“အပြီးဖျက်လိုက်တာ တမှုန်မှတောင် မကျန်တော့ ဘူး။ အပဲ့တွေ ပျက်စီးတဲ့ဟာ မှန်သမျှကို ကျင်းကြီး တူးပြီး ထည့်ပစ်လိုက်တယ်။”
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မ ရှင်အစီရင်ခံစာအရ လယ်တီသိမ်ကို မူလ အနေအထားမပျက် ပြောင်းရွှေ့ရန် ဒေသခံများအားလုံးရဲ့ သဘောတူညီချက်နဲ့ တခြားနေရာကို ပြောင်းရွှေ့ရန် ပါရှိခဲ့ပေမယ့် ဧပြီ ၂၉ ရက်နေ့က လယ်တီသိမ်ကို အပြီး ဖြိုဖျက်ပြီး ပြောင်းရွှေ့ပေးခြင်း မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာအစိုးရ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ တရုတ်နိုင်ငံ ၀မ်ပေါင်ကုမ္ပဏီတို့က အကျိုးတူပူးပေါင်းပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ဖို့ ရဟန်းသံဃာတွေက သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြရာမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးတွေနဲ့ အင်အားသုံးပြီး ဖြိုခွင်းခဲ့တဲ့အတွက် ရဟန်းရှင်လူ ၇၀ ကျော်ထိခိုက် ဒဏ်ရာရခဲ့ဖူးပါတယ်။ အခုချိန်အထိလည်း ဒီစီမံကိန်း လုံးဝရပ်ဆိုင်းပေးဖို့ ဆန္ဒထုတ်ဖော်မှုတွေ ရှိနေပါတယ်။
DVB Burmese

Sign up here with your email
ConversionConversion EmoticonEmoticon