နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ နိုဝင်ဘာလအတွင်း သွားရောက်မည်
ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက The Voice သို့ ပြောကြားသည်။
သမ္မတ ဦးသိန်းစိန်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပမည့် ဒေသတွင်းပေါင်းစည်း ဆက်နွယ်မှုဆိုင် ရာ မိတ်ဖက်ပြုမှု ခိုင်မာစေရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်က ဖိတ်ကြားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“တရုတ်ခရီးစဉ်က ရက်ပိုင်းအတွင်း သွားမှာပါ၊ ဘယ်နှစ်ရက်ကြာမလဲ ဆိုတာတော့ မသိသေးဘူး” ဟု၎င်း က ဆိုသည်။
ထို့အပြင် ပေကျင်းမြို့တွင် ပြုလုပ်မည့် အေပက် (APEC) စီးပွားရေးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး သို့ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး သတင်း ထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော်အစိုးရ လက်ထက် အမေရိကန်နှင့် အနောက်ဥပရောပ နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများ ပြု လုပ်ထားချိန်တွင် မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် စီးပွားရေးအကျိုး တူပူပေါင်းမှုများ ပြုလုပ် ခဲ့ရုံ သာမက စစ်လက်နက်ပစ္စည်း များကိုပါ မြန်မာအစိုးရထံသို့ တင်ပို့ခဲ့ကြောင်း နိုင်ငံတကာက စောင့် ကြည့်ဝေဖန်မှုများ ရှိခဲ့သည်။
သို့သော်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သော အစိုးရသစ်လက်ထက် တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု အများဆုံးဖြစ်သော မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ရပ်ဆိုင်းလိုက်ပြီးနောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် အစိုးရချင်း ရင်းနှီးမှုသာမက ပြည်တွင်းအတိုက်အခံ ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်း များနှင့်လည်း ထိတွေ့ဆက်ဆံမှုများ ပြုလုပ်လာခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၎င်း၏ သမ္မတသက်တမ်းအတွင်း တရုတ်နိုင်ငံသို့ လေးကြိမ် သွားရောက်ခဲ့သည်။
ထို့အပြင် ပြည်တွင်းအတိုက်အခံ ပါတီကြီးဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်
အောင်ဆန်းစုကြည်သည် ယခုနှစ် ဒီဇင်ဘာလအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်မည်ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။
The Voice
Sign up here with your email
ConversionConversion EmoticonEmoticon