သီရိလင်္ကာမှာ မြေပြို၊ ၁၀၀ လောက် သေနိုင်


သီရိလင်္ကာနိုင်ငံက ​လက်ဖက် ​စိုက်ပျိုးရာ ဒေသမှာ ​မြေပြိုမှု ​ဖြစ်ခဲ့တဲ့ အတွက် ​လူပေါင်း ​တစ်ရာလောက် ​အရှင်လတ်လတ် ​မြေမြုပ်သဂြိုလ်ခံရတဲ့ အနေအထား ​ဖြစ်ခဲ့ပါတယ်။

လက်ဖက် ​စိုက်ပျိုးသူတွေ၊ ​စိုက်ပျိုးရေး အလုပ်သမားနဲ့ ​သူတို့မိသားစုတွေ ​နေထိုင်ရာ ​တောင်အောက်ပိုင်း ကို ​မြေတွေ ​ပြိုကျလာခဲ့ရာက ​မြေမြုပ်ခံ ကြရတာပါ။

မျက်မြင်သက်သေတွေရဲ့ အဆိုအရ ​မိုးကြိုးပစ်သလို ​အသံကျယ်ကြီးတွေ ​ကြားခဲ့ရပြီး ​ကြည့်လိုက်တဲ့အခါ မှာ ​တောင်ပေါ်က ​မြေကြိုးတွေ ​ပြိုကျနေတာကို ​တွေ့ခဲ့ရတယ်လို့ ​ဆိုပါတယ်။

မိုးရာသီမှာ ​ရွာတဲ့ ​မိုးတွေကြောင့် ​မြေပြိုမှုတွေ ​ဖြစ်ပေါ်ရတာ ​ဖြစ်ပြီး ​ကိုးမီတာလောက် ​ဖုံးအုပ်သွားတယ်လို့ ​ဆိုပါတယ်။ ​အစပိုင်းမှာတော့ ​သီရိလင်္ကာ ​စစ်သားတွေက ​လက်တွေကို ​အသုံးပြုပြီး ​တူးဖော်ကြပေမယ့် ​နောက်ပိုင်းမှာ ​အသက်ရှင်လျက် ​တွေ့ရဖို့ ​အလားအလာ ​သိပ်မရှိတော့တဲ့အတွက် ​မြေတူးစက်တွေ ​အသုံးပြုပြီး ​ရှာဖွေမှုတွေ ​ပြုလုပ်နေကြပါတယ်။

ABC Radio Australia
Previous
Next Post »
Powered by Blogger.