ရေနဂါးအထီးတွေ ဘာကြောင့် ကိုယ်ဝန်ဆောင်ရသလဲ?

 ရေနဂါးကို ဘယ်သူမဆို တွေ့မြင်ဖူးကြ ပေမဲ့ သူတို့မှာ ထူးထူးခြားခြား အချက်ကလေးရှိတာ သိချင်မှ သိကြမှာပါ။ အဲ့ဒါကတော့ သဘာဝနဲ့ ဆန့်ကျင်ဘက် အရတစ်ခုပါ။

ရေဂါးတွေဟာ သဘာဝအလျှောက် အထီးအမ မိတ်လိုက်ကြတယ်ဆိုပေမဲ့ မိတ်လိုက်ပြီး အမတွေက ဥလာတဲ့ ဥတွေကို အထီးတွေက အ ကောင်းပြန် မပေါက်မချင်း သူတို့ ဝမ်းဗိုက်တွေထဲမှာ ပြန်ထည့်ပြီး ကိုယ်ဝန်ဆောင်ကြတာပါ သူတို့ရဲ့ သဘောသဘာဝ အရ မထူးဆန်းပေမဲ့ အထီးက အမလိုကိုယ် ဝန်ဆောင် ပြီး သား ဖေါက်ရတယ် ဆိုတော့ မြင်သူ ကြားရသူဖို့အတွက် စဉ်းစားစရာပါ။

အမတွေက ဘာကြောင့် သူတို့ဥတွေကို သူတို့ကိုယ်တိုင် ကိုယ်ဝန်မဆောင်ပဲ နေတာလဲဆိုတာပါ။ စွယ်စုံကျမ်းတစ်ခု မှာတော့ မတွေဟာ သူတို့ရဲ့ ဥတွေနဲ့ သားပေါက်တွေကို ပြန်ပြီး တိုက်ခိုက် စားသောက် တတ် လို့ အထီးတွေက ကာကွယ်တဲ့ အနေနဲ့ အခုလို မျိုးပွားနိုင်ဖို့ ထိန်းသိမ်း စောင့် ရှောက်တာ ဖြစ်တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။ ဒီလို ကာကွယ်တဲ့အခါမှာ ဥတွေကို ဗိုက်ထဲ ထည့်ပြီး ကိုယ်ဝန်ဆောင်ပေးတာ တစ်ခုထဲမဟုတ်ပဲ သားပေါက်ပြီး သားပေါက် လေးတွေကြီးလာတဲ့အထိ စောင့်ရှောက်တာ ဖြစ်တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

Previous
Next Post »
Powered by Blogger.