မိုဘိုင်းကွန်ရက်များမှတဆင့် text message ပေးပို့သည့် စိတ်ကူးကို အကောင်အထည်ဖော်ခဲ့ပြီးနောက် SMS ၏ ဖခင်ဟု လူသိများခဲ့သော မက်တီမက်ကွန်နန်သည် အသက် ၆၃ နှစ်အရွယ်တွင် အဖျားရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
Wired ၏ အဆိုအရ ဖင်လန်နိုင်ငံသား မက်ကွန်နန်သည် ၁၉၈၄ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် ကျင်းပပြုလုပ်သော ဆက်သွယ်ရေးကွန်ဖရင့်စ် တစ်ခု၌ ညစာစားနေရင်း text message ပေးပို့သည့် စိတ်ကူးကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်း၏ တီထွင်မှုသည် ကမ္ဘာတစ်ဝန်းရှိ ဆက်သွယ်မှုအတွက် အဓိကနည်းလမ်းတစ်ရပ် ဖြစ်လာခဲ့သည်။ အဆိုပါ နည်းလမ်းသည် ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများက အများနှင့်သက်ဆိုင်သော နေရာများတွင် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို အပြန်အလှန်ပြောကြားစေနိုင်ခဲ့သည်။ ၎င်းနည်းလမ်းသာ မရှိခဲ့ပါက Twitter ဆိုသည်မှာ ပေါ်ပေါက်လာနိုင်ဖွယ် မရှိသလို SMS အသုံးပြုနိုင်သော အခြား app များကိုလည်း မြင်တွေ့ရဖွယ်မရှိပေ။
သို့သော်လည်း မက်ကွန်နန်သည် SMS ၏ ဖခင်ဟူသော အမည်ကို ခံယူခဲ့ခြင်း မရှိဘဲ SMS ကို လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။ ၎င်းသည် သူ၏ စိတ်ကူးအကြံဉာဏ်ကို မူပိုင်ခွင့်တင်ထားခဲ့ခြင်း မရှိပေ။
မက်ကွန်နန်သည် Nokia Networks နှင့် Tele Finland စသော ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ခဲ့သလို Finnet Oy ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ၂၀၀၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ တာဝန်ယူခဲ့သည်။
Internet Journal
Sign up here with your email
ConversionConversion EmoticonEmoticon