စင်ကာပူရောက် မြန်မာဘောလုံးပရိသတ်၏အမူအကျင့်ကောင်းများကို The Straits Times သတင်းစာ ချီးကျူးဖော်ပြ


AFF ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲတွင် မြန်မာ ပရိသတ်များ၏ ကောင်းမွန်သော လုပ်ဆောင်မှုနှင့် ပတ် သက်၍ စင်ကာပူအခြေစိုက် The Straits Times သတင်းစာက အဆင့် အတန်းရှိသည့် အမူအကျင့် တစ်ခု အဖြစ် ချီးကျူးရေးသား ဖော်ပြခဲ့သည်။

မြန်မာအသင်းသည် နိုဝင် ဘာ ၂၆ ရက် ညက အုပ်စုပွဲစဉ် အဖြစ်ယှဉ်ပြိုင်ရာတွင် အိမ်ရှင် စင်ကာပူကို ၄-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။

မြန်မာ ပရိသတ်များသည် ပွဲစဉ်တစ်လျှောက်လုံး လက်ရွေး စင်အသင်းကို အားပေးခဲ့ကြပြီး နောက် ပွဲအပြီး တွင် မိမိတို့၏ နေ ရာမှ အမှိုက်များကို စည်းကမ်း ရှိရှိ ပြန်လည်သိမ်းယူ လုပ်အား ပေးခဲ့ကြသည်။

မလေးရှားနှင့် ဂိုးမရှိ သရေ ကျသည့် အုပ်စု အဖွင့်ပွဲစဉ် အပြီးတွင် မြန်မာပရိသတ်များက အမှိုက်များကို စုဆောင်းသိမ်းယူသွားကြသော်လည်း မိမိအားပေးသည့်အသင်း ရှုံးနိမ့်သဖြင့် စိတ်ပျက်နေချိန်တွင်ပင် စည်းကမ်း ကောင်းမွန်သော လုပ်ဆောင်မှုကို ထပ်မံပြသနိုင်ခဲ့သည့်အတွက် The Straits Times က Class acts: Myanmar fans clean up National Stadium after AFF Suzuki Cup loss to Singapore ဆို
သော ခေါင်းစဉ် ဖြင့် သတင်းဖော်ပြခဲ့သည်။

စင်ကာပူ အမျိုးသားအား ကစားရုံကြီး၏ ပွဲကြည့်စင်ရှိ အ မှိုက်များကို စုဆောင်းသိမ်းယူ နေသည့် မြန်မာပရိ သတ်များ၏ ဓာတ်ပုံများ Social Media များ တွင် ပျံ့နှံ့ခဲ့ပြီးနောက် စင်ကာပူ ပရိ သတ်များ ကိုယ်တိုင်က ချီးကျူး ခဲ့ရသည်။

ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင် ပွဲအတွင်း ဂျပန်ဘောလုံးပရိ သတ် များက လက်ရွေးစင်အသင်းကို အားပေး ပြီးချိန်၌ မိမိတို့၏ အမှိုက် များ ပြန်လည်ရှင်းလင်းခြင်းဖြင့် နိုင်ငံကြီးသား ပီသမှုကို ပြသ ခဲ့သလို စင်ကာပူ
ရောက် မြန်မာ ပရိသတ်များကလည်း ထပ်တူ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

The Straits Times က မြန်မာ ပရိသတ်များသည် အသင်းကို နှစ် နှစ်ကာကာ စူးစူးစိုက်စိုက်အား ပေးခဲ့သ လို ၎င်းတို့၏ ယဉ်ကျေး သိမ်မွေ့သည့် အဆင့်အတန်းကို ပါ ပြသနိုင်ခဲ့ကြောင်း ရေးသားခဲ့သည်။

ပွဲကြည့်စင်ရှိ အမှိုက်များကို လိုက်လံသိမ်းဆည်းရာတွင် စင် ကာပူရောက် မြန်မာများ ဖွဲ့စည်း ထားသည့် Green and Clean အဖွဲ့က ဦးဆောင်စည်းရုံးကာ မြန်မာပရိသတ် အများအပြား လည်း ပါဝင်လုပ်အားပေး ကူညီခဲ့ ကြောင်း သိရသည်။

7day

Previous
Next Post »
Powered by Blogger.