ကိုရီးယား ဒရမ်မာလုပ်ငန်းတွင် တစ်နှစ်တာအတွင်းအကောင်းဆုံးများကို စုစည်းရွေးချယ်ပေးအပ်သည့် ၂၀၁၅ ကိုရီးယား ဒရမ်မာဆုပေးပွဲ တွင်ဆုရရှိသူများ ပေါ်ထွက် လာသည်။
ဂျောင်နမ်း ယဉ်ကျေးမှုနှင့် အနုပညာ ဗဟိုဌာနတွင် ကျင်းပသော ရွှေကြယ် ပွင့် များစွာ တက်ရောက်သည့် အဆိုပါ ဆုပေးပွဲတွင် သရုပ်ဆောင် အိုဆယ်ဂျင်းနှင့် Girls’ Generation အဖွဲ့ဝင် ဆူယောင်းတို့က အခမ်းအနား မှုးအဖြစ် စီစဉ်ဆောင်ရွက်ခဲ့ ကြသည်။
KBS 2TV မှထုတ်လွှင့်သော “Producer” ဇာတ်လမ်းတွဲ ဖြင့် သရုပ်ဆောင် ကင်ဆူယောင်းက ဆုပေးပွဲတွင် အမြင့်ဆုံးဆုဖြစ်သော အထူးဆုကိုရရှိသွားပြီး မျက်ရည်လွှမ်းသည့် ကျေးဇူးတင် စကားကို ပြောကြား သွားခဲ့သည်။
ယခင်နှစ်တွင် ယင်းဆုကိုပင် “My Love From the Stars ” ဇာတ်လမ်း တွဲဖြင့် ရ ရှိခဲ့ဖူးသည်။ EXO အဖွဲ့ဝင် ချန်းညောသည် EXO Next Door ဇာတ်လမ်းတွဲဖြင့် အကောင်းဆုံးအမျိုးသား မျက်နှာသစ်သရုပ်ဆောင် ဆုရရှိခဲ့သည်။ “Producer” ဒါရိုက်တာများဖြစ်ကြသော ဆောဆူ မင်းနှင့် ဖြို မင်းဆူ တို့က အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့သည်။
SBS မှထုတ်လွှင့်ခဲ့သော ‘Yong Pal’ ဇာတ်လမ်းရေးသားသူ ဂျန်ဟော့ရင် က အကောင်းဆုံးစာရေးဆရာဆုကို ပိုင်ဆိုင်ခဲ့သည်။
tvN မှ ပြသခဲ့သည့် “Misaeng” သည် အကောင်းဆုံး ဒရမ်မာဇာတ်လမ်း တွဲဆု ကို ရရှိခဲ့သလို SBS မှ ထုတ်လွှင့်သည့် “Pinocchio” ခေါင်းဆောင် မင်းသား လီဂျောင်ဆော့က ထိပ်တန်းအကောင်းဆုံးမင်းသားဆုကို ရရှိခဲ့သည်။ “Yong Pal ” ဇာတ်လမ်းတွဲဖြင့် သရုပ်ဆောင် ကင်ထယ်ဟီးက ထိပ်တန်းအကောင်းဆုံး မင်းသမီးဆုကို ရရှိခဲ့သည်။
အကောင်းဆုံး မင်းသားဆုကို လီဂျွန်းက Heard It Through the Grapevine ဇာတ် လမ်းတွဲဖြင့်လည်းကောင်း၊ ကင်ဒယ်မြောင်က “Misaeng” ဇာတ်လမ်းတွဲဖြင့်လည်းကောင်း ပူးတွဲ ရရှိခဲ့သည်။
အကောင်းဆုံး မင်းသမီးဆုကို Girls’ Generation အဖွဲ့ဝင် ဆူယောင်းက My Spring Day ဇာတ်လမ်းတွဲဖြင့်ရရှိခဲ့သည်။
Democracytoday
Sign up here with your email
ConversionConversion EmoticonEmoticon