ပဲခူး႐ိုးမထဲမွ သစ္ခိုးထုတ္ေသာ ကား/ဆိုင္ကယ္မ်ား ျမင္ေတြ႕ေနရေသာ္လည္း ျမင္ေတြ႕သည့္အတိုင္းသာ တရားမွတ္ေနရဟု ေတာင္တြင္းႀကီးအမတ္ေျပာ




Zawgyi ျဖင့္ဖတ္ရန္
ေတာင္တြင္းႀကီးသို႔ျပန္တိုင္း ပဲခူး႐ိုးမထဲမွ သစ္ခိုးထုတ္သည့္ကားမ်ား/ဆိုင္ကယ္မ်ားကို ေတြ႕ေနေသာ္လည္း ေတြ႕ရင္ေတြ႕သည္ဟုမွတ္/ ျမင္ရင္ျမင္သည္မွတ္ ဆိုသည့္အတိုင္းသာ တရားမွတ္ေနရဟု ေတာင္တြင္းႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းသိန္းက ေျပာသည္။ ယေန႔က်င္းပသည့္ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးတြင္ ျပည္သူ႔လႊတ္ေတာ္၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာ ေကာ္မတီ၏ ႏွစ္ပတ္လည္အစီရင္ခံစာကို ေဆြးေႏြးရာ၌ ဦးမင္းသိန္းက အထက္ပါအတိုင္းေျပာဆိုေဆြးေႏြးခဲ့ျခင္းျဖစ္သည္။သူသည္ လႊတ္ေတာ္ပိတ္ရက္စေန/တနဂၤေႏြတိုင္း ဇာတိၿမိဳ႕ကို ျပန္ရေၾကာင္း၊ ယင္းသို႔ျပန္တိုင္း ပဲခူး႐ိုးမကိုျဖတ္သန္းရေၾကာင္း ဆိုသည္။



အဲ့ဒီလိုျဖတ္သန္းတဲ့အခါမွာ လွပတဲ့ ကြၽန္းသစ္စိုက္ခင္းေတြကိုျမင္ရၿပီးေတာ့ ေမာ္ေတာ္ဆိုင္ကယ္မ်ားကိုလည္း တလၾကမ္းေမာင္းၿပီးဆိုင္ကယ္ၿပိဳင္ပြဲက်င္းပေနသလို သစ္ေတြခိုးထုတ္ေနတာကို ေတြ႕ရပါတယ္။ ဝါးကားအေယာင္ေဆာင္သစ္ကားႀကီးေတြကိုလည္းေတြ႕ရပါတယ္။ အဲ့ဒီေတာ့ ဘယ္ေဒသဘယ္သူ႔ကို ဖုန္းဆက္ရမယ္တိုင္တန္းရမယ္ က်ေနာ္တို႔ မသိပါဘူး။ အေရးႀကီးတဲ့ ဖုန္းနံပါတ္ေတြမရွိပါဘူး။ ဒါ့ေၾကာင့္ က်ေနာ္တို႔ အဲဒီက သစ္ကားေတြ သစ္ခိုးတဲ့ဆိုင္ကယ္ေတြကို ျမင္ရင္ျမင္တယ္ပဲမွတ္ ေတြ႕ရင္ေတြ႕တယ္ပဲမွတ္ ၾကားရင္ၾကားတယ္ပဲမွတ္ၿပီး တရားပဲမွတ္ေနရပါေတာ့တယ္” ဟု ဦးမင္းသိန္းက ေျပာသည္။





ယင္းအတြက္ သစ္ေတာမွ တာဝန္ရွိသူမ်ား ဖုန္းနံပါတ္ကို မွ်ေဝေပးရန္ ၎ ကေတာင္းဆိုသည္။အစီရင္ခံစာတြင္ ေကာ္မတီဝင္မ်ားက ၎တို႔ သြားေရာက္ကြင္းဆင္းေလ့လာခဲ့သည့္ေနရာမ်ားကိုေဖာ္ျပထားရာ ပဲခူး႐ိုးမမပါဝင္ခဲ့ေပ။ယခု လႊတ္ေတာ္ကိုယ္စားလွယ္မ်ား တည္းခိုေနထိုင္ေနသည့္ ေနျပည္ေတာ္ ဥတၱရသီရိ ၊ ဒကၡိဏစသည့္ၿမိဳ႕နယ္မ်ားသည္ ပဲခူး႐ိုးမႏွင့္ထိဆက္ေနသည့္ ၿမိဳ႕နယ္မ်ားျဖစ္ေၾကာင္း ၊ လြန္ခဲ့သည့္ ႏွစ္ေပါင္း ၅၀ေက်ာ္ခန႔္က ကြၽန္းေတာႀကီးမ်ားဖုန္းလႊမ္းခဲ့ေသာေနရာျဖစ္ေၾကာင္း ဦးမင္းသိန္းက ဆိုသည္။ပဲခူး႐ိုးမကိုျဖတ္သန္းေဖာက္လုပ္ထားသည့္ ကားလမ္းမႀကီးမ်ား ၊ ယင္းကားလမ္းမႀကီးမ်ားႏွင့္ ဆက္စပ္ေနသည့္ ရန္ကုန္-မႏၲေလးအျမန္ကားလမ္းမႀကီး၊ ပဲခူး႐ိုးမထဲက သစ္ခိုးထုတ္သည့္လမ္းမ်ားတြင္ သစ္ခိုးထုတ္သည့္ယာဥ္မ်ားကားမ်ားကို ဖမ္းမိသည္မ်ားရွိသလို ဖမ္းမမိသည္မ်ားလည္းရွိေၾကာင္း ဦးမင္းသိန္းက ဆက္ေျပာသည္။



“ျမန္မာဆို႐ိုးစကားရွိပါတယ္။ နီးလြန္းလွ်င္လည္းမျမင္ရဘူး ေဝးလြန္းလွ်င္လည္းမျမင္ရဘူး ဆိုတာပါပဲ။ ပဲခူး႐ိုးမဆိုတာေနျပည္ေတာ္နဲ႔ကပ္ေနတဲ့နီးနီးေလးပါ။ ေဝးလံလွတဲ့ေဒေတြကိုေတာင္မွ သြားေရာက္ေလ့လာသလို နီးကပ္လွတဲ့ပဲခူး႐ိုးမႀကီးထဲမွာ ဘယ္သူေတြ ဘာေတြလုပ္လို႔ ဘာေတြျဖစ္ေနတယ္ဆိုတာကို သယံဇာတနဲ႔သဘာဝပတ္ဝန္းက်င္ဆိုင္ရာေကာ္မတီသြားေရာက္ေလ့လာသင့္ပါေၾကာင္း နဲ႔ အကယ္၍ သြားေရာက္ေလ့လာမည္ဆိုပါကလည္း ေကာ္မတီဝင္မ်ား သြားလမ္းလာလမ္းေျဖာင့္ျဖဴးသာယာပါေစလို႔ ဆုမြန္ေကာင္းပါတယ္” ဟု ဦးမင္းသိန္း က ဆက္ေျပာသည္။ဦးမင္းသိန္းေဆြးေႏြးခ်က္အေပၚ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာေကာ္မတီတာဝန္ရွိသူက ျပန္လည္ရွင္းလင္းရာတြင္ တိုင္ၾကားႏိုင္သည့္ သစ္ေတာမွတာဝန္ရွိသူအသီးသီးဖုန္းနံပါတ္မ်ားကို လႊတ္ေတာ္ဥကၠဌခြင့္ျပဳခ်က္ရပါက လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအားလုံးသို႔ ျဖန႔္ေဝေပးထားမည္ျဖစ္ေၾကာင္း ေျပာခဲ့သည္။

share from :burmese.asia



Unicode ဖြင့်ဖတ်ရန်

ပဲခူးရိုးမထဲမှ သစ်ခိုးထုတ်သော ကား/ဆိုင်ကယ်များ မြင်တွေ့နေရသော်လည်း မြင်တွေ့သည့်အတိုင်းသာ တရားမှတ်နေရဟု တောင်တွင်းကြီးအမတ်ပြော

တောင်တွင်းကြီးသို့ပြန်တိုင်း ပဲခူးရိုးမထဲမှ သစ်ခိုးထုတ်သည့်ကားများ/ဆိုင်ကယ်များကို တွေ့နေသော်လည်း တွေ့ရင်တွေ့သည်ဟုမှတ်/ မြင်ရင်မြင်သည်မှတ် ဆိုသည့်အတိုင်းသာ တရားမှတ်နေရဟု တောင်တွင်းကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းက ပြောသည်။ ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို ဆွေးနွေးရာ၌ ဦးမင်းသိန်းက အထက်ပါအတိုင်းပြောဆိုဆွေးနွေးခဲ့ခြင်းဖြစ်သည်။သူသည် လွှတ်တော်ပိတ်ရက်စနေ/တနင်္ဂနွေတိုင်း ဇာတိမြို့ကို ပြန်ရကြောင်း၊ ယင်းသို့ပြန်တိုင်း ပဲခူးရိုးမကိုဖြတ်သန်းရကြောင်း ဆိုသည်။



အဲ့ဒီလိုဖြတ်သန်းတဲ့အခါမှာ လှပတဲ့ ကျွန်းသစ်စိုက်ခင်းတွေကိုမြင်ရပြီးတော့ မော်တော်ဆိုင်ကယ်များကိုလည်း တလကြမ်းမောင်းပြီးဆိုင်ကယ်ပြိုင်ပွဲကျင်းပနေသလို သစ်တွေခိုးထုတ်နေတာကို တွေ့ရပါတယ်။ ဝါးကားအယောင်ဆောင်သစ်ကားကြီးတွေကိုလည်းတွေ့ရပါတယ်။ အဲ့ဒီတော့ ဘယ်ဒေသဘယ်သူ့ကို ဖုန်းဆက်ရမယ်တိုင်တန်းရမယ် ကျနော်တို့ မသိပါဘူး။ အရေးကြီးတဲ့ ဖုန်းနံပါတ်တွေမရှိပါဘူး။ ဒါ့ကြောင့် ကျနော်တို့ အဲဒီက သစ်ကားတွေ သစ်ခိုးတဲ့ဆိုင်ကယ်တွေကို မြင်ရင်မြင်တယ်ပဲမှတ် တွေ့ရင်တွေ့တယ်ပဲမှတ် ကြားရင်ကြားတယ်ပဲမှတ်ပြီး တရားပဲမှတ်နေရပါတော့တယ်” ဟု ဦးမင်းသိန်းက ပြောသည်။



ယင်းအတွက် သစ်တောမှ တာဝန်ရှိသူများ ဖုန်းနံပါတ်ကို မျှဝေပေးရန် ၎င်း ကတောင်းဆိုသည်။အစီရင်ခံစာတွင် ကော်မတီဝင်များက ၎င်းတို့ သွားရောက်ကွင်းဆင်းလေ့လာခဲ့သည့်နေရာများကိုဖော်ပြထားရာ ပဲခူးရိုးမမပါဝင်ခဲ့ပေ။ယခု လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်နေသည့် နေပြည်တော် ဥတ္တရသီရိ ၊ ဒက္ခိဏစသည့်မြို့နယ်များသည် ပဲခူးရိုးမနှင့်ထိဆက်နေသည့် မြို့နယ်များဖြစ်ကြောင်း ၊ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ကျော်ခန့်က ကျွန်းတောကြီးများဖုန်းလွှမ်းခဲ့သောနေရာဖြစ်ကြောင်း ဦးမင်းသိန်းက ဆိုသည်။ပဲခူးရိုးမကိုဖြတ်သန်းဖောက်လုပ်ထားသည့် ကားလမ်းမကြီးများ ၊ ယင်းကားလမ်းမကြီးများနှင့် ဆက်စပ်နေသည့် ရန်ကုန်-မန္တလေးအမြန်ကားလမ်းမကြီး၊ ပဲခူးရိုးမထဲက သစ်ခိုးထုတ်သည့်လမ်းများတွင် သစ်ခိုးထုတ်သည့်ယာဉ်များကားများကို ဖမ်းမိသည်များရှိသလို ဖမ်းမမိသည်များလည်းရှိကြောင်း ဦးမင်းသိန်းက ဆက်ပြောသည်။



“မြန်မာဆိုရိုးစကားရှိပါတယ်။ နီးလွန်းလျှင်လည်းမမြင်ရဘူး ဝေးလွန်းလျှင်လည်းမမြင်ရဘူး ဆိုတာပါပဲ။ ပဲခူးရိုးမဆိုတာနေပြည်တော်နဲ့ကပ်နေတဲ့နီးနီးလေးပါ။ ဝေးလံလှတဲ့ဒေတွေကိုတောင်မှ သွားရောက်လေ့လာသလို နီးကပ်လှတဲ့ပဲခူးရိုးမကြီးထဲမှာ ဘယ်သူတွေ ဘာတွေလုပ်လို့ ဘာတွေဖြစ်နေတယ်ဆိုတာကို သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာကော်မတီသွားရောက်လေ့လာသင့်ပါကြောင်း နဲ့ အကယ်၍ သွားရောက်လေ့လာမည်ဆိုပါကလည်း ကော်မတီဝင်များ သွားလမ်းလာလမ်းဖြောင့်ဖြူးသာယာပါစေလို့ ဆုမွန်ကောင်းပါတယ်” ဟု ဦးမင်းသိန်း က ဆက်ပြောသည်။ဦးမင်းသိန်းဆွေးနွေးချက်အပေါ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီတာဝန်ရှိသူက ပြန်လည်ရှင်းလင်းရာတွင် တိုင်ကြားနိုင်သည့် သစ်တောမှတာဝန်ရှိသူအသီးသီးဖုန်းနံပါတ်များကို လွှတ်တော်ဥက္ကဌခွင့်ပြုချက်ရပါက လွှတ်တော်ကိုယ်စားလှယ်များအားလုံးသို့ ဖြန့်ဝေပေးထားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

share from :burmese.asia


Previous
Next Post »
Powered by Blogger.