၂၀၁၅ မှာ album အသစ်ထုတ်မယ့် Guns N’ Roses

သူတို့ရဲ့နောက်ဆုံး album ဖြစ်တဲ့ Chinese Democracy ထွက်ခဲ့ပြီးခြောက်နှစ်အကြာ မှာတော့ ငြိမ်သက်နေတာကြာပြီဖြစ်တဲ့ Guns N’ Roses တို့ record အသစ်အတွက်စတင် အလုပ်လုပ်နေပါပြီ။

အဲဒီ့ ၂၀၀၈ ခုနှစ်ထုတ် Chinese Democracy album ဟာလည်း သူတို့အဖွဲ့ရဲ့နှစ်ပေါင်း ၁၇ နှစ်ကြာမှာ ပထမဆုံးပြန်ထွက်တဲ့ album ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဝိုင်းဟာ ဒီ album ကို ၂၀၁၅ ခုနှစ်မှာထုတ်နိုင်ဖို့ ရည်ရွယ်ထားတဲ့အတွက် ပရိတ်သတ်တွေအနေနဲ့ ဒီတစ်ခါမှာတော့ အများကြီးစောင့် ဆိုင်းစရာမလိုတော့ပါဘူး။

အဖွဲ့သားတွေဟာ သူတို့စိတ်ကူးရတာတွေကို အိမ်တွင်း စတူဒီယိုတွေမှာအသံသွင်း ပြီး အခြားအ ဖွဲ့သားတွေကို ပြကြည့်နေကြတယ် လို့ ဂစ်တာသမားတွေဖြစ်တဲ့ Richard Fortus နဲ့ DJ Ashba တို့ကပြောပါတယ်။

‘ကျွန်တော်တို့ ဖန်တီးမှုတွေလုပ်နေပြီး မကြာခင်မှာ အဲဒီ့ဖန်တီးမှုအသစ်တွေကို ထုတ်နိုင်ဖို့မျှော်လင့်ရပါ တယ်။ နောက်နှစ်လောက်ပေါ့’ လို့ Fortus ကပြောပါတယ်။

Guns N’ Roses ဟာ နောက်လ Les Vegas မှာ ကိုးပွဲဆက်တိုက် ဖျော်ဖြေရမှာဖြစ်ပြီး အဲဒီ့ဖျော်ဖြေပွဲတွေ က သူတို့ရဲ့ဖန်တီးမှုကိုတွန်းအားပေးနိုင်ဖို့ Fortus ကမျှော်လင့်နေပါတယ်။ ‘ကျွန်တော်တို့အားလုံး Vegas မှာရှိမှာပါ။ ဒါကြောင့်အဲဒီ့အချိန်မှာ ကျွန်တော်တို့ အခန်းတစ်ခန်းထဲဝင်ပြီး နောက်ထပ်ဖန်တီးမှုတွေ ထုတ်လုပ်နိုင်ဖို့မျှော်လင့်ရပါတယ်” လို့ ဂစ်တာသမား Fortus ကပြောပါတယ်။

Jack the Ripper | Trend Myanmar

Previous
Next Post »
Powered by Blogger.