အောင်တိုဘာ ၇ ရက်နေ့၌ Myanmar Peace Center ကိုမင်းဇော်ဦးအား တွေ့ရစဉ် ၊ ဓာတ်ပုံ Reuters/Htoo Tay Zar |
တရုတ်နိုင်ငံသည် အဆိုပါ စွပ်စွဲချက်ကို ငြင်းပယ်ခဲ့ပြီး တရုတ်နှင့်မြန်မာနိုင်ငံကြားတွင် ဖြစ်တောင့်ဖြစ်ခဲ့ လူသိရှင်ကြား ဝေဖန်မှုများက တရုတ်နှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးကို ပိုမိုတင်းမာမှုရှိစေခဲ့သည်။မြန်မာငြိမ်းချမ်းရေးစင်တာမှ ဒါရိုက်တာ ဖြစ်သူ မင်းဇော်ဦးက တရုတ်နိုင်ငံ၏ အထူးသံတမန်က အဓိက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ကို ငြိမ်းချမ်းရေးသဘောတူညီချက်တွင် လက်မှတ်ရေးထိုးခြင်းမပြုရန်ဖိအားပေးခဲ့သည်ဟုပြောကြားခဲ့သည်။
မင်းဇော်ဦးက “တရုတ်နိုင်ငံက တည်ငြိမ်အေးချမ်းမှုကိုလိုလားတယ်လို့အမြဲပြောပါတယ်။ဟုတ်ပါတယ် သူတို့က တည်ငြိမ်အေးချမ်းမှုကိုလိုလားပါတယ်။ဒါပေမယ့် တစ်ဖက်မှာလည်း သူတို့က တရုတ်နယ်စပ်တစ်လျှောက်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်ဖို့ကိုလိုလားကြတယ်”ဟုရိုက်တာသတင်းဌာနသို့ပြောသည်။မင်းဇော်ဦးက မိမိသည် ယနေ့အချိန်ထိ တရုတ်နိုင်ငံကကြားဝင်စွက်ဖက်မှုကို ရေငုံနှုတ်ပိတ်နေခဲ့ကြောင်းနှင့် ယခုအချိန်မှစ၍ယင်းအခြေအနေကို ရပ်သင့်ပြီဖြစ်ကြောင်းဆက်လက်ပြောကြားခဲ့သည်။
အောက်တိုဘာ လလယ်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန်ရှိနေပြီး အခြားအဖွဲ့များကို နောက်ပိုင်းတွင် ဆက်လက် သဘောတူလက်မှတ်ရေးထိုးမှုများပြုလုပ်သွားရန်ရှိနေသည်ဟုဆိုသည်။သို့သော် ဆက်လက်၍ ဆွေးနွေးပွဲများထပ်မံမပြုလုပ်နိုင်ပါက ဘာမှ ဆက်လက်ပြောဆိုစရာရှိလာမည်မဟုတ်ဟု မင်းဇော်ဦးကပြောသည်။တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ပျက်ပြားစေခြင်းမှာ ငြိမ်းချမ်းရေဖြစ်စဉ်ကို စောင့်ကြည့်လေ့လာသောအဖွဲ့များတွင် အနောက်အုပ်စုများနှင့် ဂျပန်နိုင်ငံတို့ပါဝင်နေခြင်းကြောင့် ဖြစ်နိုင်သည်ဟု မင်းဇော်ဦးက သုံးသပ်သည်။
ယခင်ကုလသမဂ္ဂ အရာရှိဟောင်းတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင် လွတ်လပ်သော နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်သူ ရစ်ချက် ဟော့ဆေး က တရုတ်နိုင်ငံနှင့် ဂျပန်တို့၏ ပြိုင်ဆိုင်မှုနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် မျက်မြင်သက်သေများရွေးချယ်မှုကြောင့် ယခုကဲ့သို့ပြသာနာပေါ်ပေါက်လာခြင်းမှာ အံအားသင့်ဖွယ်မရှိဟုပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွန်လီက မင်းဇော်ဦး၏ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် အပစ်အခတ်ရပ်စဲရေးဆွေးနွေးညှိနှိုင်းမှုများကို ကပျက်ယပျက်လုပ်နေသည်ဟုသော စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုကို အဖက်ဖက်မှ ထောက်ခံအားပေးလျှက်ရှိသည်ဟုပြောသည်။
သို့သော် မင်းဇော်ဦးက တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုတွင် မိုင်းလား(MNDAA) လက်နက်ကိုင်အဖွဲ့ပါဝင်ခြင်းမရှိပါက ငြိမ်းချမ်းရေးဆွေးနွေးမှုကို သဘောမတူကြရန် လက်နက်ကိုင်အဖွဲ့အချို့ကိုပြောခဲ့သည်ဟုဆိုသည်။အထူးသဖြင့် တရုတ်နိုင်ငံသည် ၀ လက်နက်ကိုင်တပ်ဖွဲ့(UWSA)နှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့(KIO)တို့ကို ငြိမ်းချမ်းရေးသဘောတူချက်တွင် လက်မှတ်ရေးထိုးခြင်းကို ငြင်းဆန်ရန် တိုက်တွန်းခဲ့ဟုဆိုသည်။ဘရက်ဆဲလ် အခြေစိုက် နိုင်ငံတကာရေးရာ တွေးခေါ်ပညာရှင်များအဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကချက်လက်နက်ကိုင်တပ်ဖွဲ့က အရေးပါသည်ဟု စက်တင်ဘာလတွင်ပြောကြားထားခဲ့ပြီးဖြစ်သည်။
အဆိုပါ ကိစ္စရပ်များအတွက် MNDAAUWSA နှင့် KIO တို့မှ ဖြေကြားမှုများကို မရရှိသေးပေ။လွန်ခဲ့သောလတွင် UWSA မှထုတ်ပြန်ချက်တွင် ယူနန်ပြည်နယ်အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အနောက်အုပ်စုနှင့်ဂျပန်နိုင်ငံတို့ပါဝင်ခြင်းမရှိရန် ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။အဆိုပါ ပြောကြားချက်အတွက် ယူနန်အစိုးရ၏ ဖြေကြားချက်ကို မရရှိသေးပေ။UWSA ၏ထုတ်ပြန်ချက်ထဲတွင် UWSA က ငြိမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါက အနောက်နိုင်ငံများကို မြောက်ပိုင်းပဍိပက္ခများတွင်ပါဝင်စေသောအဓိပ္ပါယ်
သက်ရောက်စေလိမ့်မည်ဟုရေးသားဖော်ပြထားသည်။ထို့ကြောင့် ယူနန်အစိုးရနှင့် ကတိက၀တ်ကိုဖောက်ဖျက်ကာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်းကြေငြာထားခဲ့သည်။

Ref : Reuters သတင်းဌာနတွင် ဖော်ပြထားသည့် Myanmar official accuses China of meddling in rebel peace talks ကို ဆီလျော်အောင် ဘာသာပြန်ထားသည်။
Sign up here with your email
ConversionConversion EmoticonEmoticon