သင်္ဃန်းကျွန်းမြို့နယ်အတွင်း မဲဆွယ် စည်းရုံးရေးဆင်းနေသည့် အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်နှင့် အဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ-မင်းမင်း |
အမျိုးသားဒီမိုကရေစီပါတီ သစ်မှ ပါတီဥက္ကဋ္ဌဦးသိန်းညွန့်နှင့် အတူ တိုင်းဒေသကြီး(၁)မဲဆန္ဒနယ် မှဝင်ရောက်ယှဉ်ပြိုင်မည့်လွှတ်တော် ကိုယ်စားလှယ်ဦးကျော်နှင့် ဒေါ်ခိုင် စန္ဒာတို့က ¤င်းတို့ဝင်ရောက်ယှဉ် ပြိုင်မည့် သင်္ဃန်းကျွန်းမြို့နယ်အ တွင်းရှိ မဲဆန္ဒရှင်များနှင့် ထိတွေ့ ကာ ပန်းဖလက်ဝေပြီး ရွေးကောက် ပွဲအောင်နိုင်ရေးစည်းရုံးရေးဆင်းခဲ့ ခြင်းဖြစ်သည်။
''အခုပြည်သူလူထုက ဒုတိယ အကြိမ် မဲပေးလို့ရှိရင် ကျွန်တော့်ရဲ့ အဓိကဦးစားပေးက ကလေးသူငယ် မုဒိမ်းမှုကို သေဒဏ်ပေးနိုင်ဖို့အတွက် နဲ့ ဒီမိုကရေစီအသွင်ပြောင်းမှုကို ငြိမ်း ငြိမ်းချမ်းချမ်း ကူးပြောင်းနိုင်ဖို့ဆိုရင် လွှတ်တော်ထဲ ရောက်လျှင်ရောက် ချင်းအမျိုးသားညီညွတ်ရေး အစိုးရ ဖွဲ့ဖို့ ကျွန်တော်အဆိုတင်မယ်။ သို့ သော် သမ္မတမလုပ်ဘူး။ ကျွန်တော် ကတော့ ဝန်ကြီးမလုပ်ဘူး။
ဘာရာ ထူးမှမယူဘူး။ အတိုက်အခံအဖြစ်ပဲ ကျွန်တော် လွှတ်တော်ကနေ ထိန်း ကျောင်းမှာပါ''ဟု သင်္ဃန်းကျွန်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်ြီဏ ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောသည်။
ယနေ့ မဲဆွယ်စည်းရုံးခြင်းမှာ တစ်အိမ်တက်ဆင်း လူထုနှင့်တွေ့ ဆုံခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသ ကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်စန္ဒာအား လူထုနှင့် မိတ်ဆက် ပေးရင်းနှင့် လူထုတွေ့ဆုံမှုပြုလုပ် ခြင်းဖြစ်ကြောင်း၊ ယနေ့ပန်းဖလက် ဝေခြင်းကို မြို့နယ်မဲဆန္ဒနယ်အမှတ် (၁)ဖြစ်သည့် ရပ်ကွက်ငါးခုအတွင်း လှည့်လည်ပေးဝေသွားမည်ဖြစ်ကြောင်း နှင့် လူထုဟောပြောပွဲများ ပြုလုပ် မည်မဟုတ်ကြောင်း ပါတီဥက္ကဋ္ဌက ပြောသည်။
''တိုင်းဒေသကြီး(၂) မဲဆန္ဒနယ် တွေဖြစ်တဲ့ အောင်ဆုပန်၊ သုဝဏ္ဏ ၂၃၊ ၂၅ ကို မနက်ဖြန်ဆင်းမယ်။ ကျွန် တော်က ၉ဝ ခုနှစ် ရွေးကောက်ပွဲက တည်းက ဟောပြောပွဲ မလုပ်တာ။ ဟောပြောပွဲလုပ်တာထက်စာရင် လူ ထုနဲ့ တိုက်ရိုက်ထိတွေ့တဲ့ အခုလို ပန်းဖလက်ဝေရင်းနဲ့ ကျွန်တော်တို့ရဲ့ ကတိတွေကို ဒါတွေ ကျွန်တော်တို့ လုပ်ပေးမယ်ဆိုပြီး ၂ဝ၁ဝတုန်းကလဲ ကတိပြုခဲ့တယ်။ ပြုတဲ့ကတိအတိုင်း လဲ ကျွန်တော်ဆောင်ရွက်ပေးနိုင်ခဲ့ တယ်။ အဲဒါကြောင့် အခုလဲဒီအတိုင်း ပါပဲ''ဟု ¤င်း၏ခံယူချက်ကို ပြော သည်။
ပါတီဥပဒေဆိုင်ရာ အကြံပေး တစ်ဦးဖြစ်သူ ဒေါ်ခိုင်စန္ဒာက ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲ၌ ပါတီဥက္ကဋ္ဌ၏တာဝန်ပေးချက်အရ ပထမဆုံးအ ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကာ မဲဆွယ်စည်းရုံးရေး အခြေအနေအ ရ သင်္ဃန်းကျွန်းမြို့နယ်ကို ယုံကြည် မှုရှိကြောင်း ပြောပြသည်။
''ဝင်ပြိုင်ဖြစ်တာက ဆရာနဲ့ အမှုတွေ တွဲလိုက်ပြီးကတည်းက ဆရာရဲ့လွှတ်တော်တွင်းကော လွှတ် တော်ပြင်ပ လုပ်ဆောင်ချက်တွေကို အစ်မလဲ ဝင်ရောက်ပါဝင်ချင်တယ်။ ဆရာကလဲ တာဝန်ပေးတဲ့အတွက် တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ် စားလှယ်အဖြစ် ဝင်ရောက်အရွေးခံ ဖို့ အစ်မဝင်ရောက်ယှဉ်ပြိုင်တာပါ။ ဒီနှစ်မှ ပထမဆုံးအကြိမ် ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်အ ရွေးချယ်ခံတာပါ။ မဲဆွယ်စည်းရုံးမှု အခြေအနေအရ သင်္ဃန်းကျွန်းကို တော့ အားရတယ်။ ယုံကြည်မှုရှိတယ်။
လွှတ်တော်ထဲ ရောက်ဖြစ်ခဲ့ရင်တော့ အစ်မတို့ သင်္ဃန်းကျွန်းမြို့နယ်ရဲ့လူ နေမှုအဆင့်အတန်းမြင့်မားဖို့ လိုအပ် တဲ့ဟာတွေကို ပြည်သူလူထုတင်ပြ တာကိုကော၊ ပြည်သူမတင်ပြတာ တွေကိုကော လိုအပ်ချက် ရှိနေတာ တွေကိုတင်ပြမယ်။ ရန်ကုန်တိုင်းတစ် တိုင်းလုံး သင်္ဃန်းကျွန်းမြို့နယ်အပါ အဝင် ပြည်သူလူထုသဘောမတူတဲ့၊ ပြည်သူလူထုသိရှိခြင်းမရှိတဲ့ အစိုးရ ဘက်ကလုပ်တဲ့စီမံကိန်းတွေ၊ အစိုးရ ရဲ့ဆောင်ရွက်ချက်တွေကို ပြည်သူ မျက်နှာကို ကြည့်ပြီးတော့ သင်္ဃန်း ကျွန်းအပါအဝင် တစ်တိုင်းလုံးအတွက် ဆောင်ရွက်ဖို့ အစ်မရည်မှန်းထားပါ တယ်''ဟု ¤င်း၏ ရည်ရွယ်ချက်ကို ပြောသည်။
စည်းရုံးရေးသို့ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးသိန်း ညွန့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်လောင်းဦးကျော်နှင့် အမျိုး သားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခိုင်စန္ဒာတို့နှင့်အတူ ပါတီဝင်၅ဝ ခန့်က တစ်အိမ်တက်ဆင်း ပန်းဖလက် ဝေခြင်းနှင့် လူထုမိတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
TS - DemocracyToday
စည်းရုံးရေးသို့ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးသိန်း ညွန့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်လောင်းဦးကျော်နှင့် အမျိုး သားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခိုင်စန္ဒာတို့နှင့်အတူ ပါတီဝင်၅ဝ ခန့်က တစ်အိမ်တက်ဆင်း ပန်းဖလက် ဝေခြင်းနှင့် လူထုမိတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
TS - DemocracyToday
Sign up here with your email
ConversionConversion EmoticonEmoticon