အကယ်၍ ကာတွန်း ဇာတ်ကောင်လေးများသာ အသက်ကြီးသွားရင်











ငယ်ဘဝတုန်းက ကြည့်ဖူးခဲ့ကြတဲ့ ကာတွန်း ဇာတ်ကောင်လေးများကို မှတ်မိကြမယ် ထင်ပါတယ်။ သူတို့ဟာ ဘာကြောင့် အသက်မကြီးနိုင်တာလည်း ဆိုတာကို စာရေးသူ တွေးသလို သင်တို့လည်း တွေးကြလိမ့်မယ်လို့ ထင်ပါတယ်။ ယင်းအတွေးကို လွန်ဆန်ပြီး စိတ်ကူး သစ်ဆန်းတဲ့ ရုရှားက ကာတွန်းဆရာ Andrew Tarusov မှ ရေးဆွဲခဲ့ ပါတယ်။

သူရေးဆွဲခဲ့တဲ့ ကာတွန်း ဇာတ်ကောင်များဟာ အသက်ကြီးသွားလို့ ပင်စင်စားနေရတဲ့ ဇာတ်ကောင်များ အဖြစ် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ဥပမာ Tom နဲ့ Jerry ဟာ ၁၉၄၀ဝန်းကျင်က ပေါ်ပေါက်တာ ဖြစ်တာကြောင့် သူတို့ကို အသက် ၇၅ နှစ်အရွယ် အဖိုးအိုများ အဖြစ် ဖန်တီးထားပါတယ်။ အလားတူပဲ Mickey နဲ့ Minnie Mouse တို့စုံတွဲ ဆိုရင် အသက် ၈၇ ကျော်နေပြီ ဖြစ်ပြီး Donald Duck, Porky Pig အစရှိသဖြင့် အခြားသော ကာတွန်း ဇာတ်ကောင်များကိုလည်း မြင်ရမှာပါ။

အိုခြင်းတရား နဲ့ သေခြင်းတရားကို လွန်ဆန်နိုင်တယ်ဆိုတာ အပြင်မှာ တကယ် မရှိတဲ့ ဇာတ်ကောင်များ၊ ကာတွန်းများသာ ရှိနိုင်ပြီး လူတိုင်း တစ်နေ့ အသက်တွေကြီး ပြီး သေဆုံးရမယ့် ဆိုတဲ့ အသိကို ပိုလို့ဝင်စေ ပါတယ်။

အောင်ခမ်း (ရိုးရာလေး)
Previous
Next Post »
Powered by Blogger.