တမ္ပဝတီဆင်တဲကျောင်းတိုက်အ တွင်း သွန်းလောင်းခဲ့သည့် ကြေးချိန် ၁၁၁၁၁ ပိဿာရှိကြေးသွန်းခေါင်း လောင်းတော်ကြီးကို မေ ၂၆ ရက် တွင် မန္တလေးမှ ထားဝယ်သို့ မော် တော်ယာဉ်ဖြင့် သယ်ယူမည်ဖြစ် ကြောင်း သိရသည်။
''ထားဝယ်မြို့ရွှေတောင်စား စေတီတော်ကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည်နဲ့အဖွဲ့က မေ ၂၃ ရက်မှာ ထားဝယ်ကနေ မန္တလေး ရောက်မယ်။ ခေါင်းလောင်းတော် ကြီးသွန်းလောင်းတဲ့ တမ္ပဝတီရပ် ကြေးသွန်းလုပ်ငန်းက ဦးအောင်သန်း မော်က ခေါင်းလောင်းတော်ကြီးကို မေ ၂၅ ရက် မှာ လွှဲပြောင်းပေးအပ် မယ်''ဟု ထားဝယ်အသင်း(မန္တလေး) မှ အဖွဲ့ဝင်ဦးသိန်းနိုင်က ပြောသည်။
ခေါင်းလောင်းတော်ကြီးကို မေ ၁၆ ရက်ညနေ ၄နာရီတွင်စတင် ၍ မြေပေါ်သို့ ကရိန်းဖြင့် သယ်ယူ မှုမှာ ညနေ ၅ နာရီကျော်တွင် ပြီး စီးခဲ့သည်။ ခေါင်းလောင်းတော်ကြီး အတွင်းဘက်မှ မြေသားများနှင့် သံ ဒေါက်များဖြုတ်ခြင်း၊ အချောသပ် ခြင်းများဆက်လက်ဆောင်ရွက်နိုင် ရန် ဆင်တဲကျောင်းတိုက်ဝင်းအတွင်း မှာပင် လှဲချဆောင်ရွက်မည်ဖြစ်သည်။ ခေါင်းလောင်းတော်ကြီးအပြင်မျက် နှာတွင် စာကြောင်းရေ ၁ဝ ကြောင်း ပါကမ္ပည်းမော်ကွန်းရေးထိုးစေမည် ဖြစ်သည်။
''ခေါင်းလောင်းတော်ကြီးလွှဲ ပြောင်းပေးအပ်တဲ့နေ့မှာ ထားဝယ်မြို့ရွှေ တောင်စားစေတီတော်ကြီးဂေါပက အဖွဲ့ရဲ့ ဦးဆောင်စီစဉ်မှုနဲ့ နိဗ္ဗာန် ဈေးပွဲတော်ခင်းကျင်းပြီး ထားဝယ် မင်းဟင်းခါး၊ ထားဝယ်လက်သုပ်၊ မုန့် လုံးရေပေါ်နဲ့ ရွှေရင်အေးများ လှူ ဒါန်းကျွေးမွေးမယ်''ဟု ဦးသိန်းနိုင် က ထပ်မံပြောသည်။
ထားဝယ်မြို့သို့ မေ ၂၆ ရက် နံနက်ပိုင်းတွင် သယ်ယူနိုင်ရန် စီ စဉ်ထားပြီး မန္တလေး-ထားဝယ်ခရီး လမ်းတစ်လျှောက်နေပြည်သူများ ပူဇော်နိုင်ရန် မော်တော်ယာဉ်ကို ဖြည်းဖြည်းချင်းသာမောင်းနှင်မည် ဖြစ်သဖြင့် မေလမကုန်မီ ထားဝယ် မြို့သို့ရောက်ရှိမည်ဖြစ်ကြောင်း၊ အ ဆိုပါခေါင်းလောင်းတော်ကြီးအတွက် ကြေးများကိုတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်အပါအဝင် အလှူရှင် များ၏ လှူဒါန်းမှုဖြင့် ကြေးချိန် ၁၁၁၁၁ ပိဿာရှိခေါင်းလောင်း ကြီးအဖြစ် သွန်းလောင်းခြင်းဖြစ်ရာ ခေါင်းလောင်းတော်ကြီး၏ ဘွဲ့အမည် ကို မဟာဝိဇယခေမသီတလနိဗ္ဗုတ ယောသကြေးခေါင်းလောင်းတော် ကြီးဟု ကမ္ပည်းရေးထိုးထားကြောင်း သိရသည်။
DW - ဒီမိုကရေစီတူဒေး
Sign up here with your email
ConversionConversion EmoticonEmoticon