ကမ္ဘာ့ဇာတ်ခုံပေါ်တက်ပြီး ခင်းကျင်းကပြတော့မှာ ဖြစ်ပါတယ်။ ဆဲဆိုလိုသူ ဝေဖန်လိုသူတွေဘယ်လိုပဲ ရှိနေလင့်ကစား သူဟာ တိုင်းပြည်ကနေ တရားဝင်ရွေးချယ်တင်မြှောက်လိုက်တဲ့ နိုင်ငံတော် ကိုယ်စားလှယ်၊ ပြည်သူ့ကိုယ်စားလှယ် ဖြစ်တာကြောင့် အမေစုရဲ့ ကပြယှဉ်ပြိုင်ခြင်းကို လက်ခုပ်တီးဖို့ရော အောင်ပန်းဆင်နိုင်ဖို့ပါ ကျွန်တော်တို့အားလုံး တူညီစွာနဲ့ ရပ်တည်ကြဖို့ကိုတိုက်တွန်းတောင်းဆိုလိုက်ရပါသည်….။
share from: everytimestory
Sign up here with your email
ConversionConversion EmoticonEmoticon