Zawgyi ျဖင့္ဖတ္ရန္
အားကစားသမားေတြအတြက္ မိမိႏွစ္သက္ရာ အားကစားနည္းေတြ အလိုက္ အေထာက္အကူပစၥည္းေတြ လိုပါတယ္…ဥပမာ ေဘာလုံးသမားဆိုရင္ ေဘာလုံးကန္ဖိနပ္..ေျပးခုန္ပစ္သမားဆိုရင္ ေျပးတဲ့ဖိနပ္စသျဖင့္ လိုအပ္တာပဲ ျဖစ္ပါတယ္…ဒီဘက္ေခတ္မွာ အားကစားပစၥည္းေတြကလည္း ေဈးႀကီးလာတာျဖစ္ပါတယ္..
တခ်ိဳ႕အားကစားသမားေလးေတြဟာ အားကစားဖိနပ္မဝယ္ႏိုင္လို႔ ျဖစ္သလို ေလ့က်င့္ေနရတဲ့ အေျခအေနေတြလည္း ရွိတယ္လို႔ ဆိုရမွာပါ…..ဒါေပမဲ့ ဒီလိုတန္ဖိုးႀကီးတဲ့ ဖိနပ္ေတြကို ဝယ္စီးႏိုင္တဲ့ အေျခအေနမရွိေပမယ့္လည္း ၿပိဳင္ပြဲတစ္ခုမွာ မိမိႀကိဳးစားမႈနဲ႔ ေအာင္ျမင္မႈရႏိုင္ေၾကာင္းကို ဖိလစ္ပိုင္က ၁၁ ႏွစ္သမီးေလးတစ္ဦးက သက္ေသျပခဲ့ပါတယ္….
ဖိလစ္ပိုင္ႏိုင္ငံ ၊ Balasan မွာေနထိုင္တဲ့ Rhea Bullos လို႔ေခၚတဲ့ သမီးေလးဟာ အေျပးၿပိဳင္ဖို႔အတြက္ ဖိနပ္မရွိတာေၾကာင့္ သူမရဲ႕ေျခေထာက္ေတြကို ပတ္တီးေတြနဲ႔ ပတ္ပတ္လည္စီးၿပီး အားကစားဖိနပ္ပုံစံ စည္းေႏွာင္ခဲ့ပါတယ္…. ဒါ့အျပင္ အဲဒီဖိနပ္ပုံျဖစ္သြားတဲ့ ပတ္တီးေတြေပၚမွာ ေဘာပင္ေလးႏွင့္ ‘Nike ‘ အမွတ္တံဆိပ္ပုံ ေရးဆြဲၿပီး အဆိုပါဖိနပ္ေလးနဲ႔ ၿပိဳင္ပြဲဝင္ခဲ့ပါတယ္…သူ႔ရဲ႕ ၿပိဳင္ဘက္ေတြကေတာ့ အားကစားဖိနပ္ကိုယ္စီနဲ႔ ယွဥ္ၿပိဳင္ခဲ့ၾကတာပါ…ဒါေပမဲ့ လူသာ ပဓာနဆိုတာကို အဲဒီ သမီးေလးက သက္ေသျပသြားၿပီး မီတာ ၄၀၀ မီတာ ၈၀၀ နဲ႔ မီတာ ၁၅၀၀ ၿပိဳင္ပြဲ ၃ ခုမွာ ေ႐ႊတံဆိပ္ဆု ၃ ခု ရယူႏိုင္ခဲ့ပါတယ္….
ဖိနပ္မရွိေပမယ့္လည္း လူရဲ႕ ႀကိဳးစားမႈက ဘာမဆိုေအာင္ျမင္ႏိုင္တာကို သက္ေသျပသြားတဲ့ သမီးေလးဟာ အနာဂတ္မွာ ဖိလစ္ပိုင္ႏိုင္ငံကို ကိုယ္စားျပဳၿပီး SEA Games ၿပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္လိုတယ္လို႔ ဆိုပါတယ္…ႀကိဳးစားမႈနဲ႔ အတူ သမီးေလးရဲ႕ ဆႏၵေတြ ျပည့္ဝပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္..ပရိသတ္ႀကီးတို႔လည္း မိမိမွာ ျပည့္စုံတာ မျပည့္စုံတာေတြ မေတြးဘဲ လူသာ ပဓာန ဆိုတာ ဒီအျဖစ္အပ်က္ေလးၾကည့္ၿပီး ႀကိဳးစားအားထုတ္အတုယူႏိုင္ၾကပါေစေနာ္..
Writer – HW (Shwe Yaung Lan)
Unicode ဖြင့်ဖတ်ရန်
အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ် သုံးခု ရခဲ့ပေမယ့် ဝတ်ထားတဲ့ ဖိနပ်ကြောင့် တစ်ကမ္ဘာလုံးက အံ့အားသင့်ခဲ့ရတဲ့ အဖြစ်မှန်
အားကစားသမားတွေအတွက် မိမိနှစ်သက်ရာ အားကစားနည်းတွေ အလိုက် အထောက်အကူပစ္စည်းတွေ လိုပါတယ်…ဥပမာ ဘောလုံးသမားဆိုရင် ဘောလုံးကန်ဖိနပ်..ပြေးခုန်ပစ်သမားဆိုရင် ပြေးတဲ့ဖိနပ်စသဖြင့် လိုအပ်တာပဲ ဖြစ်ပါတယ်…ဒီဘက်ခေတ်မှာ အားကစားပစ္စည်းတွေကလည်း ဈေးကြီးလာတာဖြစ်ပါတယ်..
တချို့အားကစားသမားလေးတွေဟာ အားကစားဖိနပ်မဝယ်နိုင်လို့ ဖြစ်သလို လေ့ကျင့်နေရတဲ့ အခြေအနေတွေလည်း ရှိတယ်လို့ ဆိုရမှာပါ…..ဒါပေမဲ့ ဒီလိုတန်ဖိုးကြီးတဲ့ ဖိနပ်တွေကို ဝယ်စီးနိုင်တဲ့ အခြေအနေမရှိပေမယ့်လည်း ပြိုင်ပွဲတစ်ခုမှာ မိမိကြိုးစားမှုနဲ့ အောင်မြင်မှုရနိုင်ကြောင်းကို ဖိလစ်ပိုင်က ၁၁ နှစ်သမီးလေးတစ်ဦးက သက်သေပြခဲ့ပါတယ်….
ဖိလစ်ပိုင်နိုင်ငံ ၊ Balasan မှာနေထိုင်တဲ့ Rhea Bullos လို့ခေါ်တဲ့ သမီးလေးဟာ အပြေးပြိုင်ဖို့အတွက် ဖိနပ်မရှိတာကြောင့် သူမရဲ့ခြေထောက်တွေကို ပတ်တီးတွေနဲ့ ပတ်ပတ်လည်စီးပြီး အားကစားဖိနပ်ပုံစံ စည်းနှောင်ခဲ့ပါတယ်…. ဒါ့အပြင် အဲဒီဖိနပ်ပုံဖြစ်သွားတဲ့ ပတ်တီးတွေပေါ်မှာ ဘောပင်လေးနှင့် ‘Nike ‘ အမှတ်တံဆိပ်ပုံ ရေးဆွဲပြီး အဆိုပါဖိနပ်လေးနဲ့ ပြိုင်ပွဲဝင်ခဲ့ပါတယ်…သူ့ရဲ့ ပြိုင်ဘက်တွေကတော့ အားကစားဖိနပ်ကိုယ်စီနဲ့ ယှဉ်ပြိုင်ခဲ့ကြတာပါ…ဒါပေမဲ့ လူသာ ပဓာနဆိုတာကို အဲဒီ သမီးလေးက သက်သေပြသွားပြီး မီတာ ၄၀၀ မီတာ ၈၀၀ နဲ့ မီတာ ၁၅၀၀ ပြိုင်ပွဲ ၃ ခုမှာ ရွှေတံဆိပ်ဆု ၃ ခု ရယူနိုင်ခဲ့ပါတယ်….
ဖိနပ်မရှိပေမယ့်လည်း လူရဲ့ ကြိုးစားမှုက ဘာမဆိုအောင်မြင်နိုင်တာကို သက်သေပြသွားတဲ့ သမီးလေးဟာ အနာဂတ်မှာ ဖိလစ်ပိုင်နိုင်ငံကို ကိုယ်စားပြုပြီး SEA Games ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်လိုတယ်လို့ ဆိုပါတယ်…ကြိုးစားမှုနဲ့ အတူ သမီးလေးရဲ့ ဆန္ဒတွေ ပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်..ပရိသတ်ကြီးတို့လည်း မိမိမှာ ပြည့်စုံတာ မပြည့်စုံတာတွေ မတွေးဘဲ လူသာ ပဓာန ဆိုတာ ဒီအဖြစ်အပျက်လေးကြည့်ပြီး ကြိုးစားအားထုတ်အတုယူနိုင်ကြပါစေနော်..
Writer – HW (Shwe Yaung Lan)
Sign up here with your email
ConversionConversion EmoticonEmoticon