မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းကို လုပ်ကြံပုံကို ဟာသနှော ရိုက်ကူးထားသည့် ဇာတ်ကား ကို Sony Pictures က ရုံတင်ပြသခဲ့သလို အွန်လိုင်းမှ တစ်ဆင့်လည်း ဖြန့်ချိခဲ့သည်။ မြောက်ကိုရီးယားက ယင်းလုပ်ရပ်သည် အမေရိကန်၏ လွန်လွန်ကဲကဲ စည်းကမ်းမဲ့မှု တစ်ရပ်ဟု ဝေဖန်ခဲ့သလို အမေရိကန် သမ္မတ ဘားရတ် အိုဘားမားသည် အဓိက လက်သည် တရားခံဖြစ်ကြောင်း ပြစ်တင်ပြောဆိုခဲ့သည်။
မြောက်ကိုရီးယား Hacker များထံမှဟု ယူဆရသည့် ဆိုက်ဘာ တိုက်ခိုက်မှုများ ကြုံခဲ့သည့်နောက် Sony Pictures သည် အဆိုပါ ဇာတ်ကားကို ရုံတင်ပြသခြင်း မပြုတော့ရန် ဆုံးဖြတ်ခဲ့သော်လည်း အိုဘားမား၏ တိုက်တွန်းမှုကြောင့် မူလအတိုင်း ရုံတင်ဖြစ်ခဲ့သည်။ အဆိုပါ ဇာတ်ကားသည် အငြင်းပွားဖွယ် အခြေအနေ များ ဖြစ်ပေါ်စေခဲ့ခြင်းကြောင့် ကမ္ဘာတလွှားတွင် လူအများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြသည်။
မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက “တကယ်လို့ Sony Pictures ကို Hacker တွေ တိုက် ခိုက်ခဲ့တာဟာ မြောက်ကိုရီးယားရဲ့ လက်ချက်လို့ အမေရိကန်က ယူဆရင် အမှန်တကယ် ခိုင်မာတဲ့ သက်သေမျိုး ပြဖို့ လိုပါတယ်”ဟု ဖော်ပြခဲ့သည်။
Sony Pictures ၏ IT System များကို Guardians of Peace ဟု အမည်ပေးထားသည့် Hacker အဖွဲ့တစ် ခုက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းသည် မြောက်ကိုရီးယား၏ လက်ချက်ဖြစ်ကြောင်း အမေရိကန် အစိုးရက စွပ်စွဲ အပြစ်တင်ထားသည်။
7day
Sign up here with your email
ConversionConversion EmoticonEmoticon