iPhone 6 တွင်ကွေးညွှတ်သည့် display အသုံးပြုဖွယ်ရှိဟုဆို

အသစ်ထွက်ပေါ်လာမည့် Apple iPhone သစ်တွင်လုံးဝန်းသည့် အနားစောင်းများနှင့် ကွေးညွှတ်သည့်ဖန်သားပြင် display တို့ပါဝင် လာဖွယ်ရှိကြောင်း Mac Otakara မှဖော်ပြခဲ့သည်။

Man Otakara ၏သတင်းရင်းမြစ်များ အဆိုအရ iPhone 6 ကိုလုံးဝန်း သည့် အနားစောင်းများနှင့် ပြုလုပ်ထားပြီး၎င်းသည် iPhone 4, iPhone 5, iPhone 5S တို့၏ ဒီဇိုင်းနှင့်ကွဲပြားကြောင်း၊ ဖုန်းကို အလူမီနီယံဒီဇိုင်းဖြင့် ပြုလုပ်ထားပြီးဧရိယာတိုင် အခင်းအကျင်းကိုလည်း ပြောင်းလဲ ထားကြောင်း သိရသည်။

ပြီးခဲ့သည့်လ အနည်းငယ်ကတည်းက ထွက်ပေါ်လာခဲ့သည့် သတင်းများတွင်လည်း iPhone 6 ကိုအနည်းငယ်လုံးဝန်းသည့် အနားစောင်းများဖြင့် ပြုလုပ်ဖွယ်ရှိကြောင်း၊ ထို့အပြင် အခြားသော သတင်းဌာနများကလည်း iPhone အသစ်တွင် ကွေးညွှတ်သည့်ဖန် သားပြင် display ပါဝင်ဖွယ်ရှိကြောင်းဖော်ပြခဲ့သည်။ ထို့အပြင်ပြီးခဲ့သည့် Bloomberg ကလည်း Apple အနေဖြင့် ကွေးညွှတ်သည့် screen ပါဝင်သည့် iPhone နှစ်မျိုးကိုဖန် တီးနေကြောင်း ဖော်ပြခဲ့သည်။

Apple သည် ၄.၇ လက်မနှင့် ၅.၅ လက်မ screen ပါဝင်သည့် iPhone 6 နှစ်မျိုးကို ယခုနှစ်ကုန်ပိုင်းတွင် မိတ်ဆက်ဖွယ်ရှိကြောင်း၊ ၄.၇ လက်မကို ယခုနှစ်တတိယ သုံးလပတ်တွင် ပထမဦးဆုံးတင်ပို့ ရောင်းချ ဖွယ်ရှိသော်လည်း ၅.၅ လက်မအမျိုးအစားကိုမူ display နည်းပညာနှင့် ဘက်ထရီကြောင့် တင်ပို့ရောင်းချမှု နောက်ကျဖွယ်ရှိကြောင်း သိရသည်။

အထက်ပါ iPhone 6 နှစ်မျိုးသည်ပါးလွှာပြီး bezel မပါသည့်ဒီဇိုင်းနှင့်အတူ လျန်မြန်သည့် A8 ပရိုဆက်ဆာ၊ Touch ID လက်ဗွေဖတ်စနစ်နှင့် အဆင့်မြှင့်ထားသည့်ကင်မရာတို့ ပါဝင်ဖွယ်ရှိကြောင်းဆိုသည်။ 

၎င်းထုတ်ကုန်များကို Healthbook app အသစ်ပါဝင်လာဖွယ်ရှိသည့် Apple ၏နောက်ဆုံးပေါ် iOS 8 mobile operating system နှင့်အတူ ပွဲထုတ်မိတ်ဆက်ဖွယ် ရှိကြောင်းသိရသည်။

နောင်နောင် | Internet Journal
Previous
Next Post »
Powered by Blogger.