တက္ကသိုလ်များတွင် လွတ် လပ်စွာပညာသင်ကြားခွင့် ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့် စသည့်ကိစ္စရပ်များ သည်တက္ကသိုလ်ပညာရေး၏ အရေးကြီးသော အစိတ်အပိုင်းများဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြော သည်။
‘‘ကျောင်းသားယူနီယံ (သမဂ္ဂ)ဖွဲ့စည်းရေးကို ညှိနှိုင်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်’’ဟု ဦးသိန်းစိန် ကပြောသည်။
ယခုလ ၂၆ရက်တွင် ပြုလုပ် သောနိုင်ငံတော်သမ္မတနှင့် နိုင်ငံ ရေးပါတီများတွေ့ဆုံပွဲတွင် ယင်းကဲ့သို့ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ် ပြီးကန့်ကွက်မှုများရှိနေသည့် အ မျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍လည်း
တွေ့ဆုံမှုများ ဆောင်ရွက်သွားရမည် ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက်သော အ မျိုးသားပညာရေးဥပဒေနှင့်ပတ် သက်၍ အငြင်းပွားမှုများ၊ သဘော မတူမှုများရှိနေသည်ကို မိမိအနေ ဖြင့် ကြားသိနေရပြီး ပြုပြင်ဖြည့် စွက်လိုသည့် အချက်များရှိပါက ဥပဒေနည်းလမ်းအတိုင်းဆောင် ရွက်ရန်လိုကြောင်းလည်း ၎င်းက ပြောသည်။
‘‘ဥပဒေနည်းလမ်းအတိုင်း ပြင်ဆင်ဖြည့်စွက်ဖို့အတွက် ဆွေး နွေးပွဲတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့လို
ပါတယ်’’ဟု သမ္မတကပြောသည်။
အဆိုပါဥပဒေနှင့်ပတ်သက် ၍ သပိတ်မှောက်ကန့်ကွက်မှုများ ရှိနေပြီး ရက်ပေါင်း ၆၀အတွင်း တာဝန်ရှိသူ များက တွေ့ဆုံဆွေး နွေးရန်တောင်းဆိုထားသည်။
အမျိုးသားပညာရေးဥပဒေ ရေးဆွဲစဉ် ကာလတွင် မိမိတို့ အနေဖြင့် သက်ဆိုင်ရာအဖွဲ့အ စည်းများနှင့်အ ကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော် လည်း ဥပဒေအဖြစ်အတည်ပြု ထွက်ပေါ်လာချိန်တွင် လို အပ် ချက်များ ရှိနေဆဲဖြစ်ကြောင်း မြန် မာနိုင်ငံပညာရေးစနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန် ရက်(NNER)၀င် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းကပြော သည်။
လက်ရှိအစိုးရ အတည်ပြု ထားသော အမျိုးသားပညာရေး ဥပဒေအပေါ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အ စည်းအဝေးမှ ထုတ်ပြန်လိုက် သော သဘောထားကြေညာချက် များ၌ အမျိုးသားပညာရေး ဥပဒေ တွင်ကျောင်းသားလွှတ်တော်တစ် ရပ်ဖြစ်သော ကျောင်းသားသမဂ္ဂ များ တည်ထောင်ဖွဲ့စည်းခွင့်ကို ထည့်သွင်းပြဋ္ဌာန်းထားမှုမရှိခြင်း သည် ကျောင်းသားထုအခွင့်အ ရေးကို ပစ်ပယ်ရာရောက်သည် ဟု ကျွန်ုပ် တို့သတ်မှတ်သည်ဆို သည့်အချက်တစ်ချက်ကို ထည့် သွင်းရေးသားထားသည်။
မင်းဟိန်းကျော် | 7day
Sign up here with your email
ConversionConversion EmoticonEmoticon