မြန်အောင်တွင်ရောင်းသည့် ငါးပိများ၌ အန္တရာယ်ရှိ ဆိုးဆေးများပါနေဟု ဧရာဝတီတိုင်း FDA ပြော


ဧရာဝတီတိုင်း မြန် အောင်မြို့နယ်အတွင်း ဖြန့်ချိ ရောင်းချနေသော ငါးပိများတွင် ကျန်းမာရေးအတွက် အန္တရာယ် ဖြစ်စေသောဆိုးဆေး Rohdamine -B ပါဝင်နေသည်ဟု ဧရာဝတီတိုင်းဒေသကြီးအစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှသတင်းရရှိသည်။

လုပ်ငန်းရှင်ငါးဦးတင်သွင်း ဖြန့်ချိသော ငါးပိအမျိုးအ စား ၁၇ ခုကိုစစ်ဆေးရာ Rohdamine-B ဆိုးဆေးအ သုံးပြုထားသော အမျိုးအစား ၁၆ ခု စစ်ဆေး တွေ့ရှိခဲ့ကြောင်း ဧရာဝတီတိုင်း FDA မှ ဒေါက်တာ ပြည့်ဖြိုးက ပြော သည်။

‘‘မြန်အောင်ငါးပိက ဒေသ ထွက်အရင်းအမြစ်မ ဟုတ်ပါဘူး။ အကြမ်းဖျင်းပြောရရင် ပုသိမ်နဲ့ သင်္ဃန်းကုန်းဘက်ကလာတာ များတယ်။ မူလလုပ် တဲ့နေရာမှာပဲ ဆိုးဆေးသုံးသလား၊ ဒါမှမဟုတ် ကုန်သည်လက်ထဲရောက်မှဆိုး သလားဆိုတာပြော လို့မရပါဘူး။ အစားအသောက်တွေမှာ အခုလို တွေ့တဲ့ဆိုးဆေးကို ခွင့်မပြုထား ပါဘူး။ ကင်ဆာဖြစ်စေတဲ့အ ဆိပ် အတောက်ရှိလို့ပါ’’ဟု ဒေါက်တာ ပြည့်ဖြိုးကပြောသည်။

Rohdamine-B ဆိုးဆေး သည်ကင်ဆာဖြစ်စေသောဓာတ် ရှိသဖြင့် ကုန်ပစ္စည်းများတွင် အသုံးပြုပါက အဆိုပါဆိုးဆေး အသုံးပြုထားကြောင်းသတိပေး စာပါရှိရမည်ဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက သတိပေးမှု ပြု လုပ်ထားသည်။

ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ် ကွဲရေးဦးစီးဌာန (FDA) ကိုယခုနှစ်ဖေဖော်ဝါရီအ တွင်း ဖွဲ့ စည်းပုံအရ ဝန်ထမ်းအင်အား ၁၅ ဦးဖြင့် ပုသိမ်မြို့၌ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

 ရဲနောင် | 7 Day Daily
Previous
Next Post »
Powered by Blogger.