ကျောင်းသားသပိတ် ဆက်လက်ချီတက်လျှင် အရေးယူမည်ဟု ဆို


အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး လွှတ်တော်တွင် ကြားနာမည်ဖြစ် သည့်အတွက် သပိတ်မှောက် ကျောင်းသားများအနေဖြင့် ဆက်လက် ဆန္ဒပြခြင်းမပြုလုပ်ရန် ယနေ့တွင် ပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်လိုက်သည်။ လက်ရှိအချိန်တွင် သပိတ်မှောက် ကျောင်းသားများ အနေဖြင့် ရန်ကုန်သို့ ဦးတည်ပြီး ချီတက်ဆန္ဒပြရန် ပြင်ဆင်နေသည်ကို တွေ့ရှိရသောကြောင့် ပညာရေးပြင်ဆင်မှုကို ကြိုးပမ်းရာ မရောက်ဘဲ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ဦးတည်ရာရောက်ကြောင်း၊ လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကို လာမည့် မတ်လ ၅ ရက်နေ့မှ ၁၅ ရက်နေ့အထိ အမျိုးသားလွှတ်တော်တွင် စတင်ကာ သပိတ်မှောက်ကျောင်းသားများ၊အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ရက် (NNER)၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ မှတ်ပုံတင်ထားသောအရပ်ဘက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာသို့ အကြံပြုစာများပေးပို့ထားသည့် အဖွဲ့အစည်းများကို ကြားနာမည်ဟု ထုတ်ပြန်ထားသည်။

ဧရာဝတီ
Previous
Next Post »
Powered by Blogger.