ထိုင်းတောင်ပိုင်း ကော့စမွီတွင် မြန်မာ ၁ ဦး ထပ်မံအသတ်ခံရ



မကြာခင်ရက်ပိုင်းက မွန်အမျိုးသမီး ၁ ဦး အသတ်ခံခဲ့ရတဲ့ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့စမွီကျွန်း မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်အစောပိုင်းက အသက် ၂၀ ကျော်အရွယ် မြန်မာအလုပ်သမား ၁ ဦး ထပ် မံ အသတ်ခံရတယ်လို့ ထိုင်းဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။

ကော့စမွီမြို့ ဘော်ဖွတ်ရပ်ကွက် နယ်မြေ ၆ ထဲမှာ ဘန်ဒိုင်းစားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာအ လုပ်သမား ကိုသက်စိုး (အသက် ၂၂ နှစ်) ဖြစ်ပြီး ရင်ဘတ်မှာ ဓားဒဏ်ရာနှစ်ချက်၊ လည်ပင်းပြတ်လုနီးပါး ဓားဒဏ်ရာ၊ မျက်နှာမှာ ထိုးကြိတ်ထားတဲ့ ဒဏ်ရာတွေ တွေ့ရှိတယ်လို့ စုံစမ်းရေးရဲအရာရှိက ပြောပါတယ်။

သေဆုံးသူနဲ့နီးစပ်တဲ့ အပေါင်းအသင်းတွေ မေးမြန်းရာမှာတော့ တဆိုင်တည်းမှာ အလုပ်လုပ်သူ ထိုင်းလူမျိုး နိုင်းနတ်တ၀တ်ကျန်ကြိုင်က သေဆုံးသူဟာ အရက်မသောက်၊ ဆေးလိပ်မသောက်ဘဲ ရိုးသားကြိုးစားသူတ ဦးဖြစ်ကြောင်း၊ အခင်းဖြစ်တဲ့ညက မနက် ၂ နာရီ (ဖေဖော်ဝါရီ ၂၇) ထိ အလုပ်ဆင်းပြီး ဆိုင်ကယ်နဲ့ ပြန် သွားတယ်လို့ ပြောပါတယ်။

အခြားမိန်းကလေးသူငယ်ချင်းဖြစ်သူ မယုဝေေ၀ရဲ့ ပြောပြချက်အရတော့ သေဆုံးသူဟာ မနက် ၂ နာရီ မိနစ် ၂၀ မှာ သူ့ကို ဖုန်းခေါ်ပြီး အဖမ်းခံရတဲ့အကြောင်း အကူအညီတောင်းနေစဉ်မှာ ဖုန်းချသွားတယ်လို့ ဆိုပါတယ်။

ဒီအမှုမှာ အလောင်းဘေးမှာ တွေ့ရတဲ့ ဖိနပ်ရာတွေ၊ ဆိုင်ကယ်ဘီးရာတွေကို ကြည့်ခြင်းအားဖြင့် လူသတ် သမားဟာ၂ ယောက်ထက် ပိုနိုင်ကြောင်း၊ သူ့ရဲ့ အသိမိတ်ဆွေထဲက ဖြစ်နိုင်ပြီး ကြိုတင်ချိန်းချက်ထားဟန် လည်းရှိကြောင်း၊ ပြဿ နာတခုခုကို ညှိနှိုင်းမရတာနဲ့ လက်စဖျောက်လိုက်ဟန်ရှိကြောင်း ရဲတပ်ဖွဲ့က ခန့် မှန်းပြောဆိုပြီး တရားခံကို ဖမ်းဆီးအရေးယူနိုင်ဖို့ စုံစမ်းရှာဖွေနေတယ်လို့ ရဲအရာရှိကို ကိုးကားပြီး ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။

နန်းမြနဒီ | DVB
Previous
Next Post »
Powered by Blogger.