Apple က လွဲပြီး ကျန်စမတ်ဖုန်း အမှတ်တံဆိပ်များ ရောင်းအားကျလာ


ကမ္ဘာပေါ်မှာ လူတိုင်းဟာ စမတ်ဖုန်းတစ်လုံး တော့ ကိုင်နိုင်ကြတယ်ဆိုတဲ့ တွက်ချက်မှု တစ်ခုထွက်ပေါ်လာခဲ့ဖူးပါတယ်။ သုတေသန လုပ်ငန်းတွေကတော့ စမတ်ဖုန်း ဈေးကွက်ဟာ ကြီးထွားနေတုန်းပဲ လို့ ထင်ထားကြပါတယ်။ ဒါပေမယ့်လည်း စမတ်ဖုန်း ရောင်အားဟာ ၂၀၁၃ ခုနှစ်က အနေအထား ကို ပြန်လည် ကျဆင်းနေပြီဆိုတာတော့ သုတေသီ တွေမသိခဲ့ကြပါဘူး။

ဒါဟာ တရုတ်နိုင်ငံ ကြောင့်ပဲ ဖြစ်ပါတယ်။ တန်ဖိုးကြီးဖုန်းတွေကို အစဉ်အဆက် ၀ယ်ယူခဲ့သူ တရုတ်ပြည်သူတွေဟာ စမတ်ဖုန်း ၀ယ်ယူမှု ရောင်းအား ကျလာတဲ့အတွက် တရုတ်နိုင်ငံအတွက် ရည်ရွယ်ထားတဲ့ စမတ်ဖုန်းတွေဟာ အိန္ဒိယ နဲ့ အာဖရိက ကို ပြောင်းလဲရောင်းချခဲ့ရပါတယ်။ ဒါကတော့ တရုတ်နိုင်ငံမှ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးက လူသားတွေဟာ ပျမ်းမျှအားဖြင့် တစ်ယောက်ကို စမတ်ဖုန်းတစ်လုံး စီ ပိုင်ဆိုင်ထားကြတဲ့အတွက် အသစ်ထွက်လာတဲ့ တန်ဖိုးကြီး စမတ်ဖုန်းတွေကို မ၀ယ်ယူနိုင်ကြတော့ပါဘူး။

Gartner ဆိုတဲ့ သုတေသန ကုမ္မဏီ ဟာ ၂၀၁၅ ခုနှစ်ရဲ့ ၃ ပုံ ၂ ပုံ ကာလအရောက်မှာ ကုမ္မဏီ ကြီးတွေရဲ့ စမတ်ဖုန်းရောင်းအားကို လေ့လာကြည့်တဲ့အခါ ၊ Samsung ကုမ္မဏီ ရဲ့ စမတ်ဖုန်းရောင်းအား ဟာ အရင်ထက် ကျဆင်းသွားခဲ့ပါတယ်။ Samsung ဟာ မနှစ်ကထက် စမတ်ဖုန်း အရေအတွက် ၄ သန်း (၄.၃ ရာခိုင်နှုန်း) ခန့်အထိ ရောင်းအားကျဆင်းသွားခဲ့ပါတယ်။

Samsung လိုပဲ ရောင်းအားကျဆင်းလာတဲ့ အမှတ်တံဆိပ်တွေကတော့ Huawei ၊ Xiaomi ၊ Lenovo ၊ Motorola တို့ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် စမတ်ဖုန်းရောင်းအားမှာ ဆက်လက် အောင်မြင်နေတာကတော့ Apple ပဲ ဖြစ်ပါတယ်။ Apple ဟာ အရင်နှစ်ထက် iPhone အရေအတွက် ၁၂ သန်းခန့်ပိုပြီး ရောင်အားရှိခဲ့ပါတယ်။ အဓိက ရောင်းခဲ့ရတာကတော့ iPhone 6 နဲ့ 6 Plus တို့ပဲ ဖြစ်ပါလိမ့်မယ်။

တစ်ဖက်မှာလည်း Microsoft ရဲ့ Windows Phone တွေဟာ အရင်ထက် ဈေးကွက် ရောင်းအား မြင့်မားလာမှု ၂.၅ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ၂.၅ ရာခိုင်နှုန်းဟာ နည်းသေးတယ်ဆိုပေမယ့်လည်း Blackberry ဟာ ၀.၃ ရာခိုင်နှုန်းသာ အရင်ထက် ရောင်းအား မြင့်လာတာကိုတွေ့ရမှာပါ။

Mario - သစ်ထူးလွင်
Ref : Engadget
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.